Connect with us

Stock Market

တရုတ် စတော့ ဈေးကွက်၊ ထျန်းကျင်း ပေါက်ကွဲမှု အကြောင်း ကောလာဟလ ဖြန့်ဝေသူ ၁၉၇ ဦး ပြစ်ဒဏ်ချ

တရုတ် စတော့ ဈေးကွက် တစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့သည် စတော့ ဈေးကွက်၊ ထျန်းကျင်း ပေါက်ကွဲမှုနှင့် အခြားအဓိက ကျသော ဖြစ်ရပ်များနှင့် ပတ်သက်၍ အွန်လိုင်းမှ ကောလဟာလများ အား အထူးစုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ရာ စုစုပေါင်း လူ ၁၉၇ ဦး အပြစ်ပေး ခံခဲ့ရသည်။

ဥပဒေ ချိုးဖောက်မှုနှင့် ဆက်စပ်နေသော အွန်လိုင်း အကောင့်ပေါင်း ၁၆၅ ခုအား ပိတ်ထား ခဲ့သည်ဟု တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။ အပြစ်ပေး ခံရသူများသည် သူတို့ လုပ်ဆောင်မိသော အမှားများကြောင့် စတော့ဈေးကွက် နှင့် လူမှု အသိုင်းအဝိုင်းတွင် စိုးရိမ်မှုများနှင့် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဝန်ခံခဲ့ကြပြီး ထိုအမှားများ အတွက် နောင်တရကြောင်း ပြောကြားခဲ့ကြသည်။

ကြေညာချက်အရ အပြစ်ပေး ခံရသူများ ကျူးလွန်ခဲ့သော ကောလဟာလများတွင် “စတော့ ဈေးနှုန်းများ ထိုးကျမှုကြောင့် ပေကျင်းမြို့တွင် သေကြောင်း ကြံစည်ကြကြောင်း”၊ “ထျန်းကျင်း ပေါက်ကွဲမှုတွင် အနည်းဆုံး လူပေါင်း ၁,၃၀၀ သေဆုံးခဲ့ကြောင်း”နှင့် တရုတ်နိုင်ငံ၌ ကျင်းပရန်ရှိသော ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်း အမှတ်ပွဲ နှင့် ပတ်သက်၍ နိုင်ငံတော် အကြည်ညို ပျက်စေသော ကောလာဟလ အချို့ ပါဝင်ကြောင်း ဖော်ပြထား သည်။

ဝန်ကြီးဋ္ဌာန၏ ကြေညာချက်တွင် တရားဥပဒေ စိုးမိုးရေး အင်တာနက် ဥပဒေ ချိုးဖောက်သူများအား အရေးယူခြင်း ဥပဒေများကိုလည်း တင်းကျပ် သွားရန်ရှိသလို အင်တာနက် အော်ပရေတာများ ကိုလည်း ဆိုက်ဘာ စနစ်များကို ခိုင်မာအောင် စီမံခန့်ခွဲမှုများ လုပ်ဆောင်ရန် တိုက်တွန်းထား ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.