Connect with us

Politics, Law & Military

တရုတ်-ပြင်သစ် နှစ်နိုင်ငံ သမ္မတတို့မှ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီး ပူးပေါင်း ဆက်ဆံရေး အား တိုးမြှင့်သွားရန် သဘောတူညီခဲ့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ပြင်သစ်နိုင်ငံ သမ္မတ Francois Hollande တို့ အား နိုဝင်ဘာ ၂ ရက်နေ့က ပေကျင်း မြို့ရှိ ပြည်သူ့ခန်းမကြီးတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၂ ရက်နေ့တွင် ပေကျင်း မြို့ရှိ ပြည်သူ့ခန်းမကြီးတွင် ပြင်သစ် နိုင်ငံ သမ္မတ François Hollande နှင့်တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များမှ တရုတ်-ပြင်သစ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာမှု အပေါ် ဝမ်းမြောက်ကြောင်းနှင့် ရှေ့ဆက်၍ ပိုမို ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရန် သဘောတူညီကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ တရုတ်-ပြင်သစ် နှစ်နိုင်ငံ ခေါင်းဆောင်များ အနီးကပ် တွေဆုံ ဆွေးနွေးသည့် ဆက်ဆံရေး ရှိခြင်းသည် အလွန် ကောင်းမွန်သည့် အစဉ်အလာ တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းမှု ဖြင့် ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး ခေတ်သစ်အား ပိုမို တောက်ပသည့် အသွင်သဏ္ဍန် ဖြစ်ပေါ်လာရန် ပြောကြား ခဲ့သည်။

တရုတ်-ပြင်သစ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ အကြံပေး ချက် ၃ ခု ပြောကြား ခဲ့သည်။ ၎င်းတို့မှာ အောက်ပါ အတိုင်း ဖြစ်သည် -(၁) နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု နှင့် အာမခံမှု ရှိခြင်းကို အကောင်အထည် ဖော်သွားရမည် ဖြစ်ပြီး တရုတ်-ပြင်သစ် နှစ်နိုင်ငံ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး ဆက်ဆံမှု အား ထိန်းသိမ်း သွားရမည် ဖြစ်ကြောင်း၊ (၂) လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှု များနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း များအား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နျူကလီးယား လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၊ လေယာဉ် တည်ဆောက်မှု စသည့် ကဏ္ဍကြီး များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၊ ပြင်သစ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း အပေါ် ထောက်ခံ အားပေးမှုကို ကြိုဆိုကြောင်း နှင့်(၃) တရုတ်-ပြင်သစ် နှစ်နိုင်ငံ ဆက်ဆံရေးအား နိုင်ငံကြီး ဆက်ဆံရေး ပုံစံသို့ပြောင်းလဲရန် အတူတကွ ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပြင်သစ် နိုင်ငံနှင့် အတူတကွ နှစ်ဦးနှစ်ဘက် အကျိုး ဖြစ်ထွန်း စေသည့် မူဝါဒဖြင့် အင်အားကြီး နိုင်ငံ ဆက်ဆံရေး ပုံစံ တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ တရုတ် နိုင်ငံ အနေဖြင့် ပြင်သစ် နိုင်ငံတွင် ကျင်းပမည့် ပဲရစ် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အစည်းအဝေး ကြီးအား အပြည့်အဝ ထောက်ခံကြောင်း ၊ တရုတ် နိုင်ငံနှင့် အီးယူ အဖွဲ့အစည်းသည် ကမ္ဘာ့ နိုင်ငံရေး အခြေအနေ၏ အဓိက အင်အား နှစ်ရပ် ဖြစ်ကြောင်း ၊ ထို့ကြောင့် ပြင်သစ် နိုင်ငံနှင့် အတူတကွ တရုတ်-အီးယူ ဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်ရေး အတွက် ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ပြင်သစ် နိုင်ငံ သမ္မတ François Hollande မှ ယခု အကြိမ် တရုတ် နိုင်ငံသို့ လာရောက် လည်ပတ်ခြင်း ၏ အဓိက ရည်ရွယ်ချက်မှာ ပြင်သစ်-တရုတ် ဘက်စုံ မဟာဗျူဟာ ဆက်ဆံရေးအား တွန်းအား ပေးနိုင်ရန် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် နှစ်နိုင်ငံမှ နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှုအား ထိန်းသိမ်း ထားနိုင်ခဲ့ပြီး စီးပွားရေး ၊ ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှု ၊ နျူကလီးယား စွမ်းအင် ၊ ခရီးသွား နှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍ များတွင် ပူးပေါင်း ဆောင်ရွက်မှု အဆက်မပြတ် တိုးမြှင့် နိုင်ခဲ့ကြောင်း ၊ ပြင်သစ် နိုင်ငံနှင့် တရုတ် နိုင်ငံတို့မှာ ကုလသမဂ္ဂ အမြဲတန်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြပြီး အပြည်ပြည်ဆိုင်ရာ ကိစ္စ ရပ်များတွင် သဘောထား အမြင်များ တူညီ ကြကြောင်း ၊ ပြင်သစ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံနှင့် ပူးပေါင်းကာ ပဲရစ် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲအား အောင်မြင်မှုများစွာ ရရှိနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ ပြင်သစ် နိုင်ငံ အနေဖြင့် ဗြိတိန် နိုင်ငံနှင့် ဂျာမနီ နိုင်ငံတု့ိနှင့် ပူးပေါင်းကာ အီးယူ-တရုတ် ဆက်ဆံရေး အား တွန်းအား ပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နှစ်နိုင်ငံ သမ္မတများက ဆွေးနွေးပွဲ အပြီးတွင် တရုတ်-ပြင်သစ် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပူးတွဲ ကြေညာ စာတမ်းအား ထုတ်ပြန်ခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ (Xinhua)