Connect with us

World

IMF ထိပ်တန်း စီးပွားရေး ပညာရှင်မှ တရုတ် နိုင်ငံ စီးပွားရေး ပြောင်းလဲမှုသည် ကြံ့ခိုင်မှု အလွန် ကောင်းမွန်ကြောင်း ပြောကြား

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့(IMF) ၏ ထိပ်တန်း စီးပွားရေး ပညာရှင် Olivier Blanchard အား သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့(IMF) ၏ ထိပ်တန်း စီးပွားရေး ပညာရှင် Olivier Blanchard က ဇူလိုင်လ ၉ ရက်နေ့က တရုတ် နိုင်ငံ၏ လက်ရှိ စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် ကြံ့ခိုင်မှု အလွန်ကောင်းမွန်ပြီး အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ တွင် အနည်းငယ် အရှိန်လျော့ကျမှု ရှိလာခဲ့သော်လည်း နိုင်ငံတကာ ချေးငွေ တိုးတက်မှု နှုန်းမှာ လက်ခံနိုင်သည့် အတိုင်းအတာ အတွင်း ရှိကြောင်း ပြောကြား ခဲ့သည်။

Blanchard မှ IMF ၏ “ကမ္ဘာ့စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်” ပြင်ဆင်မှု ထုတ်ပြန်ချက် သတင်းစာ ရှင်းလင်းပွဲတွင် လက်တလော တရုတ် နိုင်ငံ၌ ဖြစ်ပွားနေသော စတော့ရှယ်ယာ ဈေးကွက် မတည်ငြိမ်မှု သည် တရုတ် နိုင်ငံ စီးပွားရေး လုပ်ငန်း ကြီး၏ ယာယီ မတည်ငြိမ်မှု တစ်ခုမျှသာ ဖြစ်ကြောင်း ၊ တရုတ် စီးပွားရေး ထုထည် တစ်ခုလုံး အတွက် အကျိုးသက်ရောက်မှုမှာ အတိုင်းအတာ တစ်ခုအထိသာ ဖြစ်ပွား နိုင်ပြီး တရုတ် နိုင်ငံ၏ စီးပွားရေး အပေါ် ယုံကြည်မှု လျော့ကျနိုင်လောက်သော အကြောင်းပြချက် မဖြစ်နိုင် ကြောင်း ပြောကြား ခဲ့သည်။

ဂရိ ချေးငွေ အကျပ်အတည်း များနှင့် အခြား ပြည်ပ အကြောင်းအရင်း များကြောင့် အမေရိကန် ဗဟိုဘဏ် ၏ ပထမ ဆုံးအကြိမ် ချေးငွေ အတိုးနှုန်း တိုးမြင့်မည့် ရက်စွဲအပေါ် သက်ရောက်မှု ရှိမရှိ နှင့် ပတ်သက်၍ Blanchard မှ လက်ရှိ ဂရိ နိုင်ငံ ကြုံတွေ့ နေရသော ချေးငွေ အကျပ်အတည်း သည် အမေရိကန် စီးပွားရေးမှ ရင်ဆိုင်နေရသော အဓိက ပြဿနာ မဟုတ်သည့် အတွက် အမေရိကန် ဗဟိုဘဏ် ၏ မူဝါဒ ဆုံးဖြတ်ချက် အပေါ် သက်ရောက်မှု မကြီးမားကြောင်း ၊ အမေရိကန် FRS (Federal Reserve System) နှင့် IMF သည် ဤ ကိစ္စ နှင့် ပတ်သက်ပြီး သဘောထား အမြင် တူညီကြောင်း ပြောကြား ခဲ့သည်။

IMF မှ ဇူလိုင် ၉ ရက်နေ့က ၂၀၁၅ ခုနှစ် အတွက် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု ခန့်မှန်းချက် ကို လျှော့ချ ပြင်ဆင်ခဲ့ပြီး ကမ္ဘာ့စီးပွားရေး အနေဖြင့် လက်တလော တွင် ငွေကြေးဈေးကွက် မတည်ငြိမ်မှု များနှင့် ရင်ဆိုင်ရဖွယ် ရှိပြီး လုပ်ငန်း ပိုင်ဆိုင်မှု တန်ဖိုးများ ပြင်ထန်စွာ လှုပ်ခတ်မှု အန္တရာယ် များနှင့် ကြုံတွေ့ ရဖွယ်ရှိကြောင်း ၊ နှစ်လယ်ပိုင်းတွင် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှုန်းထား နှေးကွေးမှု အန္တရာယ် ကိုလည်း ရင်ဆိုင်ရဖွယ် ရှိကြောင်း ထုတ်ပြန် ခဲ့သည်။ (Xinhua)