Connect with us

World

IMF မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်များ အား လျှော့ချ ပြင်ဆင်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ လွတ်လပ်သော ကုန်သွယ်မှုဇုန် (Free Trade Zone ) မြင်ကွင်း (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) မှ ဇူလိုင်လ ၉ ရက်နေ့က ၂၀၁၅ ခုနှစ် အတွက် ခန့်မှန်းခဲ့သည် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု များအား လျှော့ချ ပြင်ဆင် ခဲ့သည်။ ကမ္ဘာ့စီးပွားရေး အနေဖြင့် လက်တလော တွင် ငွေကြေးဈေးကွက် မတည်ငြိမ်မှု များနှင့် ရင်ဆိုင်ရဖွယ် ရှိပြီး လုပ်ငန်း ပိုင်ဆိုင်မှု တန်ဖိုးများ ပြင်းထန်စွာ လှုပ်ခတ်မှု အန္တရာယ် များနှင့် ကြုံတွေ့ ရဖွယ်ရှိကြောင်း ၊ နှစ်လယ်ပိုင်းတွင် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှုန်းထား နှေးကွေးမှု အန္တရာယ် ကိုလည်း ရင်ဆိုင်ရဖွယ် ရှိကြောင်း ထုတ်ပြန် ခဲ့သည်။

IMF မှ ယခု ထုတ်ပြန်လိုက်သည့် “ကမ္ဘာ့စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်” တွင် ယခုနှစ် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု ရာခိုင်နှုန်း သည် ၃.၃ ဖြစ်ပြီး ဧပြီလက ထုတ်ပြန်ခဲ့သည့် ၃.၅ ရာခိုင်နှုန်းထက် လျော့ကျ ခဲ့သည်။ လျော့ကျ ခဲ့သည့် အဓိက အကြောင်းအရင်း မှာ အမေရိကန် စီးပွားရေး တိုးတက်မှု နှုန်းထား မထင်မှတ်ဘဲ လျော့နည်း ခဲ့သည့် အတွက် ကနေဒါ နှင့် မက်ဆီကို နိုင်ငံ များ၏ စီးပွားရေး တိုးတက်မှု ကိုလည်း ထိခိုက်မှု ဖြစ်ပွားစေခဲ့သည်။ IMF မှလာမည့် နှစ် အတွက် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှုန်း ခန့်မှန်းချက် ၃.၈ ရာခိုင်နှုန်း မှာ ပြောင်းလဲမှု မရှိခဲ့ပါ။

ထုတ်ပြန်ချက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများ ယခုနှစ် စီးပွားရေး တိုးတက်မှု ခန့်မှန်းချက် မှာ ၂.၁ ရာခိုင်နှုန်း ဖြစ်ပြီး ဧပြီလ က ထုတ်ပြန်ခဲ့သည့် ရာခိုင်နှုန်းထက် ဝ.၃ ရာခိုင်နှုန်း လျော့ကျ ခဲ့ကာ လာမည့် နှစ် အတွက် စီးပွားရေး တိုးတက်မှု ရာခိုင်နှုန်း ခန့်မှန်းချက် သည် အနည်းငယ် မြင့်တက်လာ၍ ၂.၄ ရာခိုင်နှုန်း ဖြစ်ခဲ့သည်။ အမေရိကန် ၏ ယခုနှစ် နှင့် လာမည့်နှစ် အတွက် စီးပွားရေး တိုးတက်မှု ခန့်မှန်းချက် သည် ၂.၅ ရာခိုင်နှုန်း နှင့် ၃ ရာခိုင်နှုန်း ဖြစ်ပြီး ယခင် ထုတ်ပြန်ချက်ထက် ဝ.၆ နှင့် ဝ.၁ ရာခိုင်နှုန်းစီ လျော့ကျ ခဲ့သည်။ ယူရိုငွေကြေးဇုန် အတွက် ယခုနှစ် နှင့် လာမည့်နှစ် အတွက် စီးပွားရေး တိုးတက်မှု ခန့်မှန်းချက် သည် ၁.၅ ရာခိုင်နှုန်း နှင့် ၁.၇ ရာခိုင်နှုန်း ဖြစ်သည်။ အလားတူ ဂျပန် စီးပွားရေး တိုးတက်မှု ခန့်မှန်းချက် အနေဖြင့် ဝ.၈ နှင့် ၁.၂ ရာခိုင်နှုန်း တို့ ဖြစ်ကြသည်။

IMF အနေဖြင့် အသစ်ပေါ်ပေါက်လာသည့် စီးပွားရေး အသိုက်အဝန်း နှင့် ဖွံဖြိုးဆဲ နိုင်ငံများ ၂၀၁၅ ခုနှစ် စီးပွားရေး တိုးတက်မှု ခန့်မှန်းချက် အား ၄.၂ ရာခိုင်နှုန်း အဖြစ် လျှော့ချခဲ့ပြီး ဧပြီလ က ထုတ်ပြန်ခဲ့သည့် ရာခိုင်နှုန်းထက် ဝ.၁ ရာခိုင်နှုန်း လျော့ကျ ခဲ့ကာ လာမည့် နှစ် အတွက် စီးပွားရေး တိုးတက်မှု ရာခိုင်နှုန်း ခန့်မှန်းချက် အား ၄.၇ ရာခိုင်နှုန်း အဖြစ် တိုးမြှင့်ခဲ့သည်။ တရုတ် နိုင်ငံ၏ ယခုနှစ် စီးပွားရေး တိုးတက်မှု ရာခိုင်နှုန်း သည် ၆.၈ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် အတွက် စီးပွားရေး တိုးတက်မှု ရာခိုင်နှုန်း မှာ ၆.၃ ရာခိုင်နှုန်း ဖြစ်ကာ ပြောင်းလဲမှု မရှိခဲ့ပါ။

IMF မှ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှုန်းများသည် ဧပြီလ တွင် သိသာသော ပြောင်းလဲမှုများ မရှိခဲ့ကြောင်း ၊ ငွေကြေးဈေးကွက် မတည်ငြိမ်မှု နှင့် လုပ်ငန်း ပိုင်ဆိုင်မှု တန်ဖိုးများ ပြင်ထန်စွာ လှုပ်ခတ်မှုသည် ကာလတိုအတွင်း ကမ္ဘာ့ စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်း စေခဲ့ကြောင်း ၊ လက်ရှိ ဂရိ နိုင်ငံ ၏ စီးပွားရေး ပြဿနာ မပြန့်ပွား လာခင် အချိန်မှီ သင့်လျော်သော မူဝါဒ များချမှတ်ကာ အန္တရာယ်ကို ထိန်းချုပ်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အမေရိကန် ဒေါ်လာ၏ တန်းဖိုး မြင့်တက်လာခြင်းသည် အသစ်ပေါ်ပေါက်လာသည့် စီးပွားရေး အသိုက်အဝန်း အတွက် အမေရိကန် ဒေါ်လာ အကြွေးထားရှိမှု အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ကြောင်း ၊ အခြား အန္တရာယ် အနေဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံ များမှာ နှစ်လယ်ပိုင်း ကာလတွင် တိုးတက်မှုနှုန်း အနိမ့်ပိုင်းတွင် ရှိနေကြောင်း ၊ တရုတ် စီးပွားရေး ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် ပိုမို ကြီးမားသော အခက်အခဲ ကြုံတွေ့ ခဲ့ရကြောင်း ၊ ယူကရိန်း နှင့် အရှေ့အလယ်ပိုင်း ဒေသ များ၏ နိုင်ငံရေး အန္တရာယ် များလည်း ပါဝင်ခဲ့သည်။

IMF သည် နှစ်စဉ် နွေဦး နှင့် ဆောင်းဦး ရာသီ ကာလတွင် ပထမ နှင့် ဒုတိယ နှစ်ဝက်၏ “ကမ္ဘာ့စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်” များထုတ်ပြန်လေ့ရှိပြီး နှစ်အစောပိုင်း နှင့် နှစ်လယ်ပိုင်း တွင်ပြင်ဆင်ချက် ထုတ်ပြန်ချက် များ ထုတ်ပြန်လေ့ရှိသည်။ (Xinhua)