Connect with us

Economy

တရုတ် နိုင်ငံတော်ပိုင် လုပ်ငန်း ပေါင်း ၈၀ ကျော် ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံ များတွင် ဌာန ခွဲများ ဖွင့်လစ်

ခေတ်သစ် ပိုးလမ်းမကြီး လမ်းပြ မြေပုံ

ပေကျင်း ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံတော် ကောင်စီ နိုင်ငံတော်ပိုင် လုပ်ငန်း ကော်မတီ ပြန်ကြားရေး ဌာန မှ ဇူလိုင် ၁၄ ရက်နေ့ “ခေတ်သစ် ပိုးလမ်းမကြီး တရုတ် စီးပွားရေး လုပ်ငန်း လမ်းပြ မြေပုံ” အား ထုတ်ပြန် ခဲ့သည်။ ၂၀၁၄ ခုနှစ် နှစ်ကုန် အထိ တရုတ် နိုင်ငံတော် အစိုးရ လုပ်ငန်း ကော်မတီ မှ စီမံဆောင်ရွက်သည့် အစိုးရ ပိုင်လုပ်ငန်း ၁၁၀ ကျော် အတွင်း မှ လုပ်ငန်း ၁၀၇ ခုသည် ပြည်ပနိုင်ငံ ပေါင်း ၁၅၀ ကျော်တွင် လုပ်ငန်း ရုံးခွဲ ပေါင်း ၈၅၁၅ ခု ဖွင့်လစ် ထားရှိခဲ့ပြီးဖြစ်သည်။ ထိုအတွင်း မှ လုပ်ငန်း ၈၀ ကျော်သည် ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံ များတွင် လုပ်ငန်း ရုံးခွဲ များ ဖွင့်လစ် ထားရှိ ခဲ့ ပြီးကြောင်း ပြောကြား ခဲ့သည်။

စာရင်းများအရ တရုတ် နိုင်ငံ ၏ ၁၂ ကြိမ်မြောက် ၅ နှစ် စီမံကိန်း နောက်ပိုင်းတွင် တရုတ် နိုင်ငံတော် ပိုင် စီးပွားရေး လုပ်ငန်း ၏ ပြည်ပလုပ်ငန်းများ စုစုပေါင်း တန်ဖိုးသည် တရုတ် ယွမ်ငွေ ၂.၇ ထရီလီယံ မှ ၄.၆ ထရီလီယံ သို့ တိုးတက်လာ ခဲ့ပြီး နှစ်စဉ် တိုးတက်မှု ရာခိုင်နှုန်း သည် ၁၂.၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၁၄ ခုနှစ် နှစ်ကုန် အထိ တရုတ် နိုင်ငံတော်ပိုင် စီးပွားရေး ၏ ပြည်ပလုပ်ငန် စုစုပေါင်း တန်ဖိုး ၊လုပ်ငန်း ဝင်ငွေ နှင့် အကျိုးအမြတ် တို့သည် တရုတ် နိုင်ငံတော် ပိုင် စိးပွားရေး ၏ ၁၂.၇ ရာခိုင်နှုန်း ၊ ၁၈.၃ ရာခိုင်နှုန်း နှင့် ၈.၆ ရာခိုင်နှုန်း အသီးသီး ရှိခဲ့ကြောင်း သိရှိရသည်။

လမ်းပြ မြေပုံအရ လျှပ်စစ် ကဏ္ဍ တွင် တရုတ် နိုင်ငံတော် စီးပွားရေး လုပ်ငန်းမှ ပြည်ပတွင် တည်ဆောက်ခဲ့သည် ဓာတ်အားပေးစက်ရုံများတွင် လောင်စာ ၊ ရေအား ၊ လေအား ၊ နေရောင်ခြည် နှင့် နျူး စွမ်းအင် ဓာတ်အားပေးစက်ရုံ အပြင် ဇီဝ နည်းစနစ် ဓာတ်အားပေး စက်ရုံ စသည့် အမျိုးအစား ပေါင်းစုံ တည်ဆောက် ခဲ့သည်။ အိမ်နီးချင်း နိုင်ငံ များတွင် တည်ဆောက်ခဲ့သော နှင့် တည်ဆောက်ဆဲ ရေအား လျှပ်စစ် ဓာတ်အား ပေးစက်ရုံ ပေါင်း ၁၇ ခုရှိခဲ့ပြီး စုစုပေါင်း လျှပ်စစ် သိုလှောင်မှုသည် ကီလိုဝပ် ၁၀ သန်း ရှိသည်။

ဆောက်လုပ်ရေး ကဏ္ဍ တွင် တရုတ် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန် မှ မလေးရှား ၊ လာအို နှင့် မွန်ဂို စသည့် နိုင်ငံ များတွင် သံမဏိ ၊ ဘိလပ်မြေ နှင့် မှန် စသည့် ဆောက်လုပ်ရေး ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ တည်ဆောက် ခဲ့သည်။ ထိုအတွင်းမှ တရုတ် နိုင်ငံ ၏ ဘိလပ်မြေ စက်ရုံ နည်းပညာ နှင့် စက်ပစ္စည်း ရောင်းချမှု သည် ကမ္ဘာ့ ဈေးကွက် တစ်ခုလုံး၏ ၄၅ ရာခိုင်နှုန်း ရှိသည်။ ထိုပြင် ရထားလမ်း ကဏ္ဍ တွင် တရုတ် နိုင်ငံ သည် အရန် ပစ္စည်း ထုတ်လုပ်ရေး နှင့် ပြုပြင်မွန်းမံရေး လုပ်ငန်း များမှ စတင်လုပ်ကိုင် ခဲ့ပြီး လက်ရှိချိန် တွင် တရုတ် နိုင်ငံ ၏ ရထားလမ်း ဆိုင်ရာ ပစ္စည်းများသည် ကမ္ဘာ့တိုက်ကြီး ၆ ခုလုံးတွင် ဖုံးလွှမ်း နိုင်ခဲ့ပြီး ရထားခေါင်း အပြည်အစုံ ထုတ်လုပ်ရောင်းချမှု သည် ဖွံ့ဖြိုးပြီး တောင်အမေရိက နိုင်ငံ အထိ ပေါက်ရောက် နိုင်ခဲ့သည်။

လက်ရှိချိန် တွင် တရုတ် နိုင်ငံတော် ပိုင် အစိုးရ လုပ်ငန်းပေါင်း ၈၀ ကျော်သည် ခေတ်သစ် ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက် နိုင်ငံ များတွင် ဌာနခွဲ များဖွင့်လစ်နိုင်ခဲ့သည်။ အခြေခံအဆောက်အအုံ များ အပြန်အလှန် ချိတ်ဆက်နိုင်ရန် အတွက် တရုတ် နိုင်ငံတော်ပိုင် လုပ်ငန်းများသည် ပိုးလမ်းမကြီး လမ်းကြောင်း မဟာဗျူဟာ ချိတ်ဆက် နိုင်ရေး နှင့် မဟာဗျူဟာ တည်နေရာများ တွင် တည်ဆောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်း တာဝန် အများစုကို တာဝန်ယူ ခဲ့သည်။ အသေးစိတ် ဖော်ပြလျှင် တရုတ်-ရုရှား ၊ တရုတ်-ကာဇက်စတန် နှင့် တရုတ်-မြန်မာ ရေနံပိုက်လိုင်း ၊ တရုတ်-ရုရှား ၊ တရုတ်-အလယ်အာရှ နှင့် တရုတ်-မြန်မာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ၊ ရုရှား စသည့် အိမ်နီးချင်း နိုင်ငံ ပေါင်း ၁၀ ကျော် နှင့် အပြန်အလှန် ချိတ်ဆက်ထားသည့် ဓာတ်အားလိုင်းများအပြင် တရုတ်-မြန်မာ ၊ တရုတ်-ထိုင်း နှင့် တရုတ်-လာအို မီးရထား လမ်းများ ၊ တရုတ်-ပါကစ္စတန် အမြန်လမ်းမကြီး နှင့် သီရိလင်္ကာ ရှိ ဆိပ်ကမ်း စသော စီမံကိန်း များပါဝင်သည်။

လက်ရှိချိန် တွင် တရုတ် နိုင်ငံတော်ပိုင် လုပ်ငန်းပေါင်း ၄၀ ကျော်သည် အပြည်ပြည်ဆိုင်ရာ လုပ်ငန်း စီမံ ဆောင်ရွက်မှု ဌာန ထားရှိကာ ပြည်ပလုပ်ငန်း များအတွက် စာရင်းစီမံခန့်ခွဲမှု များဆောင်ရွက်နေသည်။ လုပ်ငန်း ပေါင်း ၃၀ ကျော်မှာလည်း ပြည်ပလုပ်ငန်း ဥပဒေ ရေးရာ အန္တရာယ် ကာကွယ်ရေး လမ်းညွှန်များအား ဆောင်ရွက် ခဲ့သည်။ ပြည်ပ လုပ်ငန်း အများစု သည် ဥပဒေရေးရာ အဖွဲ့များဖွဲ့စည်း၍ အထူးရှေ့နေ များအား အကြံပေး အဖြင့်ထားရှိပြီး ဘဏ္ဍရေး အချက်အလက် စနစ် နှင့် ဗဟိုငွေးကြေး စုပေါင်း စီမံ ခန့်ခွဲမှု စနစ် တို့ကို ဆောင်ရွက် ခဲ့ကြသည်။(Xinhua)