Connect with us

Politics, Law & Military

ကမ္ဘာ့ တရုတ် လူမျိုး ကုန်သည်ကြီးများ အစည်းအဝေး အား မကာအို တွင် ကျင်းပ ခဲ့ပြီး “ခေတ်သစ် ပိုးလမ်းမကြီး” မဟာဗျူဟာ အရ ပူးပေါင်းဆောင်ရွက် နိုင်သော အခွင့်အလမ်း များအား ဆွေးနွေး

တရုတ် နိုင်ငံ မကာအို မြို့တွင် အောက်တိုဘာ ၂၄ ရက်နေ့က ကျင်းပ သည့် ၁၂ ကြိမ်မြောက် ကမ္ဘာ့တရုတ် လူမျိုး ကုန်သည်ကြီး များ အစည်းအဝေး တွင် တရုတ် နိုင်ငံ ပင်လယ်ရပ်ခြား တရုတ်လူမျိုးရေးရာ ဌာန ဒုတိယ ဥက္ကဌ ထမ်းထျန်းရှင်း မှ မိန့်ခွန်းပြောကြား နေစဉ် (ဓာတ်ပုံ-အင်တာနက်)

မကာအို ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ မကာအို မြို့တွင် အောက်တိုဘာ ၂၄ ရက်နေ့က “ခေတ်သစ်ပိုးလမ်းမကြီး-ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး လုပ်ငန်းပုံစံသစ်” ဟူသော ခေါင်းစဉ်ဖြင့် ကမ္ဘာ့အနှံအပြား ရှိ တရုတ် လူမျိုး ကုန်သည် များမှ အစည်းအဝေး တရပ် အား ကျင်းပ ခဲ့ကြသည်။

ထို အစည်းအဝေး တွင် ကမ္ဘာ့အနှံအပြား နိုင်ငံ ပေါင်း ၃၆ နိုင်ငံကျော် မှ တရုတ် လူမျိုး ကုန်သည်ကြီး များ ၁၆၅၀ ကျော် နှင့် အသင်းအဖွဲ့ ကိုယ်စားလှယ် များမှ လည်းတက်ရောက် ခဲ့ကြသည်။

အစည်းအဝေး ဖော်ဆောင်သူ ကမ္ဘာ့ တရုတ်လူမျိုး ကုန်သည်ကြီးများ အသင်း ဥက္ကဌ တင်းခိုင်အိမ်း မှ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း သည် ဖ့ွံဖြိုး တိုးတက်ရေး အတွက် မဟာဗျူဟာ သစ် တစ်ရပ် ဖြစ်ပြီး ကမ္ဘာ့အနှံ အပြားရှိ တရုတ် လူမျိုး ကုန်သည်ကြီး များအနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီး မှ တစ်ဆင့် အပြည်ပြည် ဆိုင်ရာ ဈေးကွက် တွင် ပိုမို တောက်ပ ကောင်းမွန် သည့် အခွင့်အလမ်း များ ရရှိ နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မကာအို အထူးဒေသ အုပ်ချုပ်ရေးမှူး လှန်ဝေထဲ့ မှ ပင်လယ်ရပ်ခြားရောက် တရုတ် လူမျိုး များနှင့် တရုတ် ကုန်သည် ကြီး များအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရာတွင် အတူတကွ ပူးပေါင်း ပါဝင် သွားရန် လိုအပ်ကြောင်း ၊ အပြန်အလှန် အကြိုးပြု နိုင်သည့် စီမံကိန်း ကြီး အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ ဤ အစည်းအဝေး မှ တစ်ဆင့် တရုတ် လူငယ် များ အတွက် လည်း ဆန်းသစ်သော စီးပွားရေး လုပ်ငန်း တည်ထောင် နိုင်ရန် အတွက် အထောက်အကူ ဖြစ်နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖိတ်ကြားမှု အရ အစည်းအဝေး တက်ရောက် ခဲ့သည့် ပင်လယ် ရေလက်ကြား ဆက်ဆံရေး အဖွဲ့ဥက္ကဌ ချိန်သယ်မင်း မှ ခေတ်သစ်ပိုးလမ်းမကြီး မဟာဗျူဟာသည် တရုတ်-အာရှ ၊ အရှေ့အာရှ နှင့် ဥရောပ ဈေးကွက် အတွက်တာ မဟုတ်ဘဲ တရုတ် နိုင်ငံ ၏ အနောက်ပိုင်း ရှိ ပြည်နယ် များ ဖွံဖြိုးတိုးတက်ရန် အတွက်လည်း ဖြစ်ကြောင်း ၊ ယခု အစည်းအဝေး မှ တစ်ဆင့် ကမ္ဘာ့ အနှံအပြား ရှိ တရုတ် လူမျိုး ကုန်သည်ကြီး များမှ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း တွင် တက်ကြွစွာ ပါဝင်ရန် တိုက်တွန်း လိုကြောင်း ပြောကြာ းခဲ့သည်။

ယခု ကျင်းပသော အစည်းအဝေး သည် ကမ္ဘာ့ တရုတ်လူမျိုး ကုန်သည်ကြီးများ အသင်း ၊ မကာအို ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး ဌာန ၊ မကာအို အထူးဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဌာန ၊ တရုတ် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး တိုးတက်ရေး ကော်မတီ နှင့် ထိုင်ဝမ် စီပွားရေး အဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပ ခဲ့ခြင်း ဖြစ်သည်။ (Xinhua)