Connect with us

China

CPC ဗဟိုကော်မတီက တစ်ဆင့်တိုး၍ ဘက်စုံနက်ရှိုင်းစွာပြုပြင်ပြောင်းလဲရေး ဆုံးဖြတ်ချက်ကို အတည်ပြု

ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီက တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းမှု အဆင့်မြှင့်တင်ရေးအတွက် တစ်ဆင့်တိုး၍ ဘက်စုံနက်ရှိုင်းစွာပြုပြင်ပြောင်းလဲခြင်း ဆုံးဖြတ်ချက်ကို ဇူလိုင် ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပသော တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က အရေးကြီးမိန့်ခွန်းပြောကြားခဲ့ကြောင်း ဇူလိုင် ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ထိုအစည်းအဝေးတွင် ဗဟိုကော်မတီက နိုင်ငံရေးဗျူရိုကိုယ်စား ရှီက တင်သွင်းသော နိုင်ငံရေးဗျူရို လုပ်ငန်းအစီရင်ခံစာကို ကြားနာခြင်းနှင့် ဆွေးနွေးခြင်း၊ တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းမှု အဆင့်မြှင့်တင်ရေးအတွက် တစ်ဆင့်တိုး၍ ဘက်စုံနက်ရှိုင်းစွာပြုပြင်ပြောင်းလဲခြင်းအတွက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ကို သုံးသပ်ခြင်းနှင့် အတည်ပြုခြင်း စသည်တို့ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းဆိုင်ရာ ရှင်းလင်းဖော်ပြမှုမှတ်ချက်များကို ရှီက ဖတ်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
CPC Central Committee adopts resolution on further deepening reform comprehensively
BEIJING, July 18 (Xinhua) — The 20th Central Committee of the Communist Party of China (CPC) adopted a resolution on further deepening reform comprehensively to advance Chinese modernization at its third plenary session held here from Monday to Thursday.
The Political Bureau of the CPC Central Committee presided over the meeting. General Secretary of the CPC Central Committee Xi Jinping delivered important addresses, according to a communique released Thursday.
At the session, the Central Committee heard and discussed a report on the work of the Political Bureau, presented by Xi on behalf of the Political Bureau, and considered and adopted the Resolution of the Central Committee of the Communist Party of China on Further Deepening Reform Comprehensively to Advance Chinese Modernization. Xi delivered explanatory remarks on the draft version of the resolution.