Connect with us

Economy

တရုတ်- အမေရိကန် ကုန်သွယ်ရေးပွတ်တိုက်ခြင်းကို အဖြေရှာရန် ဆွေးနွေးခြင်းက အဓိကဖြစ်နေဆဲ

တရုတ်-အမေရိကန် နှစ်နိုင်ငံအလံအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၉ ရက်(ဆင်ဟွာ)

တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီမှုတစ်ခု ရောက်ရှိရန် အလွန်နီးစပ်လာချိန်တွင် အမေရိကန်က တရုတ်ထုတ်ကုန်များအပေါ် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည်ဟု ရုတ်တရက် ကြေညာမှုတစ်ရပ်ထွက်ပေါ်လာခဲ့ပေသည်။ အမေရိကန်၏ လုပ်ရပ်ပေါ် အမှန်တကယ် မကြိုဆိုကြသလို အလုပ်လည်းဖြစ်လိမ့်မည်မဟုတ်ပေ။

တရုတ်နိုင်ငံအနေဖြင့် နှစ်ဖက်စလုံးအတွက် အကောင်းဆုံးရွေးချယ်မှုမှာ ပူးပေါင်းဆောင်ရွက်မှု နှင့် တွေ့ဆုံဆွေးနွေးမှုသာဖြစ်ကြောင်း စွဲစွဲမြဲမြဲ ယုံကြည်လက်ခံထားသည်။ အမေရိကန်ဘက်ခြမ်းအနေဖြင့် နှစ်ဖက်အပြန်အလှန်လေးစားမှုအပေါ် အခြေခံပြီး နှစ်ဖက်အပြန်အလှန်အကျိုးစီးမည့် ကုန်သွယ်ရေးသဘောတူညီချက် ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန်ပြုလုပ်ရန် တရုတ်နိုင်ငံနှင့် ချက်ခြင်းတွေ့ဆုံဆွေးနွေးသွားရမည်ဖြစ်သည်။

အမေရိကန်နိုင်ငံသည် ဒေါ်လာ ဘီလီယံ ၂ဝဝ ကျော် တန်ဖိုးရှိသည့် တရုတ်ထုတ်ကုန်များအပေါ် မေ ၁ဝ ရက်မှ စတင်ကာ သွင်းကုန်ခွန် ၁ဝ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် မေ ၅ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

အမှန်စင်စစ် အခွန်တိုးမြှင့်ကောက်ခံရန် ခြိမ်းခြောက်သည့် လုပ်ရပ်မှာ အမေရိကန်အတွက် အသစ်အဆန်းမဟုတ်တော့သည့် လှည့်ကွက်ဖြစ်သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပွတ်တိုက်မှု ပေါ်ပေါက်လာချိန် လွန်ခဲ့သော နှစ်အတွင်းကလည်း အလားတူ သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံရန် အမေရိကန်က ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်။

အမေရိကန် နှင့် တရုတ်အကြား လွန်းထိုးလွန်းပျံသံတမန်ဆက်ဆံရေး (Shuttle diplomacy) ကာလအတွင်း ကုန်သွယ်ရေးပွတ်တိုက်မှုများအပေါ် တရုတ် နှင့် အမေရိကန်သည် စကားဝိုင်းဆွေးနွေးပွဲ ဆယ်ကြိမ်ထိ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ နှစ်ဖက်စလုံးအတွက် ကောင်းကျိုးရရှိအောင် ဆွေးနွေးရေးအဖွဲ့များသည် သဘောတူညီမှုတစ်ခုရရှိစေရန် အချိန်ပေး၍ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ အရေးကြီးသော အဆင့်တစ်ခုတွင် တရုတ်ပြည်သူ ၊ အမေရိကန်ပြည်သူ နှင့် တစ်ကမ္ဘာလုံးက ယခင်ကဆွေးနွေးပွဲလိုမျိုးတစ်ကျော့ပြန် ရလဒ်များကို မြင်တွေ့လိုခြင်းမရှိပေ။

တရုတ်နိုင်ငံသည် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရန် ကြောက်ရွံ့နေခြင်း မရှိသလို လိုလားခြင်းလည်းမရှိပေ။ သို့သော် တခြားရွေးချယ်စရာမရှိသဖြင့် လိုအပ်လာပါက ပြန်လည်တိုက်ခိုက်ရန်သာ ရှိသည်။ တစ်နှစ်ကျော်ကြာတွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံအနေဖြင့် နှစ်ဖက်ကုန်သွယ်ရေးအရေးကိစ္စရပ်များတွင် ကာလကြာရှည် ခေတ်မီဆန်းပြားမှု နှင့် အခက်အခဲများရှိမှုကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်ခဲ့ရသည်။

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမည့်သဘောတူညီမှုတစ်ခု ရရှိစေရန် နှင့် ဘုံအကျိုးစီးပွားများအတွက် လေးနက်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမည်ဖြစ်သည်။

သို့သော် မည်သည့်အခြေအနေမျိုးကြုံတွေ့ရစေကာမူ ပြင်ဆင်မှုကိုလည်း အပြည့်အဝ ဆောင်ရွက်ထားပြီးဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ အရေးပါသောအမျိုးသားအကျိုးစီးပွားများကို ဆက်လက် ကာကွယ်သွားမည်ဖြစ်ပြီး ပြည်သူတို့၏ အခြေခံအကျိုးစီးပွားကို စောင့်ရှောက်ရန် နှင့် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များအပေါ် မည်သည့်အခါမှ အလျှော့ပေးသွားမည်မဟုတ်ပေ။

တရုတ်နိုင်ငံသည် တည်ဆောက်ပုံပြုပြင်ပြောင်းလဲရေးကို နက်ရှုှိင်းစွာ လုပ်ဆောင်ရန် အတည်ပြုခဲ့ပြီးဖြစ်သလို ပြင်ပကမ္ဘာနှင့် ဆက်ဆံရန် ၎င်း၏တံခါးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ထားသည်။ ပြီးခဲ့သော ဆယ်စုနှစ်များတွင် အဓိကစိန်ခေါ်မှုများနှင့်ကြုံတွေ့ရလင့်ကစား တရုတ်နိုင်ငံ၏ စီးပွားရေးသည် ရှင်သန်ရပ်တည်နိုင်ခဲ့သလို အမေရိကန်နှင့် ကုန်သွယ်ရေးပွတ်တိုက်မှုကိုလည်း ခိုင်မာစွာကြံ့ကြံ့ခံ နိုင်ခဲ့သည်။

ယခုနှစ် ပထမ လေးလတာကာလတွင် တရုတ်နိုင်ငံ၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP သည် နှစ်စဉ် ၆.၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ရာ ကမ္ဘာပေါ်တွင် စီးပွားရေးတိုးတက်မှု အလျင်မြန်ဆုံး နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။တရုတ်နိုင်ငံ၏ စီးပွားရေးသည် ကောင်းမွန်သောအခြေအနေတွင်ရှိပြီး ကာလရှည်အတွက်လည်း အခြေအနေကောင်းများတည်ရှိနေသည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက်အခွင့်အလမ်း၏ အရေးပါသောကာလတစ်ခုသို့ရောက်ရှိနေပြီး တစ်ဖန်ပြန်လည် နိုးထရန် ၊ အလွန်ကြီးမားသောအလားအလာ နှင့် ကြီးကျယ်သောတီထွင်ဖန်တီးမှုများလည်း လုံလုံလောက်လောက်ရှိနေပြီဖြစ်သည်။ တရုတ်နိုင်ငံသည် မယိမ်းမယိုင်သောနိုင်ငံတစ်ခုအဖြစ်တည်ရှိနေမှာဖြစ်သလို မည်သည့်စိန်ခေါ်မှု နှင့် အခက်အခဲမျိုးကို မဆို ကျော်လွှားနိုင်စွမ်းရှိသည်။

စွန့်ဦးတီထွင်သူများ နှင့် သာမန်တရုတ်ပြည်သူများသည် ခက်ခဲမှုများနှင့်ကြုံတွေ့သောအခါတွင် ပို၍ တည်ငြိမ်လာခဲ့ကြပြီးဖြစ်သည်။ ကျွနု်တို့၏ကိုယ်ပိုင်စီးပွားရေးကို ကောင်စွာစီမံခန့်ခွဲနိုင်ခဲ့သလို မကျော်လွှားနိုင်သော ခက်ခဲမှုမျိုး မရှိနိုင်ပေ။

အမှန်ဆိုရလျှင် ကုန်သွယ်ရေးစစ်ပွဲတွင် မည်သူမျှ အနိုင်မရနိုင်ပေ။ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားအင်ချိနဲ့နေချိန်တွင် တရုတ် နှင့် အမေရိကန် နိုင်ငံတို့သည် လက်ချင်းချိတ်၍ အမျှော်အမြင်ကြီးစွာဖြင့် လုပ်ဆောင်သွားရမည်သာဖြစ်သည်။ ယင်းမှာ နှစ်နိုင်ငံ ပြည်သူများ၏အကျိုးစီးပွားသာမက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှု နှင့် အကျိုးဖြစ်ထွန်းမှုကို မြှင့်တင်ခြင်းလည်း ဖြစ်ပေလိမ့်မည်။

တရုတ်နိုင်ငံအနေဖြင့် စေ့စပ်ညှိနှိုင်းရန် တံခါးဖွင့်ထားဆဲဖြစ်သည်။ တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် Liu He သည် မေ ၉ ရက် မှ ၁ဝ ရက်အထိ အမေရိကန်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ပြီး အပေါင်းလက္ခဏာတစ်ရပ်ကို ဖော်ညွှန်းခဲ့သလို တရုတ်နိုင်ငံ၏ ကျိုးကြောင်းဆီလျော်မှုရှိပုံကို ကမ္ဘာအားတွေ့မြင်စေခဲ့သည်။

တရုတ်သွင်းထုတ်ကုန်များအား အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံခြင်းအပေါ် နှစ်နိုင်ငံပြည်သူများအပါအဝင်ကမ္ဘာ့ပြည်သူများ၏ အကျိုးစီးပွားနှင့်ဆန့်ကျင်သော ကုန်သွယ်ရေးပွတ်တိုက်မှုအဖြစ် တရုတ်နိုင်ငံက မေ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ တရုတ်နိုင်ငံက တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။ပြီးတော့ အမေရိကန်က သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံဖို့စတင်အသက်ဝင်ပြီးဆိုတာနဲ့ တရုတ်နိုင်ငံဖက်ကလည်း လိုအပ်တဲ့ တန်ပြန်အရေးယူမှုတွေ လုပ်ဆောင်သွားရပါလိမ့်မယ်” ဟု တရုတ်နိုင်ငံက မေ ၈ ရက်တွင်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အမှန်စင်စစ် တရုတ်-အမေရိကန် ကုန်သွယ်ရေးဆက်ဆံမှုသည် မည်သူမျှ အနိုင်မရသည့် zero-sun game ပြိုင်ပွဲတစ်ခုဖြစ်သည်။ အရေးကြီးသော အခိုက်အတန့်တစ်ခုဆိုက်ရောက်လာချိန်တွင် နှစ်ဖက်စလုံးအနေဖြင့် တူညီသောသဘောထားအမြင်ကိုကျယ်ကျယ်ပြန့်ပြန့်ရယူရေး နှင့် သဘောထားမကိုက်ညီမှုများကို ကျဉ်းမြောင်းအောင်လုပ်ဆောင်သွားရေး အတွက် ကြီးမားသော ဉာဏ်အမြော်အမြင်များ ရှိရန်လိုအပ်လှပေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.