Connect with us

Local

Myanmar Tradenet 2.0 စနစ်အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်မှစ၍ အဆင့်လိုက်အသုံးပြုသွားမည်ဟုဆို

မြန်မာ-တရုတ် နှစ်နိုင်ငံ မူဆယ် နယ်စပ်ဂိတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျှောက်တွင် ကုန်သွယ်မှု ဆက်စပ်ဌာနများကြား တူညီသည့်အချက်များအား Single Entry အဖြစ်ဆောင်ရွက်နိုင်စေရန် ကုန်သွယ်မှုလုပ်ငန်းများအတွက် ထောက်ခံချက်ပေးသည့် လုပ်ငန်းများ အပါအဝင် လိုင်စင်နစ်နှင့် ဆက်စပ်လုပ်ငန်းများအား အွန်လိုင်းအသုံးပြုဆောင်ရွက်နိုင်မည့် Myanmar Tradenet 2.0 စနစ်အား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၁ရက်မှစ၍ အဆင့်လိုက်အသုံးပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာမှ ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းက “Myanmar Tradenet 2.0 က  ကုန်သွယ်မှုဆိုင်ရာ  လုပ်ငန်းစဉ်များအားလုံး က ရုံးဌာနတွေကို လာရောက်ဖို့မလိုဘဲ အွန်လိုင်း ပေါ်ကပဲ အပြည့်အဝ အသုံးပြုဆောင်ရွက်နိုင်မှာပါ။ နောက်ပြီး Single Registration Number အသုံးပြုနိုင်မယ်။ National Single Window အထောက် အကူပြုစနစ်တစ်ခုလည်းဖြစ်တယ်။  လိုင်စင်လုပ်ငန်းတွေအပြင် ကုန်သွယ်မှု ဆက်စပ်ဆောင်ရွက်ရတဲ့လုပ်ငန်း ဌာနများ (OGAs)မှ မိမိတို့လုပ်ငန်းစဉ်များအား မူလအတိုင်းဆောင်ရွက်၍ ပါဝင်ဆောင်ရွက်နိုင်မှာပါ။ ငွေပေးချေမှုလုပ်ငန်များ၊ အီလက်ထရွန်နစ် အချက်အလက်ချိတ်ဆက်တဲ့လုပ်ငန်းများ ပါဝင်တဲ့စနစ်ဖြစ်စေဖို့ ရည်ရွယ်ဆောင်ရွက်ထားသည့် စနစ်တစ်ခုဖြစ်ပါတယ်’’ ဟု ရှင်းပြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ပြည့်နှစ်၊ နိုင်ဝင်ဘာ ၁ ရက်မှစ၍ Myanmar Tradenet Member လျှောက်ထားခြင်းကို၎င်း၊ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၁၆ရက် မှစ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် ဆက်စပ်မှတ်ပုံတင် လျှောက်ထားခြင်းကို၎င်း သတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း အဆင့်လိုက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကုန်သွယ်မှုလုပ်ငန်းများအား ဆောင်ရွက်မည့်သူများအနေဖြင့် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၁ ရက်မှစ၍ Myanmar Tradenet 2.0 စနစ်ပြောင်းလဲဆောင်ရွက်သည့်အခြေအနေများအတိုင်း လိုက်ပါဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.