Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ် အတွင်းသို့ အမေရိကန် စစ်သင်္ဘော စေလွှတ်မှုအား တရုတ် သတိပေး

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိအား အစည်းအဝးတစ်ခု တွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ် အတွင်း အဓိပ္ပါယ်မဲ့သော လုပ်ရပ် လုပ်ဆောင်ခြင်းအား ဆက်လက် မပြုလုပ်ရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက အမေရိကန်နိုင်ငံအား အောက်တိုဘာ ၂၇ ရက်နေ့တွင် သတိပေးလိုက်သည်။

ပေကျင်းတွင် ပြုလုပ်နေသော ဆွေးနွေးပွဲ တစ်ခု၌ တောင်တ ရုတ်ပင်လယ် အတွင်းရှိ တရုတ်နိုင်ငံပိုင် ကျွန်းအနီး ရေမိုင် ၁၂ မိုင် အတွင်းသို့ အမေရိကန် ရေတပ်မှ စစ်သင်္ဘော စေလွှတ်မှု၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ မည်သို့ တုံ့ပြန်မလဲ ဟူသော မေးခွန်းအပေါ် ဝမ်က မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

“ဒီကိစ္စကို ကျွန်တော်တို့ ဆက်ပြီး စောင့်ကြည့်သွားမှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“ဒီကိစ္စသာ မှန်ခဲ့မယ်ဆိုရင် မလုပ်ခင်မှာ နှစ်ကြိမ်လောက် ပြန်ပြီး စဉ်းစားဖို့ အမေရိကန်ကို အကြံပေးချင်တယ်” ဟု ပြောကြားခဲ့သလို အမြော်အမြင်မရှိသော နည်းလမ်းများနှင့် အဓိပ္ပါယ် မရှိသော လုပ်ရပ်အား မလုပ်ဆောင် သင့်ကြောင်း ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)