Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မကာအိုဒေသရှိ အစိုးရရုံးနှင့် စာသင်ကျောင်းသို့ သွားရောက်လည်ပတ်
မကာအို၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက မကာအိုဒေသရှိ အစိုးရရုံးတစ်ရုံးနှင့် စာသင်ကျောင်းတစ်ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဒေသခံများ၊ ကျောင်းဆရာများ၊ ကျောင်းသားများနှင့် စကားပြောဆိုခဲ့ကြောင်း သိရသည်။
သမ္မတ ရှီသည် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ချွေ့စိုင်အွန်နှင့်အတူ Areia Preta ရှိ အစိုးရရုံးနှင့် ဟောင်ကျန်းရှိ အလယ်တန်းကျောင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
သမ္မတ ရှီကျင့်ဖိန်သည် အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် မကာအိုဒေသသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)