Connect with us

Culture & Entertainment

ကမ္ဘာ့ရုပ်ရှင် ဈေးကွက်တွင် တရုတ် လွှမ်းမိုးမှု ကျယ်ပြန့်လာ

မြန်မာ-တရုတ် ပူးပေါင်းရိုက်ကူးတင်ဆက်သော “ဒဏ္ဍာရီတေးကဗျာ” တီဗီဇာတ်လမ်းတွဲမှ အဓိကတရုတ်သရုပ်ဆောင် (Yu Rongguang) မှ အင်တာဗျူးလက်ခံဖြေကြားနေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ပူးပေါင်းရိုက်ကူးတင်ဆက်သော “ဒဏ္ဍာရီတေးကဗျာ” တီဗီဇာတ်လမ်းတွဲမှ အဓိကတရုတ်သရုပ်ဆောင် (Yu Rongguang) မှ အင်တာဗျူးလက်ခံဖြေကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၆ ရက် ( ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဟောလီးဝုဒ် ဈေးကွက် တွင်သာ ရပ်တည်နိုင်စွမ်း ရှိသည် မဟုတ်ဘဲ နိုင်ငံခြားဈေးကွက်တွင်လည်း ချဲ့ထွင် လွှမ်းမိုး ထားကြောင်း ဇန်နဝါရီ ၆ ရက် နေ့က တရုတ်နိုင်ငံ ပြည်တွင်း ရုပ်ရှင်လုပ်ငန်း လေ့လာသုံးသပ်သည့် EntGroup အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအစီရင်ခံစာအရ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် တရုတ် ရုပ်ရှင် ပေါင်း ၃၈၈ ကားပြသသည့် ဝင်ငွေ ၂၉ ဒဿမ ၆ ဘီလီယံ ယွမ် ( အမေရိကန်ဒေါ်လာ ၄ ဒဿမ ၇၆ ဘီလီယံ ) ရရှိခဲ့သည်။ ထိုဝင်ငွေသည် ၂၀၁၃ ခုနှစ်ထက် ၃၆ ရာခိုင်နှုန်း တိုးတက်လာသည်။

၎င်း အဖွဲ့၏ ပြောဆိုချက်အရ ပြည်တွင်းရုပ်ရှင် ထုတ်လုပ်မှုသည် မြန်မြန်ဆန်ဆန်ဖြင့် ၅၄ ဒဿမ ၅

ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အခြားရုပ်ရှင် တင်သွင်းမှု ခွဲတမ်းကို ၂၀ မှ ၃၄ ရာခိုင်နှုန်း ချဲထွင် နိုင်ခဲ့သည်။ တရုတ်တွင် အမြင့်ဆုံးဝင်ငွေ ရရှိခဲ့သည့် ဇာတ်ကား မှာ “ Transformers 4 : Age of Extinction” ဖြစ်သည်။

“ပြည်တွင်း ရုပ်ရှင်ထုတ်လုပ် သူတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် အရည်အသွေးကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အတွေးအခေါ် အမြင်အယူအဆ တွေကို မြင့်မြင့်တွေးနိုင်ဖို့ လိုပါတယ်” ဟု ဆိုသည်။

EntGroup ၏ အဆိုအရ ၂၀၁၄ ခုနှစ်တွင် တရုတ်ရုပ်ရှင်လုပ်ငန်း မှ ၅ သောင်း ထက်မနည်းသည့် အလုပ်အကိုင်များ ဖန်တီးပေးထားပြီး လစာပေးထားသည့် ပမာဏမှာ ၆၈ ဒဿမ ၇ ဘီလီယံ ယွမ် ရှိသည်။

တရုတ်ပြည်တွင် ဟောလီးဝုဒ် စတူရီယို ၆ ခု လာရောက်ဖွင့်လှစ်ထားသည်။ အနောက်တိုင်းမှ ဒါရိုက်တာများသည် တရုတ်ပြည်တွင် လှည့်လည်နေကြသည်။ ပြင်သစ်ဒါရိုက်တာ Jean-Jacques Annaud ၏ “ Wolf Totem” ဇာတ်ကားကို တရုတ်နှင့် ပြင်သစ် ပူးတွဲ ထုတ်လုပ်ထားခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် တရုတ်နှင့် နိုင်ငံပေါင်း ၁၀ နိုင်ငံ ရုပ်ရှင် ပူးတွဲ ထုတ်လုပ်ရန် သဘောတူညီ ခဲ့သည်။ (Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.