Connect with us

World

ပနားမား တူးမြောင်း ချဲ့ထွင်ခြင်းက တရုတ်-အမေရိကန် ကုန်သွယ်မှု တိုးမြင့် စေနိုင်

ပနားမား တူးမြောင်း အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပနားမားစီးတီး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ပနားမား တူးမြောင်း ချဲ့ထွင်ခြင်း စီမံကိန်းအား ၂၀၁၆ ခုနှစ်တွင် ပြီးဆုံးရန် မျှော်မှန်းထားပြီး တရုတ်နှင့် အမေရိကန် နိုင်ငံတို့ကြား ကုန်သွယ်မှုနှင့် တရုတ်နိုင်ငံ၏ ရေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအား မြှင့်တင် ပေးနိုင်မည်ဟု ကျွမ်းကျင်သူများက ဆင်ဟွာနှင့် တွေ့ဆုံ မေးမြန်းစဉ်က ပြောပါသည်။

ကီလိုမီတာ ၈၀ ရှည်သော ပနားမား တူးမြောင်းအား ၁၉၁၄ ခုနှစ်တွင် ဖွင့်လှစ် လည်ပတ်ခဲ့ပြီး ကမ္ဘာ့ တံတား တစ်စင်းအဖြစ် ပစိဖိတ် သမုဒ္ဒရာနှင့် အတ္တလန်တိတ် သမုဒ္ဒရာ နှစ်ခု နှင့် ချိတ်ဆက် ထားခြင်း ဖြစ်သည်။ လတ်တလော၌ ထိုတူးမြောင်းတွင် ကမ္ဘာ့ ကုန်သွယ်မှု ပမာဏ၏ ငါးရာခိုင်နှုန်း ခန့်ရှိပြီး အာရှနှင့် အမေရိကန် ကုန်သွယ်မှုများ အများဆုံး ပါဝင်ကြောင်း ပနားမား တူးမြောင်း အာဏာပိုင် (ACP) စာရင်းအရ သိရပါသည်။

လွန်ခဲ့သော ရာစုနှစ်များအတွင်း နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရေကြောင်း ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းသည် တဟုန်ထိုး တိုးတက်လာခဲ့ပြီး ကမ္ဘာ့ ကုန်သေတ္တာတင် သင်္ဘောကြီး တစ်ဝက်ကျော်သည် ပနားမားတူး မြောင်းတလျှောက် ဖြတ်သန်း သွားလာရန် ခွင့်ပြုသည့် အရွယ်အစားထက် ပိုမိုကြီးမားလာခဲ့သည်။

ပနားမား တူးမြောင်းသွား ပင်လယ်ကူး သင်္ဘောများ (The cannal’s Panamax ships) ၏ အရွယ်အစားအား အရှည်မီတာ ၃၂၀ ၊ အကျယ် ၃၃ မီတာ၊ အနက် ၁၂ မီတာ ထက် မကြီးရန် သတ်မှတ်ထားသည်။ကြီးမားလာသည့် အာရှ-အမေရိကန် ကုန်သွယ်မှုများ၏ လိုအပ်ချက်ကိုဖြည့် ဆည်းနိုင်ရန် ၂၀၀၇ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ကုန်ကျနိုင်မည့် ပနားမား တူးမြောင်း ချဲ့ထွင်ရေး စီမံကိန်းအား စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ် နွေဦးရာသီတွင် စီးပွားဖြစ် လုပ်ကိုင်နိုင်ရန် စီစဉ်ထားကြောင်း သိရပါသည်။

၂၀၁၆ ခုနှစ်တွင် ပြီးစီးသွားပါက လက်ရှိ သတ်မှတ် အရွယ်အစားထက် ကြီးသော ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ထွက်နိုင်မည် ဖြစ်သည်။ အဆိုပါ သင်္ဘောကြီးများကြောင့် တူးမြောင်း၏ နှစ်စဉ် ကုန်စည် ဝင်ဆံ့မှု တန် ၃၀၀ မီလီယံ မှ တန် ၆၀၀ မီလီယံ အထိ တိုးတက်လာ နိုင်ပါသည်။ လက်ရှိတွင် တူးမြောင်းအတွင်း နှစ်စဉ် သင်္ဘော ၁၄,၀၀၀ ဖြတ်သန်း သွားနိုင်ပြီး တူးမြောင်း ပြီးသွားခဲ့ရင် သင်္ဘော ၁၇,၀၀၀ ဝန်းကျင် ဖြတ်သန်းနိုင်မည် ဖြစ်သည်။

တရုတ်နိုင်ငံသည် အမေရိကန်ပြီးနောက် ပနားမား တူးမြောင်း၏ ဒုတိယ အကြီးဆုံး သုံးစွဲသူဖြစ်ပြီး ကုန်သွယ်မှု ပမာဏလည်း မြင့်နေဆဲ ဖြစ်ကြောင်း အမေရိကန် ပို့ဆောင်ရေး ဌာန စာရင်း အရ သိရပါသည်။လက်ရှိ ဖြတ်သန်း သွားလာခွင့်ပြုသည့် သင်္ဘောများတွင် ၅,၀၀၀ TEU (twently-foot equivalent units ) သာ တင်ဆောင်နိုင်ပြီး တူးမြောင်း ချဲ့ထွင်ခြင်း ပြီးသွားလျှင် ၁၃,၀၀၀ TEU အထိ တင်ဆောင်နိုင်သော သင်္ဘောများ သွားလာခြင်းကို လက်ခံနိုင်မည် ဖြစ်ကြောင်း ပနားမား တူးမြောင်း အာဏာပိုင် ကပြောပါသည်။

စီမံကိန်း ပြီးဆုံးသွားခဲ့လျှင် ကုန်ကျစရိတ်များလည်း သက်သာသွားနိုင်ပြီး လက်ရှိကြုံတွေ့နေရသော အခက်အခဲ များအား ဖြေရှင်းပေး နိုင်ပါလိမ့်မည်။ လက်ရှိတွင် နေ့စဉ် သင်္ဘော ၄၀ ခန့်သာ ဖြတ်သန်းသွားနိုင်ပြီး သင်္ဘော ၁၀၀ ခန့် က ဖြတ်သန်းရန် စောင့်ဆိုင်းနေရပါသည်။ တူးမြောင်းပြီး သွားရင်တော့ သင်္ဘောတွေ အခုထက်ပိုပြီး သွားလာ နိုင်မည် ဖြစ်သည်။

တူးမြောင်းကြီး ပြီးဆုံးသွားခဲ့လျှင် အမေရိကန်ကို ပို့မည့် တရုတ်ကုန်စည်များ ပိုမိုတင်ပို့နိုင်မည် သာမက ဒေသ အတွင်းမှ ကုန်စည်များ တရုတ်ကို တင်ပို့ရာတွင် ပိုမို အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။လက်ရှိတွင် ဗင်နီဇွဲလား ရေနံတင် သင်္ဘောများသည် ပနားမား တူးမြောင်းအား ဖြတ်သန်းရန် အရွယ်အစား ကြီးမားသည့်အတွက် အတ္တလန်တိတ် သမုဒ္ဒရာနှင့် အိန္ဒိယ သမုဒ္ဒရာကို ၄၅ ရက်ကြာ ဖြတ်သန်းပြီးမှ တရုတ်နိုင်ငံသို့ သယ်ယူနေရခြင်း ဖြစ်သည်။ စီမံကိန်း ပြီးသွားခဲ့လျှင်တော့ ရေနံတင် သင်္ဘောကြီး များ ပိုမို ဖြတ်သန်း သွားလာနိုင်ပြီး ဗင်နီဇွဲလားမှ တရုတ်နိုင်ငံသို့ ကုန်ကျစရိတ် နည်းနည်းနှင့် ရက် ၃၀ အတွင်း ရောက်ရှိနိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.