Connect with us

Economy

တရုတ် နိုင်ငံတော် ဗဟိုဘဏ်မှ တရုတ် ငွေကြေး အာမခံ စတော့ရှယ်ယာ ကုမ္ပဏီအား အလုံးစုံ ဖြည့်စွက် ချေးငွေ ထောက်ပံ့

တရုတ်နိုင်ငံရှိ စတော့ဈေးနှုန်းများကို ပြသထားစဉ် ( ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတော် ဗဟိုဘဏ်မှ တရုတ် နိုင်ငံ ငွေကြေး အာမခံ စတော့ရှယ်ယာ ကုမ္ပဏီ၏ လိုအပ်ချက်အရ အလုံးစုံ ဖြည့်စွက် ချေးငွေများ ထောက်ပံ့သွား မည်ဖြစ်သည်။ ထို့ပြင် ငွေကြေး အာမခံ စတော့ရှယ်ယာ ကုမ္ပဏီ၏ လိုအပ်ချက်အရ ဆက်လက်၍ နည်းလမ်း အမျိုးမျိုးဖြင့် လုပ်ငန်း လည်ပတ် နိုင်ရန် ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရှိရသည်။

တရုတ် ငွေကြေး အာမခံ စတော့ရှယ်ယာ ကုမ္ပဏီမှ ငွေကြေး အာမခံ စတော့ရှယ်ယာ ကုမ္ပဏီစုစုပေါင်း ၂၁ ခု အား ရှယ်ယာ ဈေးနှုန်းများ ပြန်လည် မြင့်တက် လာရန် ယုံကြည်မှု ချေးငွေ တရုတ် ယွမ်ငွေ ၂၆၀ ဘီလီယံ ထောက်ပံ့ လိုက်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံတော် ဗဟိုဘဏ် မှလည်း တရုတ် ငွေကြေး အာမခံ စတော့ရှယ်ယာ ကုမ္ပဏီအား ဘဏ်လုပ်ငန်း များကြား ကာလတို ချေးငွေ လုပ်ငန်း ပူးပေါင်းမှု ငွေတိုက်စာချုပ် စသော စာချုပ်များ ထုတ်ဝေရန် သဘောတူ လိုက်ကြောင်း သိရှိရသည်။

လုပ်ငန်းရှင် များမှလည်း ဘက်စုံ ပူးပေါင်းသည့် ပုံစံသည် ငွေးကြေး အာမခံ စတော့ရှယ်ယာ ကုမ္ပဏီ လုပ်ငန်း လည်ပတ်ရန် ထောက်ပံ့မှု ဖြစ်စေပြီး ဈေးကွက် တည်ငြိမ်မှု ရရှိရန်လည်း အထောက်အကူ ဖြစ်စေနိုင်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံတော် ဗဟိုဘဏ် ပြောရေးဆိုခွင့် ရှိသူမှ စတော့ရှယ်ယာ ဈေးကွက် တည်ငြိမ်မှု ရရှိရန် အတွက် တရုတ် ငွေကြေး အာမခံ စတော့ရှယ်ယာ ကုမ္ပဏီအား အလုံးစုံ ထောက်ပံ့မှု များပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ဘဏ်လုပ်ငန်းချင်း ကာလတို ညှိနှိုင်း ချေးငွေ ဆောင်ရွက်ခြင်း ၊ ငွေကြေး ချေးငွေစာချုပ်များ ထုတ်ဝေခြင်း ၊ ပူးပေါင်းခြင်း ၊ အပေါင်ထားရှိခြင်း ၊ ငှားရမ်းအသုံးပြုခြင်း နှင့် ချေးငွေ စသည့် ပုံစံ များဖြင့် လုပ်ငန်း လည်ပတ် နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)