Connect with us

Culture & Entertainment

တရုတ်-အိန္ဒိယ ပူးတွဲ ထုတ်လုပ်မည့် ရုပ်ရှင်တွင် ဂျက်ကီချန်းနှင့် ဝုန်ကားဝေတို့ ပါဝင်မည်

တရုတ် နာမည်ကျော် မင်းသားကြီး ဂျက်ကီချန်းနှင့် အိန္ဒိယ သရုပ်ဆောင် အမီရာခမ်း (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်-အိန္ဒိယ ပူးတွဲ ရုပ်ရှင်ကား (၃) ကား ရိုက်ကူးမည်ဖြစ်ပြီး နာမည်ကျော်များ ဖြစ်သည့် မင်းသားကြီး ဂျက်ကီချန်းနှင့် ဒါရိုက်တာ ဝုန်ကားဝေ ( Wong Kar Wai ) တို့ပါဝင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ရုပ်ရှင် အဖွဲ့အစည်းက ပြောကြားသည်။

“Kung Fu Yoga” ရုပ်ရှင်တွင် ဂျက်ကီချန်းနှင့် အိန္ဒိယ သရုပ်ဆောင် အမီရာခမ်း (Aamir Khan) တို့ အဓိက သရုပ်ဆောင် မည်ဖြစ်သည်။ ရိုက်ကူးမှုတွင် တရုတ် ကိုယ်ခံပညာနှင့် အိန္ဒိယ ယဉ်ကျေးမှုကို ပေါင်းစပ် ရိုက်ကူးသွားမည် ဖြစ်သည်။

ဝုန်ကားဝေ ရိုက်ကူးမည့် ရုပ်ရှင်တွင် တန်မင်းဆက်ခေတ်တွင် Xuan Zang ဟု အမည်ရသည့် ထင်ရှားသော ဗုဒ္ဒဘာသာ ဘုန်းကြီး တစ်ပါးသည် အိန္ဒိယ နိုင်ငံသို့ ဗုဒ္ဒဝါဒ ပညာသင်ကြားရန် ခက်ခဲ ကြမ်းတမ်းသည့် ခရီးကို သွားသည့် ဇာတ်လမ်းဖြစ်သည်။
တတိယမြောက် ရုပ်ရှင်ကားမှာ ဝမ်ပေါက်ချန် (Wang Baoqiang) ရိုက်ကူးမည့် “Da Nao Tian Zhu” ဖြစ်သည်။

ဂျက်ကီချန်းသည် အိန္ဒိယတွင်လည်း နာမည်ကျော် လူသိများသော အနုပညာရှင် တစ်ဦးဖြစ်သည်။ ဂျက်၏ နောက်ဆုံး ရုပ်ရှင် “ Dragon Blade” နှင့် ဝုန်၏ “ The Grandmaster” တို့သည် အိန္ဒိယတွင် ပြသနေပြီ ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖိန်၏ အိန္ဒိယ ခရီးစဉ်တွင် တရုတ်- အိန္ဒိယ ပူးတွဲ ရုပ်ရှင် ရိုက်ကူးရေးအတွက် သဘောတူညီမှုများ ရရှိခဲ့ပြီး ယခုကဲ့သို့ စတင် ရိုက်ကူးခြင်းဖြစ်သည်။ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ သည်လည်း တရုတ်နိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့သည်။
ထိုရုပ်ရှင် ၃ ကား ရိုက်ကူးမှုများကို တရုတ်နိုင်ငံ အစိုးရ ပုံနှိပ်ခြင်း ၊ ထုတ်ဝေခြင်း ၊ ရေဒီယို ၊ ရုပ်ရှင် ၊ ရုပ်မြင်သံကြား စီမံခန့်ခွဲမှု ဌာနနှင့် တရုတ်နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံရုံးတို့က ပူးတွဲကြေငြာ ခဲ့သည်။ (Xinhua)