Connect with us

Stock Market

တရုတ် စတော့ရှယ်ယာ ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာ

စတော့ရှယ်ယာ ဈေးတက်၍ ဝမ်းမြောက် နေသော လုပ်ငန်းရှင်တစ်ဦး (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ စတော့ဈေးကွက် သည် လွန်ခဲ့သော ရက်များ နှင့် နှိုင်းယှဉ်လျှင် ပြန်လည် ကောင်းမွန်လာပြီး သောကြာနေ့ တွင် ရှန်ဟိုင်း ဈေးကွက် ညွှန်းကိန်း သည် ၄.၈၂ ရာခိုင်နှုန်း မြင့်တက် လာပြီး ၃၂၃၂.၃၅ မှတ်ဖြင့် ဈေးကွက် ပိတ်သိမ်း ခဲ့သည်။

ရှန်ဇန်း ဈေးကွက် ညွှန်းကိန်း မှာတော့ ၅.၃၂ ရာခိုင်နှုန်း တိုးမြင့် လာ၍ အပိတ်ဈေး မှာတော့ ၁၀၈၀၀ မှတ် ရှိ ခဲ့ပါသည်။ ChiNext ညွှန်းကိန်း တွင် ၆.၂၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး အမှတ် ၂၀၈၂.၁၂ ဖြင့် ဈေးပိတ်ခဲ့သည်။

ပြီးခဲ့သော ရက်သတ္တပတ် အတွင်း တရုတ် စတော့ရှယ်ယာ ဈေးနှုန်းများ ကျဆင်းမှု ကြောင့် ၎င်းနှင့် ဆက်စပ် နေသော နိုင်ငံတကာ မှ စတော့ရှယ်ယာများ ကျဆင်းခဲ့သော်လည်း တရုတ်နိုင်ငံ ဗဟိုဘဏ် ကြားဝင်ပေးမှုကြောင့် စတော့ဈေးကွက် များ ပြန်လည် ကောင်းမွန်လာခဲ့သည်။

အမေရိကန် နှင့် ဖိလစ်ပိုင်နိုင်ငံ များမှ စတော့ရှယ်ယာ ဈေးနှုန်းများ လည်း သောကြာနေ့ တွင် ဈေးပြန်တက်လာခဲ့သည်။ဖိလစ်ပိုင် စတော့ရှယ်ယာ ဈေးကွက် မှာတော့ သောကြာနေ့ ဈေးကွက် ပိတ်ချိန် တွင် ၁.၀၉ ရာခိုင်နှုန်း ဈေးတက် လာခဲ့သည်။ စုစုပေါင်း ပမာဏ ပီဆို ၁၁.၂၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄၁.၀၉ မီလီယံ) ဖိုး ရှိသော ရှယ်ယာပေါင်း ၁.၄၇ ဘီလီယံ အရောင်းအဝယ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဗဟိုဘဏ် က နှစ်စဉ် စုငွေ/ချေးငွေ အတိုးနှုန်းများ အား လျှော့ချ လိုက်သလို သီးသန့် လိုအပ်ချက် အချိုးများ (reserve requirement ratio-RRR) လည်း လျှော့ချ လိုက်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.