China
ရှန်ဟိုင်းမြို့ရှိ ဟွာဆန်းဆေးရုံတွင် ကျောရိုးနာ့ဗ်ကြောအာရုံခံခြင်းနှင့် လှုံ့ဆော်ခြင်းစနစ် လက်တွေ့စမ်းသပ်ကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ဟွာဆန်းဆေးရုံတွင် NEO ဟု လူသိများသော ကျောရိုးနာ့ဗ်ကြောအာရုံခံခြင်းနှင့် လှုံ့ဆော်ခြင်းစနစ် လက်တွေ့စမ်းသပ်ကုသမှု အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ ယင်းမှာ ရှန်ဟိုင်းမြို့၌ ထိုသို့ကုသမှုအမျိုးအစား၌ ပထမဆုံးဖြစ်ပြီး တရုတ်နိုင်ငံတစ်ဝန်း တတိယမြောက်လည်း ဖြစ်သည်။
ယာဉ်မတော်တဆမှုကြောင့် လည်ပင်းနှင့် ကျောရိုးနာ့ဗ်ကြောဒဏ်ရာရရှိခဲ့သည့် အသက် ၃၈ နှစ်အရွယ် လူနာတစ်ဦးမှာ ကနဦးက မတ်တတ်ရပ်ခြင်းနှင့် ဖမ်းဆုပ်ကိုင်ခြင်းများ မလုပ်ဆောင်နိုင်ခဲ့ပေ။ ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် အဆိုပါ လူနာသည် ပြန်လည်ကောင်းမွန်လာသည့်လက္ခဏာများ ပြသခဲ့ပြီး အိပ်ရာမှထလာနိုင်ပြီဖြစ်သလို ဘီးတပ်ကုလားထိုင်ပေါ်တွင်လည်း ထိုင်နိုင်နေပြီဖြစ်သည်။
အဆိုပါ ကုသရေးလုပ်ငန်းစဉ်ကို Neuracle Technology ကုမ္ပဏီလီမိတက်နှင့် ချင်းဟွာတက္ကသိုလ်မှ ပါမောက္ခ ဟုန်ပေါတို့က ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ရှန်ဟိုင်းမြို့တွင် တီထွင်၍ စမ်းသပ်ကုသပေးလျက်ရှိသော NEO ကုသမှုသည် ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ တီထွင်ဆန်းသစ်မှုရှိသော ဆေးဘက်ကိရိယာများဆိုင်ရာ အထူးသုံးသပ်ချက်အဖြစ် လုပ်ဆောင်မည့် တရုတ်နိုင်ငံ၏ ပထမဆုံး ကျောရိုးနာ့ဗ်ကြောအာရုံခံခြင်းနှင့် လှုံ့ဆော်ခြင်းစနစ် ဖြစ်လာခဲ့သည်။ ထိုကုသမှုစနစ်ကို ဦးနှောက်က အဆင့်မြင့် အသေးစိတ်ပုံရိပ်ဖော်ခြင်းနည်းပညာ၊ အသေးစားခွဲစိတ်ကုသမှုကို အကျိုးရှိရှိအသုံးချခြင်းဖြစ်ပြီး လက်ရှိတွင် လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
A successful clinical trial implantation of the Neural Sensing and Stimulation System, known as NEO, was completed at Huashan Hospital in Shanghai. This represents the first of its kind in the city and the third nationwide in China.
The 38-year-old patient, who had sustained a cervical spinal cord injury in a traffic accident, was initially unable to stand or grip. Following surgery, the patient showed promising signs of recovery. The patient was able to get out of bed and sit in a wheelchair.
The procedure was conducted by Neuracle Technology Co., Ltd and Professor Hong Bo’s team from Tsinghua University.
NEO, developed and tested in Shanghai, has become China’s first Neural Sensing and Stimulation System to enter the special review process for innovative medical devices as of August 2024. This system utilizes advanced brain mapping technology for precise, minimally-invasive implantation and is currently undergoing clinical trials. #Neurotech #MedicalInnovation