Connect with us

Local

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ဖေဖော်ဝါရီလ အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၃၉၀.၉၉၄ သန်း တင်ပို့နိုင်ခဲ့

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ဖေဖော်ဝါရီလ အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၃၉၀.၉၉၄ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၀၅.၇၉၈ သန်း ကုန်သွယ်မှု ပြုနိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၆ ခုဖြင့် ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပြီး မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း၂၈၉.၀၈၅သန်း၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်းဝ.၇၉သန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၄.၅၆၅ သန်း၊ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း၆.၅၃၀သန်း၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁.၂၂၁ သန်း၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း၅.၈၃၁ သန်း၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း၁၀.၁၄၁ သန်း၊ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း၁၂.၈၀၆ သန်း၊ နဘုလယ်/ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်းဝ.၃၉၇ သန်း၊ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ဝ.၂၉၂ သန်း၊ မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ဝ.၀၉ သန်း၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်းဝ.၃၉၁ သန်း၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ သန်းပေါင်း ဝ.၆၄၁သန်း၊ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ သန်းပေါင်း ၁.၅၃၆ သန်း၊ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂.၁၁ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း၉၃.၃၇၄သန်း၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တန်ဖိုးအမေရိကန်ဒေါ်လာ သန်းပေါင်းဝ.၇၉၇သန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တန်ဖိုးအမေရိကန်ဒေါ်လာ သန်းပေါင်း ၄.၅၆၅ သန်း၊ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန် တန်ဖိုးအမေရိကန်ဒေါ်လာ သန်းပေါင်း၂.၄၂၆သန်း၊ ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေး စခန်းမှ သွင်းကုန်တန်ဖိုး ဝ.၀၄၉သန်း၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တန်ဖိုးအမေရိကန်ဒေါ်လာ သန်းပေါင်း ၆.၉၂၂သန်း၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန် တန်ဖိုးအမေရိကန်ဒေါ်လာ သန်းပေါင်း၈၃.၁၇၇ သန်း၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း၆.၂၀၁ သန်း၊ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း၆.၁၁၇သန်း၊ နဘုလယ်/ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန် တန်ဖိုးအမေရိကန်ဒေါ်လာ သန်းပေါင်းဝ.၁၂၄သန်း၊ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ဝ.၀၇၀ သန်း၊ မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ဝ.၀၂၀ သန်း၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်းဝ.၀၀၂သန်း၊ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန် တန်ဖိုးအမေရိကန်ဒေါ်လာ သန်းပေါင်း ဝ.၀၄၆ သန်း၊ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁.၉၀၈သန်း တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.