Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ဗီယက်နမ် နိုင်ငံနှင့် စင်ကာပူ နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အခမ်းအနား တစ်ခုတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ် နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ တွင် အဆိုပါ အာရှ နှစ်နိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေး ဌာန ပြောရေး ဆိုခွင့်ရှိသူ က ယနေ့တွင် တရားဝင် ထုတ်ပြန် ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အတွင်းရေးမှူးချုပ် Nguyễn Phú Trọng နှင့် ဗီယက်နမ် သမ္မတ Truong Tan Sang တို့၏ ဖိတ်ကြား ချက်အရ ဗီယက်နမ် နိုင်ငံသို့ နိုဝင်ဘာလ ၅ ရက်နေ့ မှ ၆ ရက်နေ့ တွင် ဗီယက်နမ် နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ပြီး စင်ကာပူ နိုင်ငံ သမ္မတ Tony Tan ၏ ဖိတ်ကြားချက်ကြောင့်လည်း နိုဝင်ဘာလ ၆ ရက်နေ့ မှ ၇ ရက်နေ့တွင် စင်ကာပူ နိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူက ယနေ့တွင် တရားဝင် ထုတ်ပြန် ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယခင်လများ အတွင်း အမေရိကန် နိုင်ငံ ၊ ဗြိတိန် နိုင်ငံ စသည့် နိုင်ငံ များသို့ နှစ်နိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက် ခဲ့ပြီး ယခု ဖိတ်ကြားမှု အရ အာရှ ဒေသ နိုင်ငံ များသို့ ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ခြင်း ဖြစ်သည်။ (Xinhua)