Connect with us

China

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသတွင် မြေရှားသတ္တု အသစ်တစ်မျိုး တွေ့ရှိ

တရုတ်နိုင်ငံ မြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပေါင်ထိုး မြေရှားသတ္တု သုတေသနဌာနတွင် ဝန်ထမ်းတစ်ဦး မြေရှားသတ္တု နမူနာများ ခွဲခြမ်းစိတ်ဖြာခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဘူမိဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့က တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယခင်က မသိရှိခဲ့ရသေးသော မြေရှားသတ္တုသိုက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
Huanghoite-(Nd) ဟု နိုင်ငံတကာ သတ္တုဗေဒအဖွဲ့အစည်း (International Mineralogical Association) က တရားဝင်အမည်ပေးထားသည့် ထိုမြေရှားသတ္တုမှာ နီအိုဒီမီယမ် (Neodymium) ဖြင့် ဖွဲ့စည်းထားသော ကာဗွန်နိတ် (Carbonate) သတ္တုအမျိုးအစားအသစ်ဖြစ်ပြီး၊ နီအိုဒီမီယမ်သည် လျှပ်စစ်မော်တော်ယာဉ် မော်တာများနှင့် ကမ်းလွန် လေအားတာဘိုင်များတွင် အရေးပါသည့် “သံလိုက်သတ္တု” (Magnet Metal) တစ်မျိုးဖြစ်သည်။
တရုတ်နိုင်ငံ ဘူမိသိပ္ပံတက္ကသိုလ် (ဝူဟန့်) (China University of Geosciences (Wuhan)) မှ သုတေသီများနှင့် အတွင်းမွန်ဂိုလီးယား ဘူမိဗေဒလေ့လာရေးအဖွဲ့ (Inner Mongolia Geological Survey Institute) တို့က ၎င်းသတ္တုသိုက်ကို ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တု တူးဖော်ရေးမိုင်းတွင်းဖြစ်သော ပိုင်ယွင်အဲ့ပေါ် သတ္တုသိုက်၏ အဓိကသတ္တုရိုင်းတည်ရှိရာ အလယ်ပိုင်းအလွှာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘူမိဗေဒပညာရှင်အဖွဲ့ကို ဦးဆောင်ခဲ့သူ ကျောက်လိုင်စီက ဤတွေ့ရှိမှုသည် သတ္တုသိုက်၏ ရှုပ်ထွေးသော ဘူမိဓာတုဗေဒ သဘာဝနှင့် သယံဇာတမျိုးစုံ ကြွယ်ဝမှုကို ထင်ဟပ်ပြသနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————-
(English Version)
China finds new type of rare earth in Inner Mongolia
WUHAN, July 18 (Xinhua) — A team of Chinese geologists has identified a large deposit of a previously unknown rare-earth mineral in north China’s Inner Mongolia Autonomous Region.
The rare earth, officially named by the International Mineralogical Association as Huanghoite-(Nd), is a new carbonate mineral dominated by neodymium, the “magnet metal” that underpins electric-vehicle motors and offshore wind turbines.
Researchers from the China University of Geosciences (Wuhan) and the Inner Mongolia geological survey institute discovered the reserves in the mid-section of the main orebody within the Bayan Obo deposit, the world’s largest rare-earth mine.
Zhao Laishi, who led the team, said the find reflects the deposit’s intricate geochemistry and resource diversity.

English Caption
A staff member does an analysing job of rare earth samples at the Baotou Rare-earth Research Institute, north China’s Inner Mongolia Autonomous Region. (Xinhua/Ren Junchuan)