Connect with us

Stock Market

မြန်မာနိုင်ငံတွင် အများပိုင်ကုမ္ပဏီ ၁၅၆ ခုအထိ တိုးလာ ဟုဆို

ရန်ကုန် စတော့အိတ်ချိန်း စတင် မိတ်ဆက်ခြင်း အခမ်းအနား (ဓာတ်ပုံ- ရန်ကုန်စတော့အိတ်ချိန်း)

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ရန်ကုန်စတော့ အိတ်ချိန်းသို့ ဝင်ရောက်ရန် အများပိုင် ကုမ္ပဏီများ တိုးပွားလျက် ရှိကာ ယခုနှစ်တွင် အများပိုင် ကုမ္ပဏီ ၁၅၆ ခုအထိ တိုးတက်လာကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အများပိုင် ကုမ္ပဏီများ သည် ၂၀၁၁ ခုနှစ် မတိုင်မီက ၂၁ ခုသာ ရှိခဲ့ရာမှ ပြီးခဲ့သည့် နှစ်တွင် ၁၃၅ ခုအထိ များပြားလာပြီး ၊ ယခုနှစ်တွင်တော့ အများပိုင် ကုမ္ပဏီ ၁၅၆ ခုအထိ တိုးပွား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတာဝန်ရှိသူက “ရန်ကုန် စတော့ အိတ်ချိန်းမှာ ပြည်တွင်း အများပိုင် ကုမ္ပဏီ တွေကိုပဲ စာရင်းဝင်ခွင့် ပြုမှာ ဖြစ်တယ်။ နောက်ပိုင်းမှာတော့ အစိုးရပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ နိုင်ငံခြား ဖက်စပ် ကုမ္ပဏီများကိုလည်း အဆင့်ဆင့် ခွင့်ပြုသွားဖို့ အစီအစဉ်ရှိတယ်” ဟု ဆက်ပြောသည်။

လက်ရှိတွင် ရန်ကုန် စတော့အိတ်ချိန်း သို့ဝင်ရောက်ရန် အများပိုင် ကုမ္ပဏီ ဖွဲ့စည်းလိုသူများ အနေဖြင့် ကုမ္ပဏီ၏ ရှေ့လမ်းစဉ် ရေးသား ထုတ်ပြန်ပြီးပါက SECM (Security and Exchange Commission of Myanmar) သို့ ဦးစွာ တင်ပြ ရမည် ဖြစ်ကြောင်း၊ ၎င်းတို့အတည် ပြုပြီးမှသာ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ ခွင့်ပြုချက်ကို စိစစ် ပေးမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းမှ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရန်ကုန် စတော့ အိတ်ချိန်းကို သေချာ စိစစ် ဆောင်ရွက်မည် ဖြစ်သည့်အတွက် စတင်ချိန်တွင် ကုမ္ပဏီလေးခု၊ ငါးခုဖြင့်သာ စတင်နိုင်မည် ဖြစ်ကြောင်း၊ ရန်ကုန် စတော့ အိတ်ချိန်း စတင် ဖွင့်လှစ်ပါက နံနက် ၉ နာရီခွဲတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ နံနက် ၁၁ နာရီတွင် တစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီတွင် တစ်ကြိမ် ရှယ်ယာ အရောင်းအဝယ် အမှာများကို Matching ပြုလုပ်ပေးမည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။ ရန်ကုန် စတော့ အိတ်ချိန်းသည် မြန်မာ နိုင်ငံ၌ ပထမဆုံး လုပ်ကိုင်မည့် စတော့ ရှယ်ယာ ဈေးကွက် ဖြစ်သည်။ (Xinhua)