Connect with us

Local

ပြည်တွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများ ရောက်ရှိတည်းခိုနေထိုင်ရာ၌ သတင်းပို့တိုင်ကြားမှု လွယ်ကူစွာ ဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၄ ရက်(ဆင်ဟွာ)

ပြည်တွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများ ရောက်ရှိ တည်းခိုနေထိုင်ရာ၌ သတင်းပို့တိုင်ကြားမှု (Form C) နှင့် ပတ်သက်၍လည်း လွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် Online/ Fax/ Phone တို့ဖြင့် သတင်း ပို့နိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိ အခြေအနေတွင် နိုင်ငံတော် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် ပြည်တွင်းသို့ နိုင်ငံခြားသား ဝင်/ထွက်သွားလာနေထိုင်မှု တစ်နေ့ တစ်ခြား များပြားလာရာ နိုင်ငံခြားသားများ သတ်မှတ် ဗီဇာ အမျိုးအစား အလိုက် အဆင်ပြေလွယ်ကူစွာ ဝင်/ထွက် သွားလာ နေထိုင် နိုင်စေရေးအတွက် ဥပဒေ စည်းမျဉ်း စည်းကမ်း များအား တိကျစွာ သတ်မှတ်ပေးရန် ပိုမို အရေးကြီး လာသည်ကို တွေ့ရှိရကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့သည်။

နိုင်ငံခြားသား ဝင်/ထွက် သွားလာမှုများအတွက် ပြည်ဝင်ဗီဇာများ စနစ်တကျ ခွင့်ပြု ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံ ပြည်ဝင် ဗီဇာ စနစ် (Visa Policy In Myanmar) ကို ၂၀၁၂ ခုနှစ် တွင် ရေးဆွဲဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားသားများ ဝင်/ထွက် သွားလာနေထိုင်ခြင်းများအား ခေတ်ကာလနှင့်ကိုက်ညီပြီး ဥပဒေနှင့်အညီ စနစ်တကျဖြစ်စေရန် ပြင်ဆင်သင့်သည်များကိုစဉ်ဆက်မပြတ် စိစစ်ဖြေလျှော့ ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းမှ မြန်မာနိုင်ငံသို့ လာရောက်လိုသူများ အင်တာနက်၊ အွန်လိုင်းမှ ဗီဇာ လျှောက်ထား နိုင်ရန် e-Visa စနစ်ကိုလည်း ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ဖြင့် နိုင်ငံပေါင်း (၁၀၀)၊ လုပ်ငန်းဗီဇာ (Business Visa) ဖြင့် နိုင်ငံပေါင်း (၅၁) နိုင်ငံ တို့အား ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့နှင့် အပြည်ပြည် ဆိုင်ရာနယ်စပ် ဝင်/ထွက်ပေါက် (၃)ခု ဖြစ်သော တာချီလိတ်၊ မြဝတီ၊ ကော့သောင်းတို့တွင် ခွင့်ပြု ပေးလျက် ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ် နေသော တရုတ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း အိမ်နီးချင်း(၅)နိုင်ငံ အနက် အိန္ဒိယနိုင်ငံမှလွဲ၍ ကျန်(၄)နိုင်ငံနှင့် နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ် များချုပ်ဆိုခဲ့ပြီး နယ်စပ်ဝင်/ထွက်ဂိတ်များသတ်မှတ်ကာ နှစ်နိုင်ငံသားများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များဖြင့် ဖြတ်သန်းသွားလာ ခွင့်ပြုလျက်ရှိကြောင်း၊ ထို့အပြင် တတိယနိုင်ငံသား၊ နိုင်ငံခြားသားများ နိုင်ငံကူးလက်မှတ် ပြည်ဝင် ဗီဇာ ဖြင့် လာရောက်သူများအား အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်မဟုတ်ပါက နိုင်ငံတော် သမ္မတရုံး၏ခွင့်ပြုချက်ဖြင့် ဝင်/ထွက်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.