Connect with us

Economy

သုံးရက် ဆက်တိုက် တရုတ် စတော့ရှယ်ယာ ဈေးများမြင့်တက်

တရုတ်နိုင်ငံရှိ စတော့အိပ်ချိန်း မြင်ကွင်းပုံ (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၃ ( ဆင်ဟွာ )

အစိုးရ၏ ဈေးကွက် တည်ငြိမ်အောင် လုပ်ကိုင်ပေးလိုက်ပြီး သုံးရက်မြောက်နေ့ ဈေးကွက် ပိတ်သိမ်းချိန် အထိ တရုတ်စတော့ရှယ်ယာ ဈေးနှုန်း များ ဆက်တိုက် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။

ရှန်ဟိုင်း ညွန်းကိန်း စံနှုန်းအရ ၂.၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၃၉၇၀.၃၉ ပွိုင့်နှင့် ဈေးပိတ်ခဲ့ပါသည်။ ရှန်ဇိုင်း ညွှန်းကိန်းတွင်တော့ ၄.၇၈ ရာခိုင်နှုန်း အထိ တရှိန်ထိုးတက်ခဲ့ပြီး ၁၂၆၁၄.၁၆ ပွိုင့် နှင့် ဈေးပိတ်ခဲ့ပါသည်။ ChiNext ညွှန်းကိန်းတွင် ၅.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဈေးပိတ်ချိန်တွင်တော့ ၂၆၈၃.၀၇ ပွိုင့် ရှိခဲ့ပါသည်။

ရှန်ဟိုင်း နှင့် ရှန်ဇိုင်း မှာ စတော့ ဈေးကွက်အောင်သူ အရေအတွက် ပိုများခဲ့ပါသည်။ ရှယ်ယာ ၉၀၀ ခန့်က တော့ နေ့စဉ် ကန့်သတ်နှုန်း၏ ၁၀ ရာခိုင်နှုန်း ခန့် ခုန်တက်သွားပါသည်။

ကုမ္ပဏီ တစ်ထောင်ကျော်ကတော့ သူတို့၏ ရှယ်ယာ ကုန်သွယ်မှုကို ဆက်လက် ဆိုင်းငံ့ထားပါသည်။

အဆိုပါ စတော့ရှယ်ယာ အရောင်းအဝယ်ဌာန နှစ်ခု၏ ဈေးကွက် အနုတ်အသိမ်း စုစုပေါင်းသည် ယွမ် ၁.၁၇၄ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၁၉၂ ဘီလီယံ) ရှိခဲ့ပြီး သောကြာနေ့က ယွမ် ၁.၀၈ ထရီလီယံ ရှိခဲ့ပါသည်။

ကြာသပတေးနေ့ ကစပြီး တရုတ်ရှယ်ယာများ စတင် မြင့်တက်လာခြင်း ဖြစ်ပြီး ဇွန်လလယ် အတွင်းကတည်းက တောက်လျှောက် ပြုတ်ကျခဲ့သော ဈေးကွက်ကနေ ပြန်တက်လာခြင်း ဖြစ်ပါသည်။

သောကြာနေ့ ဈေးကွက်တွင် ရှန်ဟိုင်း စံနှုန်းတွင် ၄.၅၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကြာသပတေးနေ့တွင် ၅.၇၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ခြောက်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ခဲ့ပါသည်။

ငွေကြေးဈေးကွက် တစ်ခုလုံးကို ခြိမ်းခြောက် လာပြီးတဲ့နောက် တရုတ် အစိုးရသည် ဈေးကွက်အတွင်း ငွေ ကြေးဖြည့်စွက် ပေးခဲ့ပါသည်။ ကြာသပတေးနေ့ တုန်းက တရုတ်ရဲများသည် ငွေကြေးဈေးကွက် တရားဝင် ထိန်းသိမ်းသူများနှင့် ဈေးကွက် ပရမ်းပတာဖြစ်စေသောတရားမဝင် ဈေးကွက်ရောင်းဝယ်မှုများကို စုံးစမ်းဖော်ထုတ်ခဲ့ပါသည်။ ဗဟိုဘဏ်ကလည်း ဈေးကွက်လိုအပ်ချက် များကို ဆက်ပြီး ထောက်ပံ့ပေးနေပါ သည်။

လေ့လာသူများ ကတော့ တရုတ် စတော့ ရှယ်ယာ မတည်ငြိမ်မှု တွေ ဆက်ပြီး ဖြစ်နေလိမ့်ဦးမည် လို့ ခန့်မှန်းထားကြပါသည်။( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.