Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံ မှ တောင်တရုတ်ပင်လယ်သို့ စစ်သင်္ဘော စေလွှတ် ခဲ့ခြင်းကို တရုတ် နိုင်ငံ အနေဖြင့် လုံးဝ လက်မခံ နိုင်ကြောင်း ထုတ်ပြန်

တရုတ် နိုင်ငံ မှ စေလွှတ်ခဲ့သည့် စစ်သင်္ဘော အားမြင်တွေ့ခဲ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးမှ တောင်တရုတ်ပင်လယ် သို့ အမေရိကန် နိုင်ငံ ၏ စစ်သင်္ဘော စေလွှတ် ခဲ့ခြင်းကို လုံးဝ လက်မခံ နိုင်သောကြောင့် တရုတ် နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် အား ဆွေးနွေး ခဲ့ပြီး ဖြေရှင်းချက် ပေးရန် တောင်းဆို ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မှလည်း တရုတ် နိုင်ငံ အချုပ်အခြာ ပိုင် နယ်မြေ အတွင်း သို့ အမေရိကန် နိုင်ငံ ၏ စစ်သင်္ဘော စေလွှတ်ခြင်းသည် တရုတ် နိုင်ငံ ပိုင် ကျွန်းများနှင့် ၎င်းဒေသတွင်းရှိ ပြည်သူ လူထု များ၏ လုံခြုံရေးအား စိုးရိမ်စရာဖြစ်ပွားစေခဲ့ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအား အနှောက်အယှက် ဖြစ်စေကြောင်း ထုတ်ပြန် ခဲ့သည်။

တရုတ် နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မှလည်း အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အချုပ်အခြာပိုင် တောင်တရုတ် ပင်လယ်သို့ စစ်သင်္ဘော စေလွှတ် ခဲ့ခြင်း နှင့် ပတ်သက်၍ လုံးဝ လက်မခံ နိုင်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အစိုးရ အဖွဲ့အစည်း နှင့် အကြိမ်ကြိမ် ဆွေးနွေး ခဲ့သည် ကို အလေးမထားဘဲ တရုတ် နိုင်ငံပိုင် ပင်လယ်ပြင်သို့ စစ်သင်္ဘော စေလွှတ်ခြင်းသည် တရုတ် နိုင်ငံ ၏ အချုပ်အခြာအဏာ ကို မလေးစားရာ ရောက်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ၏ စစ်သင်္ဘော စေလွှတ်၍ မငြိမ်သက်မှု ပြုလုပ် ခဲ့ခြင်း ကြောင့် တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်သင်္ဘောများ စေလွှတ်ကာ အမေရိကန် စစ်သင်္ဘောကို လိုက်လံစောင့်ကြည့် ရန်အတွက် လုပ်ဆောင်နေကြောင်း သိရှိရသည်။(Xinhua)