Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ တောင်တရုတ် ပင်လယ် တည်ငြိမ်အေးချမ်းရေး အတွက် လိုအပ်သော ဆောင်ရွက်မှု များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်

တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ရန်ယျိကျွင်းအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ ယနေ့ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ရန်ယျိကျွင်း က တရုတ် နိုင်ငံ အနေဖြင့် တောင်တရုတ် ပင်လယ် အပေါ် ခြိမ်းခြောက်လာမှု များအား လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်ကာ တောင်တရုတ် ပင်လယ် တည်ငြိမ် အေးချမ်းရေးအား ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဌာန မှ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာ အသီးသီးမှ မေးခွန်းများ မေးမြန်း ခဲ့ရာ၌် တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ က တရုတ်-အမေရိကန် နှစ်နိုင်ငံသည် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ဆိုင်ရာ စည်းစနစ်နှင့် နားလည်မှု စာချွန်လွှာများ ရေးထိုး ခဲ့ကြောင်း ၊ ကျွန်တော့ အနေဖြင့် ယခု မေးခွန်းများ မေးမြန်းခဲ့သူများ အနေဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် များတွင် သွားရောက်ကြည့်ရှုကာ ကြေညာချက် အပြည့်အစုံကို သိရှိ နိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ အချုပ်အခြာ အာဏာ တည်တံ ခိုင်မြဲရေး အတွက် ယခု ကိစ္စရပ်နှင့် ပတ်သက်၍ အကြိမ်ကြိမ် ကြေညာ ချက်များ ထုတ်ပြန် ခဲ့ပြီး ဖြစ်သောကြောင့် တရုတ် နိုင်ငံ စစ်ဘက် ဆိုင်ရာ အနေဖြင့် မည်သည့် လုံခြုံရေး ခြိမ်းခြောက်မှုကို မဆို လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့် ရှိသူက တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံအား မှားယွင်းသော ဆောင်ရွက်မှုကို ပိုမို ဆိုးရွားသည့် အခြေအနေ အထိမရောက်ရှိရန် တိုက်တွန်းလိုကြောင်း ၊ အကယ်၍ အမေရိကန် နိုင်ငံ အနေဖြင့် တစ်ကိုယ်ကောင်းဆန်စွာ ဆက်လက် ဆောင်ရွက်မည် ဆိုပါက “တစ်ဘက်စစ်တပ် အနေဖြင့် မည်သည့် ဆောင်ရွက်မှု ပြုလုပ်စေကာမှု လိုအပ်သော ဆောင်ရွက်မှုကို အစွမ်းကုန် ပြုလုပ်သွားမည်”ဟူသည့် စကားပုံ တရုတ် နိုင်ငံတွင် ရှေးယခင်တည်းက ရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ၏ အချုပ်အခြာအာဏာ အတွက် ထိန်းသိမ်း သွားမည် ဆိုသည့် စိတ်ဓာတ် အလွန် ခိုင်မာကြောင်း ပြောကြား ခဲ့သည်။
နောက်ဆုံး အနေဖြင့် ပြောရေးဆိုခွင့်ရှိသူက အမေရိကန် နိုင်ငံ၏ ယခုကဲ့သို လုံခြုံရေးအား ခြိမ်းခြောက်သည့် ပုံစံမျိုး ဆောင်ရွက် ခဲ့ခြင်းသည် တောင်တရုတ် ပင်လယ် အတွင်းရှိ လုံခြုံရေး ထိန်းသိမ်းရာ အစောင့် တပ်သား များအပေါ် ခြိမ်းခြောက်မှုများ ဖြစ်ပွားစေခဲ့ပြီး တရုတ် နိုင်ငံ အပေါ်လည်း အလွန် ဆိုးရွားသော နိုင်ငံရေး ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်စေခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံသည် ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဆိုင်ရာ ဥပဒေ ကိုလည်း ဖောက်ဖျက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး ဥပဒေ များကိုလည်း ဖောက်ဖျက် ခဲ့ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)