Connect with us

Local

ငြိမ်းချမ်းရေး အတွက် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးပွဲ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် ကျင်းပမည်

ရန်ကုန်မြို့ ၌ ဧပြီလ အတွင်း ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး အတွက် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးပွဲအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၁ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့များ၌် ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးပွဲကို မေ ၁၃ ရက် နှင့် ၁၄ ရက်များတွင် အသီးသီး ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ထံမှ သိရသည်။

ပြည်တွင်း ငြိမ်းချမ်းရေး နှင့် မြန်မာ့ လူအဖွဲ့အစည်းများ အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး အတွက် စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ပါဝင် လုပ်ဆောင် နိုင်သည် များကို ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် နှင့်အတူ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း နှင့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများကို တက်ရောက်ရန် ဖိတ်ခေါ်ထားပြီး ငြိမ်းချမ်းရေး အတွက် လက်တွဲ ဆောင်ရွက် နိုင်ရန် ပြည်နယ် ကုန်သည် စက်မှု အသင်း အသီးသီးနှင့် ဒေါက်တာအောင်ထွန်းသက် တို့ စာချွန်လွှာ ရေးထိုးကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.