Connect with us

Politics, Law & Military

ခေတ်သစ် ပိုးလမ်းမကြီး အဆိုပြုချက်အား အကောင်အထည်ဖော်ခြင်းဖြင့် အတူတကွ လက်တွဲ ဖွံ့ဖြိုးမှုကို ရယူကာ အကျိုးအမြတ်များ မျှဝေကြပါစို့

ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု အရ တရုတ် နိုင်ငံမှ ပူးတွဲ ဆောင်ရွက်ခဲ့သည့် ဂရိ နိုင်ငံ၏ Piraeus ဆိပ်ကမ်း တွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာကဆိုလျှင် ကုန်သည်များ နှင့် ဒေသသစ် စူးစမ်းရှာဖွေလေ့လာသူများ သည် ပူပြင်းလှသော သဲကန္တာရများနှင့် ပြင်းထန်လှသော ပင်လယ် ဒီရေလှိုင်းများကို ဖြတ်သန်းကာ သစ်ကုလားအုတ်များ နှင့် ရွက်လှေများကို စီးနင်း အသုံးပြု၍ ရှေးယခင် ပိုးလမ်းမကြီး နှင့် ရေကြောင်း ပိုးလမ်းမကြီးတို့တစ်လျှောက် ခေါက်တုံခေါက်ပြန် ခရီး သွားခြင်းဖြင့် ကမ္ဘာ့အရှေ့ခြမ်း နှင့် အနောက်ခြမ်းကို ဆက်သွယ်ကာ အံ့သြဖွယ် ကုန်သွယ်မှုများ ပြုခဲ့ကြသည်။

ယခုအခါတွင်မူ တရုတ် ပြည်သူ့သမ္မတ နိုင်ငံက အဆိုပါ ရှေးဟောင်း ကာလမှ သမိုင်းဝင် စီးပွားရေး လမ်းကြောင်း အမွေအနှစ်ကို ပြန်လည် ဖော်ထုတ်ရန် အတွက် ခေတ်သစ် ပိုးလမ်းမကြီး အဆိုပြုချက်အား ဖော်ဆောင်ရန် အဆိုပြုခဲ့ပြီ ဖြစ်သည်။အဆိုပါ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်ရန် အတွက် ကမ္ဘာတစ်ဝှမ်းလုံးမှ အားစိုက်ထုတ် ကြိုးပမ်း ပါဝင်မှုများကို ရှာဖွေလျက် ရှိကာ ဖွံ့ဖြိုး တိုးတက်မှုကို မျှဝေခံစားခြင်း နှင့် ဘုံအကျိုးစီးပွားတို့အတွက် လမ်းကြောင်းသစ် တစ်ရပ်ကို ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။

ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု အတွက် လွန်ခဲ့သည့် ၆ နှစ် ၊ ၂၀၁၃ ခုနှစ် အတွင်းတွင် တရုတ် နိုင်ငံမှ စတင် အဆိုပြုခဲ့ချိန်မှ စ၍ ယခု အထိ အတွင်းမှာပင် ထင်ရှားသော ရလဒ်များကို ရရှိခဲ့ကြောင်း တွေ့ရှိနိုင်ပြီ ဖြစ်သည်။ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုက ကမ္ဘာအနှံ့မှပင် ထောက်ခံမှုများကို ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံ နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၉ ခုတို့က ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ပူးပေါင်း ပါဝင်ရန် လက်မှတ် ထိုးထားကြပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်များ အတွင်း ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ပူးပေါင်း ဆောင်ရွက်မှု အရှိန်မြင့်လာသည် နှင့် အမျှ ကမ္ဘာ့နိုင်ငံများ အကြား ကုန်သွယ်မှု လျှင်မြန်ရေးကို ပျိုးထောင်ပေးခဲ့ကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမို စီးဝင်ရန်လည်း အကူအညီ ပေးခဲ့သည်။ထို့ပြင် ငွေရေးကြေးရေး ဆိုင်ရာ ရရှိမည့် လမ်းများ အတွက်ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ပိုမို ကျယ်ပြန့်သော ပြည်သူ အချင်းချင်း ဖလှယ်မှုများကိုလည်း အာရှတိုက် ၊ ဥရောပတိုက် ၊ အာဖရိကတိုက် နှင့် ထိုထက် ပို၍ပင် ဖန်တီးပေးနိုင်ခဲ့သည်ကို တွေ ့ရသည်။

ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု၏ ထုတ်လုပ်နိုင်မှု စွမ်းအား နှင့် လူကြိုက်များမှုတို့၏ နောက်ကွယ်တွင် အကြောင်း အချက် တစ်ချို့ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ပထမဆုံး အနေဖြင့် ယင်းက ပွင့်လင်း မြင်သာမှု ၊ အားလုံး မျှေ၀ ပါဝင်မှု နှင့် အပြန်အလှန် အကျိုးရှိမှုတို့အတွက် စိတ်ဓာတ်ကို ဖြစ်ပေါ်စေသည့် ရလဒ် ရရှိခဲ့သည့်ဟု ဆိုရပေမည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပထမ အကြိမ် ခေတ်သစ် ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ်တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြားရာတွင် “ကျွန်တော်တို့အနေနဲ့အခြား နိုင်ငံတွေနဲ့အတူ ဖွံ့ဖြိုး တိုးတက်မှု အတွက် လုပ်ငန်းတွေကို မျှေ၀ ခံစား သွားကြဖို့အဆင်သင့်ပါပဲ။ဒါပေမယ့် ကျွန်တော်တို့အနေနဲ့အခြား နိုင်ငံ တွေရဲ ့ပြည်တွင်း ရေးရာတွေမှာ ဝင်ရောက် စွက်ဖက်ဖို့လုံး၀ ရည်ရွယ်ချက် မရှိပါဘူး။ကျွန်တော်တို့ရဲ့ကိုယ်ပိုင် လူနေမှု စနစ်နဲ့ဖွံ့ဖြိုး တိုးတက်မှု ပုံစံကို အခြား နိုင်ငံတွေကို တင်ပို့သွားဖို့ ဒါမှမဟုတ် အခြား နိုင်ငံတွေ အပေါ် အခွင့်အရေး ရယူပြီး ဆောင်ရွက်သွားဖို့လဲ လုံး၀ ရည်ရွယ်ချက် မရှိပါဘူး။ ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုကို ဆောင်ရွက်ရာတွင် ခေတ်မမီတော့တဲ့ ပထဝီ နိုင်ငံရေး ဆိုင်ရာ ထိန်းချုပ် လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ပြုလုပ်သွားမှာ မဟုတ်ပါဘူး။”ဟု ပြောကြားခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီး ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်တွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီး၏ ပူးပေါင်း ဆောင်ရွက်ဖက် နိုင်ငံများသို့အခွင့်အလမ်းများ ၊ အတွေ့အကြုံများ နှင့် အရင်းအနှီးများကို ပို့ဆောင် ပေးသွားမည့် တစ်ချိန်တည်းမှာပင် ပိုမို ကျယ်ပြန့်သည့် တစ်ကမ္ဘာလုံးသို့လည်း ထိုသို့ဆောင်ရွက် ပေးသွားမည် ဖြစ်ကာ ကျယ်ပြန့်သော အကြံပေးမှု ၊ အတူတကွ ဖွံ့ဖြိုးမှု နှင့် အကျိုးအမြတ်များ မျှဝေခံစားမှု စသည့် အခြေခံမူ အတွက် ထောက်ခံ ကျင့်သုံးသွားမည်ဟု ဖော်ပြထားသည်။

ယနေ့ကမ္ဘာတွင် ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု၏ ဆက်နွယ် ပတ်သက်မှု နှင့် ထူးခြားမှုအား သက်သေခံမှု တစ်ရပ် အနေဖြင့် ၎င်း၏ မျှော်မှန်းချက်က အဓိက ကျသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး ပလက်ဖောင်းများ ပါဝင်လာကြသည်ကို တွေ့ရနိုင်သည်။ယင်းတို့တွင် အဓိက ကျသည့် နိုင်ငံတကာ အဖွဲ့အစည်းကြီးများ ဖြစ်သော ကုလသမဂ္ဂ အဖွဲ့၊ G-20 အုပ်စု ၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့နှင့် ရှန်ဟဲ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့တို့ကိုပါ တွေ့ရနိုင်ပေသည်။

ဒုတိယ အနေဖြင့်ကာ ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုက ကမ္ဘာ့နိုင်ငံများ အကြား ပိုမို ရင်းနှီးမှု အရှိန်ရစေရန် ပလက်ဖောင်း တစ်ရပ် ဖြစ်ပေါ်စေသည်ကိုလည်း တွေ့ရပေမည်။

ပိုးလမ်းမကြီး၏ စိတ်ဓာတ် အတွေးအခေါ်ယူဆချက်က လမ်းညွှန်သကဲ့သို့ပင် ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုက အဓိက ကျသော နယ်ပယ် ငါးရပ်တွင် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်သွားရန် ရည်ရွယ်ကြောင်း တွေ့ရှိရသည်။ယင်း နယ်ပယ်များမှာ မူဝါဒ ဆွေးနွေး ညှိနှိုင်းမှု ၊ အခြေခံ အဆောက်အအုံ ဆက်စပ်မှု ၊ ကုန်သွယ်ရေး ၊ ငွေရေးကြေးရေး နှင့် ပြည်သူ အချင်းချင်း ဖလှယ်မှုများပင် ဖြစ်သည်။

မူဝါဒ ညှိနှိုင်းမှုက ချောမွေ့သော ပူးပေါင်း ဆောင်ရွက်မှု ဖြစ်စေရန် အဓိက သော့ချက်ပင် ဖြစ်သည်။တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုကို အကြောင်းပြု၍ မည်သည့် နိုင်ငံ အပေါ်တွင်မှ လွှမ်းမိုး သြဇာ သက်ရောက် နိုင်ရန် ဆောင်ရွက်သွားမည် မဟုတ်ပေ။သို့သော် ၎င်း၏ ခေတ်သစ် ပိုးလမ်းမကြီး အဆိုပြုချက်အား လက်တွဲ ဖော်ဆောင်ဖက်များ၏ ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာများ နှင့် အတူ အဆိုပြုချက် ဖော်ဆောင်မှုအား အလိုက်သင့် ညီညွှတ်စေရန် အလေးထား ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ကြောင့်လည်း တရုတ် နိုင်ငံ အနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီး လက်တွဲ ဖော်ဆောင်ဖက် နိုင်ငံများ နှင့် အတူ စည်းကမ်း နှင့် အဆင့်အတန်းများ ဆိုင်ရာ မူဝါဒ သဘောတူညီချက်များ ၊ အခွန်ကောက်ခံမှုများ ၊ ကိုယ်ပိုင် အသိဉာဏ် ကာကွယ်မှု နှင့် အငြင်းပွားမှု ဖြေရှင်းရေး ဆိုင်ရာ သဘောတူညီမှုများကို လက်မှတ်ရေးထိုး သွားမည် ဖြစ်သည်။

အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှုကလည်း အဓိက ကျသော နေရာတွင် ရှိသည်ဟု ဆိုရပေမည်။ဂရိ နိုင်ငံတွင် တရုတ် နိုင်ငံမှ COSCO SHIPPING က ပူးတွဲ စီမံ ခန့်ခွဲသော Piraeus ဆိပ်ကမ်း တွင် ကွန်တိန်နာများကို အတင်/အချ ပြုလုပ်နိုင်စွမ်းအားမှာ ၂၀၁၀ ပြည့်နှစ်မှ စ၍ ငါးဆခန့်တိုးတက် လာခဲ့ရာ လွန်ခဲ့သည့် နှစ်က ကွန်တိန်နာ အလုံးရေ ၄ ဒသမ ၉ သန်းကို အတင်/အချ ပြုလုပ်နိုင်သည် အထိ စွမ်းရည် မြင့်မား လာခဲ့သည်။ ယင်းက ယခု အခါတွင် Piraeus ဆိပ်ကမ်းက COSCO SHIPPING က ပူးတွဲ စီမံ ခန့်ခွဲပြီး နောက်ပိုင်းတွင် ကမ္ဘာ့ထိပ်တန်း ဆိပ်ကမ်း ၁၀၀ အနက် ၉၃ ခုမြောက် အဆင့်မှ ၃၆ ခုမြောက် အဆင့်သို့ တိုးတက် လာသည်ကို တွေ့ရပေမည်။ အခြားသော အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများ ဖြစ်သည့် မီးရထားလမ်းများ ၊ မော်တော်ကားလမ်းများ ၊ လေကြောင်း ပို့ဆောင်ရေးများ ၊ စွမ်းအင် နှင့် ဆက်သွယ်ရေး ကဏ္ဍများတွင်လည်း သိသိသာသာကြီး တိုးတက်မှုများ ရရှိလာခဲ့သည်ကို တွေ့ကြရသည်။

အဆိုပါ စီမံကိန်းများမှာ တရုတ် နိုင်ငံ၏ စီးပွားရေး ကုမ္ပဏီများ အတွက်သာ အခွင့်အလမ်းများကို ဖြစ်ပေါ်စေခဲ့သည် မဟုတ်ပေ။ကမ္ဘာတစ်ဝှမ်း စီးပွားရေး လုပ်ငန်းများ အတွက် အကျိုးရှိစေခဲ့သည်။ ဥပမာ အားဖြင့် ပါကစ္စတန် နိုင်ငံ၏ ဆင်းဒ်(Sindh) ပြည်နယ်တွင် အမေရိကန် ၏ နိုင်ငံ ပေါင်းစုံ စီးပွားရေး လုပ်ငန်း ဆောင်ရွက်နေသော GE(General Electric) ကုမ္ပဏီကြီးက Power China ကုမ္ပဏီ နှင့် ပူးတွဲ ကန်ထရိုက် လုပ်ဆောင်ကာ လေအား လျှပ်စစ် ဓာတ်အားပေး တာဘိုင်စက်များကို ပံ့ပိုးပေးနိုင်ခဲ့သည်။ အမေရိကန် ကုမ္ပဏီကြီး အနေဖြင့် လုပ်ငန်း လည်ပတ်မှုနှင့် ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများ အတွက် ဆယ်နှစ်ခန့်ပံ့ပိုး ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

တရုတ်နိုင်ငံနှင့် ဥရောပအကြား လွန်းပြန် ပြေးဆွဲနေသည့် တရုတ်ကုန်တင် အမြန်ရထားများကြောင့် ဂျာမနီ နိုင်ငံ အနောက်ပိုင်း Duisburg မြို့တွင် မှတ်ပုံတင်ထားသော တရုတ်ကုမ္ပဏီများမှာ ၂၀၁၄ ခုနှစ်တွင် အရေအတွက် ၄၀ စင်း ရှိရာမှ ယခုအခါ ၁၀၀ ကျော် အထိ ရှိလာခဲ့သည်။ ကုန်တင်ရထား ပြေးဆွဲမှု များမှာလည်း အရေအတွက် တိုးပွားလာကာ တစ်ပတ်လျှင် ၃ စင်းမှ ၄၀ စင်းဝန်းကျင်အထိ ရှိလာခဲ့ကာ ဒေသတွင်း စီးပွားရေးအား တိုးတက်စေခဲ့သလို အလုပ်အကိုင် ၆,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့သည်။

ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် ကြည့်ပါက တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု (BRI) မိတ်ဖက်များနှင့် အဓိက ကမ္ဘာ့ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့်အတူ BRI ဆက်စပ်မှုရှိသော စီမံကိန်း များအတွက် အမျိုးမျိုးကွဲပြားပြီး ခိုင်မာသော ရန်ပုံငွေများ စီးဆင်းမှု သေချာစေရန် လုပ်ဆောင်လျက်ရှိသည်။

၂၀၁၆ ခုနှစ်တွင် စတင်ကြေညာခဲ့ချိန်ကစ၍ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သည် BRI တည်ဆောက်မှုအတွက် အဓိက နိုင်ငံစုံပါဝင်သော ပလက်ဖောင်းများထဲမှ တစ်ခုဖြစ်လာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ယုံကြည်မှုနှင့် အသိအမှတ်ပြုမှုများ ရရှိခဲ့သည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် AIIB တွင် အဖွဲ့ဝင်နိုင်ငံ ၉၃ နိုင်ငံရှိလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ အိုမန်နိုင်ငံ၊ တူရကီနိုင်ငံနှင့် အီဂျစ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံရှိ စီမံကိန်း ၃၅ ခုတွင် ချေးငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ ခွင့်ပြုခဲ့ပြီးဖြစ်သည်။

တတိယအချက်အနေဖြင့် BRI သည် ကမ္ဘာ့ကုန်သွယ်ရေး ပိုမိုဖြစ်ထွန်းလာစေရန် လမ်းကြောင်းသစ်၊ ပိုမိုပွင်လင်းသော ကမ္ဘာ့စီးပွားရေး ၊ အားလုံးပါဝင်သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဝါဒ တစ်ခု ချမှတ်ရာတွင် ကူညီရန် ကြိုးပမ်းလျက်ရှိခြင်းဖြစ်သည်။

လွန်ခဲ့သည့် ခြောက်နှစ်ကျော်အတွင်း တရုတ်နိုင်ငံနှင့် BRI တွင် ပါဝင်သည့် အခြားသော နိုင်ငံများအကြား စုစုပေါင်း ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၆ ထရီလီယံ ကျော်ရှိခဲ့ကြောင်း၊ ယင်းနိုင်ငံများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာလည်း ဒေါ်လာ ၈၀ ဘီလီယံကျော်လာခဲ့ကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာ့ဘဏ်နှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများ၏ နောက်ဆုံး လေ့လာချက်များတွင်လည်း BRI ပူးပေါင်းဆောင်ရွက်မှုမှာ ကမ္ဘာ့ကုန်သွယ်မှုကုန်ကျစရိတ်များအား ၁ ဒသမ ၁ မှ ၂ ဒသမ ၂ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှုအား အနည်းဆုံး သုည ဒသမ ၁ ရာခိုင်နှုန်း ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။

ထို့အတူ BRI က သာမန်ပြည်သူများပင် ခံစားသိရှိနိုင်သော ကွဲပြားခြားနားမှု တစ်ရပ်ကို လုပ်ဆောင်လျက် ရှိသည်။ မကြာသေးမီက ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ BRI နှင့် ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုများက နိုင်ငံစုံရှိ ထူးကဲသော ဆင်းရဲနွမ်းပါးသော ပြည်သူ ၈ ဒသမ ၇ သန်းနှင့် အလယ်အလတ် ဆင်းရဲနွမ်းပါးသော ပြည်သူ ၃၄ သန်းတို့အား ဆင်းရဲမှု အဆင့်အတန်းမှ မြှင့်တင်ရာတွင် အကူအညီ ဖြစ်စေကြောင်း ပြသထားသည်။

တရုတ်နိုင်ငံ နှင့် BRI တွင်ပါဝင်သော နိုင်ငံ ၂၄ နိုင်ငံမှ ပူးတွဲတည်ဆောက်ထားသော ပူးပေါင်းဆောင်ရွက်မှု ဥယျာဉ် ၈၂ ခုက အခွန်ငွေ ဒေါ်လာ ၂ ဘီလီယံကျော်နှင့် အိမ်ရှင်နိုင်ငံများအတွက် အလုပ်အကိုင် ၃၀၀,၀၀၀ ခန့် ဖန်တီး ပေးနိုင် ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ၊ သြဂုတ်လတွင် ကျင်းပခဲ့သော ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု ငါးကြိမ်မြောက် နှစ်ပတ်လည် သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတရှီက BRI အနေဖြင့် ယင်း၏ ရည်မှန်းချက်များကို အကြမ်းသဘော ပုံဖော်မှုများကိုသာ ပြုလုပ်ခဲ့သေးကြောင်း ၊ ယခု အခါတွင်မူ BRI ပူးပေါင်း ဆောင်ရွက်မှုမှ အရည်အချင်း ပြည့်မီသော ဖွံ့ဖြိုး တိုးတက်မှု ဆီသို့ထိန်းချုပ်ချီတက် နိုင်ရန် အသေးစိတ် ပုံဖော်ဆောင်ရွက် သွားရတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဧပြီလ ၂၅ ရက်တွင် စတင်ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ခေတ်သစ် ပိုးလမ်းမကြီးဖိုရမ် (BRF) က အဘယ်ကြောင့် ဤခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုက ကမ္ဘာတစ်ဝန်း၏ စိတ်ဝင်စားမှုအား ဆွဲဆောင်ထားသနည်းဆိုသည်ကို သံသယရှိသူများအား ပိုမိုနားလည်စေရန် အခွင့်အလမ်းတစ်ခု ကမ်းလှမ်းထားခြင်း ဖြစ်သလို ၎င်းတို့ပါဝင်လာကြရန် ဖိတ်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။ (Xinhua)