Connect with us

World

ဂျီနီဗာလေလံပွဲ ၌ မြန်မာ့ပတ္တမြား ကမ္ဘာ့စံချိန်တင်ဈေးနှုန်း ဖြင့်ရောင်းချ

ဂျီနီဗာ လေလေံပွဲတွင် ကမ္ဘာ့ စံချိန်တင် ဈေးနှုန်း ဖြင့်ရောင်းချ ခဲ့သော မြန်မာ့ပတ္တမြား (ဓာတ်ပုံ- Sotheby's Facebook စာမျက်နှာ)

ရန်ကုန် ၊ မေ ၁၄ ရက် (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ မေလအတွင်း ပြုလုပ်ခဲ့သည့် လေလံပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ခိုသွေးရောင် ကြီးမားသော ပတ္တမြား တစ်ပွင့်ကို ဆွစ်ဖရန့် ၂၈.၃သန်း (အမေရိကန်ဒေါ်လာ ၃၀.၃သန်း) ဖြင့် ရောင်းချခဲ့ပြီး လေလံပွဲ သမိုင်းတလျှောက် တန်ဖိုးအကြီးဆုံး ပတ္တမြား ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဈေးနှုန်းမှာ ပတ္တမြား တစ်ပွင့်အနေဖြင့် ကမ္ဘာ့ အမြင့်ဆုံး ဈေးနှုန်းဖြင့် စံချိန်တင်ခဲ့ပြီး၊ ကာတီးယား လက်ဝတ်ရတနာ လုပ်ငန်းမှာ လေလံပွဲ၌ စံချိန်တင် ဈေးနှုန်းသစ် ရရှိခဲ့ခြင်းဖြစ်သည်။

The Sunrise ဟု အမည်ပေးထားသည့် အဆိုပါ ပတ္တမြားမှာ အလေးချိန် ၂၅.၅၉ ကာရက်ရှိပြီး ပြင်သစ် လက်ဝတ်ရတနာ ကုမ္ပဏီ ကာတီးယားက လက်စွပ် တစ်ကွင်းပေါ်တွင် အလှဆင်၍ ဒီဇိုင်းပုံဖော်ထားသည်။

အဆိုပါ လက်စွပ်၏ တန်ဖိုးကို ဆွစ်ဖရန့် ၁၁.၇ သန်း နှင့် ၁၇.၅ သန်းကြား ရရှိမည်ဟု ခန့်မှန်း တွက်ချက်ထားသော်လည်း ယခုကဲ့သို့ ခန့်မှန်း ဈေးနှုန်းထက် နှစ်ဆကျော် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.