Culture & Entertainment
တရုတ် နိုင်ငံရှိ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် တစ်ခု ဖြစ်သည့် မဟာတံတိုင်းကြီး (Great Wall)

ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)
ကမ္ဘာ့ အံ့ဖွယ် တစ်ခု အပါအဝင် ဖြစ်သည့် မဟာ တံတိုင်းကြီးသည် ကာလ တစ်လျှောက်လုံးတွင် လူအများ သွားရောက် လိုနေသော နေရာ တစ်ခု ဖြစ်ခဲ့ပြီး နှစ်စဉ် ပြည်တွင်းပြည်ပ ခရီးသွားများအား ဆွဲဆောင် နိုင်သော နေရာ တစ်ခု ဖြစ်ခဲ့ပါသည်။
မဟာ တံတိုင်းကြီး တည်ဆောက် ခဲ့ချိန်မှ ယနေ့ အချိန် အထိ နှစ်ပေါင်း ၂၅၀၀ ခန့် သက်တမ်းရှိ ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ခန့်တွင် Qin Shi Huang မှ သီးခြား တည်ဆောက် ထားသော တံတိုင်း များအား စစ်သည်နှင့် အရပ်သား အင်အား သိန်းနှင့်ချီကာ အသုံးပြု၍ တစ်ဆက်တည်း ဖြစ်အောင် တည်ဆောက် ခဲ့သည်။ ထ့ိုပြင် တံတိုင်းများကိုလဲ အကြီးစား ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။
မဟာတံတိုင်းကြီးသည် ရှေးခေတ် တရုတ် နိုင်ငံမှ မြောက်ပိုင်း ရွေ့ပြောင်း မွေးမြူရေး လုပ်ကိုင်သော အဖွဲ့များ ကျူးကျော်ခြင်းအား တားဆီး နိုင်ရန် တည်ဆောက်ခဲ့သော အကြီးစား စစ်ရေး အဆောက်အဦး ဖြစ်သည်။ လက်ရှိ ချိန်တွင် ကျန်ရစ် ခဲ့သော တံတိုင်းမှာ ၁၄ ရာစု (လွန်ခဲ့သော နှစ်ပေါင်း ၆၀၀) က ပြန်လည် တည်ဆောက် ထားသော Ming မဟာ တံတိုင်းကြီး ဖြစ်ပြီး အနောက်ပိုင်း Gan Su ပြည်နယ်ရှိ Jia Yu Guan မှ အရှေ့ပိုင်း Liao Dong ၏ Hu Shan အထိ စုစုပေါင်း ၈၈၅၁.၈ ကီလိုမီတာ ရှည်လျားပြီး ပျမ်းမျှ အမြင့် ၆ မှ ၇ မီတာ ရှိပြီး အကျယ် ၄ မှ ၅ မီတာ ရှိသည်။ မဟာ တံတိုင်းကြီးသည် ရှေးခေတ် တရုတ်ပြည်သူ များ၏ လုပ်အားဖြင့် တည်ဆောက် ခဲ့သည့် ကြီးကျယ် ခန်းနားသော အံ့ဖွယ် အဆောက်အဦး တစ်ခု ဖြစ်သည်။ တရုတ် နိုင်ငံ၏ ရှည်လျားသော သမိုင်း ရာဇဝင်ကိုလည်း သက်သေ ပြသော အဆောက်အဦး ဖြစ်သည်။ မဟာတံတိုင်းကြီးကို ၁၉၈၇ ခုနှစ် ဒီဇင်ဘာလက ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သက်မှတ် ခဲ့သည်။
ပေကျင်းမြို့ Yanqing ခရိုင်ရှိ Badaling မဟာတံတိုင်းကြီးသည် Ming မဟာတံတိုင်းကြီးမှ လက်ရှိချိန်တွင် ကျန်ရှိသည့် အကောင်းမွန်ဆုံးသော တံတိုင်း အပိုင်းအခြား ဖြစ်သည်။ ထိုနေရာသည် ပင်လယ်ရေ မျက်နာပြင် အထက် ၁၀၁၅ မီတာ တွင်ရှိပြီး ခက်ခဲသည့် မြေအနေအထား ရှိသော စစ်ရေး အရ လွန်စွာ အရေးပါသော နေရာ ဖြစ်သည်။ တံတိုင်းပေါ်သို့ ရောက်ရှိပါက မြင့်မားသော တည်နေရာမှ တောင်းတန်းများ၏ အလှအပများကို ရှုမြင် နိုင်သည်။ ယနေ့ အချိန်ထိ ထိုနေရာသို့ Richard Nixon ၊Margaret Thatcher အပါအဝင် ကမ္ဘာ့ အထင်ရှားဆုံး လူပေါင်း အယောက် ၃၀၀ ခန့် လာရောက် လည်ပတ် ခဲ့သည်။ (Xinhua)