Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ဘီလီယံနာ သူဋ္ဌေးအား ၁၆ နှစ် ကြာမှ ဘဏ်ဓါးပြအဖြစ် ဖမ်းမိ

လွန်ခဲ့သော ၁၆ နှစ်က ဘဏ်ဓါးပြတိုက်ခဲ့သူ ဘီလီယံနာ သူဌေးကြီးအား တရုတ်နိုင်ငံ ကျူးမားတျန်မြို့တွင်ဖမ်းမိခဲ့စဉ် (ဓာတ်ပုံ-အင်တာနက်)

ကျန့်ကျိုး၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟိုင်နန် ပြည်နယ်တွင် အိမ်ခြံမြေ သူဋ္ဌေးကြီး တစ်ဦးအား လွန်ခဲ့သော ၁၆ နှစ် က ဘဏ်ဓါးပြ တိုက်သူအဖြစ် ဓါးပြ တိုက်မှုတွင် ပါဝင်သူ လေးယောက်နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ဒေသခံ ရဲများက အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်း ဘီလီယံနာ သူဋ္ဌေး၏ မျိုးရှိးအမည်မှာ ရှီဖြစ်ပြီး ၎င်းအား အောက်တိုဘာလ ၂၁ ရက်နေ့ ကျူမားတျန် မြို့တွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အခြား သံသယရှိသူ သုံးယောက်အား ယင်းနေ့တွင်ပင် ဖမ်းဆီးရမိခဲ့ပြီး နောက်ဆုံး ငါးယောက်မြောက် သံသယရှိသူကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း ဟိုင်နန်ပြည်နယ် မြို့တော် ကျန့်ကျိုးမြို့ ပြည်သူ့ လုံခြုံရေး ဗျူရိုက ပြောကြားခဲ့သည်။

ကျူမားတျန် ဇာတိဖြစ်သော ရှီသည် အခြားအပေါင်းအပါ ၄ ဦး နှင့် အတူ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ဘဏ်တစ်ခုအား ဓါးပြတိုက်ခဲ့ပြီး ငွေသား တရုတ်ယွမ် ၂.၀၈ သန်း (အမေရိကန် ဒေါ်လာ ၃၂၀,၀၀၀) ကို ယူဆောင်သွားကာ ဘဏ်ဝန်ထမ်း ၂ ဦးကို ထိခိုက်ဒဏ်ရာ ရစေခဲ့ကြောင်း သိရသည်။ ထို့အပြင် ရှီသည် ဘဏ်ဓါးပြတိုက်ရန် အစီအစဉ်ကို နောက်ကွယ်မှ ကြိုးကိုင် စီစဉ်ခဲ့ကြောင်း သိရသည်။

ထိုအဖြစ်အပျက်သည် တစ်နိုင်ငံလုံးကို ထိတ်လန့်သွားစေသော်လည်း သံသယရှိသူ ငါးယောက်သည် ဥပဒေမှ နှစ်ပေါင်းများစွာ ရှောင်ပုန်းနိုင်ခဲ့ကြောင်း သိရသည်။ရှီသည် ဆောက်လုပ်ရေး စီမံကိန်း ကန်ထရိုက်တာ တစ်ဦးဖြစ်ပြီး ဓါးပြတိုက်မှုမှ ရရှိခဲ့သည့် ပိုက်ဆံ အားလုံးကို ကျူမားတျန်မြို့ ရှိ အိမ်ခြံမြေ ဈေးကွက်တွင် အသုံးပြုခဲ့ကာ ၎င်းမှ ဘီလီယံ များစွာ အကျိုးအမြတ် ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.