ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ယခု ၂၀၁၆ ခုနှစ် အတွက် မော်တော်ယာဉ်များ တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ခြင်း အား ယနေ့ဇန်နဝါရီ ၇ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ အများပြည်သူ အကျိုးငှာ ပြင်ဆင်ဖြေလျှော့ရန်ဆုံးဖြတ်ခဲ့ပြီး...
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းသည် အရှုံးပေါ်သဖြင့် လုပ်ကိုင်ခွင့်ရ Asia World ကုမ္ပဏီမှ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို နိုင်ငံတော်သို့ ပြန်လည် လွှဲပေးမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ၂၀၁၆ အတွက် ကားတင်သွင်းရန် သတ်မှတ်ထားသည့် မူဝါဒနှင့် ပြည်ထောင်စု ဝန်ကြီးထံမှ တစ်ဆင့် နိုင်ငံတော် သမ္မတထံ တင်ပြရာ သမ္မတက လက်ရှိ အစိုးရ သက်တမ်း လက်ကျန် ကာလအတွင်း ပြည်သူများ ဝန်ထုပ် ဝန်ပိုး မဖြစ်စေရန်...
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ၂၀၁၆ အတွက် ကားတင်သွင်းရန် သတ်မှတ်ထားသည့် မူဝါဒများကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဘက်မှ ပြန်လည် ဖြေလျှော့ပေးမည် ဖြစ်ကြောင်း ကားတင်သွင်း ရောင်းချသူများ ထံမှ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် လျှပ်စစ်ရထား (TRAM) ကို ဇန်နဝါရီ ၁ဝ ရက်တွင် စတင်ပြေးဆွဲတော့ မည်ဖြစ်ပြီး ဝါးတန်း ဘူတာမှ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၃ နာရီ ၁၅ မိနစ်ထိ...
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ရွှေ အရောင်းအဝယ် ပြုလုပ်ရာတွင် အရောင်းအဝယ် မှားရာမှ ဖြစ်ပေါ်နိုင်သည့် မှုခင်းများ အကြောင်းကို ပြည်ထဲရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းတို့ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ...
ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ပြည်ပသို့ ရော်ဘာတင်ပို့မှု ကဏ္ဍတွင် နိုင်ငံတကာ ဈေးကွက် အနေအထားအရ မြန်မာနိုင်ငံမှ တင်ပို့သော ရော်ဘာ တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၉ဝဝ ကျော် သာရရှိသည်ဟု မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုး ထုတ်လုပ် သူများ အသင်းမှ သိရသည်။
ရန်ကုန်၊ဇန်နဝါရီ၃ရက်(ဆင်ဟွာ) အသေးစား နှင့် အလတ်စားလုပ်ငန်းများ ဖွံံ့ဖြိုးတိုးတက်စေရန် ချေးငွေလျှောက်ထားမှုလွယ်ကူစေရန် ချေးငွေကော်မတီမှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပြုရေး အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ရုံးချုပ်)သို့လျှောက်ထားရာတွင် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပေးမည့် ဝင်ငွေခွန် ပေးဆောင်ပြီးကြောင်း အထောက်အထား ပူးတွဲတင်ပြရန် လိုအပ်သော မော်တော်ယာဉ် တင်သွင်းခြင်းများအား အသိပေး ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရားမဝင် ကုန်သွယ်ရေး တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီအား ဖျက်သိမ်းလိုက်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာကို ယနေ့ အတည်ပြု ပြောကြားသည်။