Connect with us

World

မဟာမဲခေါင် တောင်ဘက် စီးပွားရေး စြင်္က ံ၏ အနောက် တံခါးပေါက် ဖြစ်သည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ရည်ရွယ်မှု စာချွန်လွှာ (MOI) လက်မှတ် ရေးထိုး

မြန်မာ၊ ဂျပန် ၊ ထိုင်း သုံးနိုင်ငံမှ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ရည်ရွယ်မှု စာချွှန်လွှာ (Memorandum of Intent) ကို လက်မှတ် ရေးထိုးနေစဉ် (ဓာတ်ပုံ- U Ye Htut Facebook)

ရန်ကုန် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် ကျင်းပသည့် (၇) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးတွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်သည့် ရည်ရွယ်မှု စာချွန်လွှာ (Memorandum of Intent) ကို မြန်မာ၊ ဂျပန် ၊ ထိုင်း သုံးနိုင်ငံ ပူးတွဲ လက်မှတ် ရေးထိုး ခဲ့ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က သတင်း ထုတ်ပြန် လိုက်သည်။

ထားဝယ် အထူး စီးပွားရေးဇုန် နယ်မြေသည် ပစိဖိတ် သမုဒ္ဒရာနှင့် အိန္ဒိယ သမုဒ္ဒရာတို့ကို ကုန်းလမ်းမှ ဆက်သွယ်ပေးမည့် မဟာ မဲခေါင်တောင်ဘက် စီးပွားရေးစြင်္က ံ၏ အနောက် တံခါးပေါက်အဖြစ် မဟာ ဗျူဟာကျစွာ တည်ရှိနေပြီး ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့မှ တစ်ဆင့် ထားဝယ် ဒေသအထိ ရောက်ရှိမည့် စြင်္က ံဖြစ်သည်။ ထို့ကြောင့် ဒေသတွင်း နိုင်ငံများ အကြား ဆက်သွယ်မှု လွယ်ကူကာ ဘက်စုံ ဖွံ့ဖြိုး တိုးတတ်ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ထို့ပြင် ကမ္ဘောဒီးယား နယ်စပ်မှ မြန်မာ နယ်စပ်အထိ ဖောက်လုပ်မည့် ဂျပန်-ထိုင်း ပူးပေါင်း ရထားလမ်း ကွန်ရက်၏ အဆက်အဖြစ် ထားဝယ်အထိ ဆက်လက် ဖောက်လုပ်နိုင်ရေး သုံးနိုင်ငံ ဆွေးနွေးလျှက် ရှိကြောင်း ၊ စက်မူဇုန်များ ၊ စီးပွားရေးဇုန်များ ဖော်ဆောင်မှုနှင့် အတူယှဉ်တွဲ တွေ့ကြုံရသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်နိုင်ရန် အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ တစ်ရပ်ကိုလည်း ရေးဆွဲနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှ စီးပွားရေးဇုန်များ ၊ စက်မူဇုန်များတွင် အစိုးရချင်း ဖြစ်စေ ၊ ပုဂ္ဂလိက အနေဖြင့် ဖြစ်စေ နည်းပညာဆိုင်ရာ ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ဖိတ်ခေါ်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ထားဝယ် အထူး စီးပွားရေးဇုန်နှင့် ပတ်သတ်ပြီး မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ အစည်းအဝေး တစ်ရပ် ကျင်းပနိုင်ခဲ့ပြီး ယင်း အစည်းအဝေးတွင် ထားဝယ် အထူးစီးပွားရေးဇုန် ထူထောင်ရေးအတွက် ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီများ ပေးအပ်ရန် ဂျပန်နိုင်ငံက ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ယင်း အစည်းအဝေးက ထွက်ပေါ်လာသည့် ရလဒ်များကို စုစည်းကာ ကနဦးအဆင့် လုပ်ငန်းများ ဖြစ်သည့် ကာလတို အလုပ်အကိုင် ဖန်တီးပေးခြင်း ၊ ဒေသခံ ပြည်သူများထံ စီမံကိန်း အကျိုးကျေးဇူးများကို အသိပေးခြင်း ၊ စီမံကိန်း စတင် အကောင်အထည် ဖော်ခြင်းများကို ဦးစားပေး ဆောင်ရွက်နေပြီး ယခုနှစ်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများကို စတင် ဆောင်ရွက်နေသည်။ ယင်း ဆောက်လုပ်ရေး လုပ်ငန်းများတွင် ၂၇ စတုရန်း ကီလိုမီတာ အကျယ်အဝန်းရှိသည့် စက်မှု ကုန်ထုတ်ရပ်ကွက် ၊ ထိုင်းနိုင်ငံနှင့် ဆက်သွယ်သည့် ကားလမ်း ၊ အလုပ်သမားများ နေထိုင်ရန် မြို့နယ် ၊ LNG ဓာတ်ငွေ့ တင်ပို့ရေး ဆိပ်ကမ်း ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၊ ဆိပ်ကမ်းနှင့် ရေလှောင်ဆည်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.