Politics, Law & Military
CPC က စစ်တပ်အပေါ် အပြည့်အဝ ဦးဆောင်လျက်ရှိကြောင်း သမ္မတ ရှီ ထပ်လောင်း ပြောကြား
ပေကျင်း၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) အပေါ် တရုတ် ကွန်မြူနစ်ပါတီ (CPC) က အပြည့်အဝ ဦးဆောင်ကြောင်း သမ္မတ ရှီကျင့်ဖိန်က သြဂုတ်လ ၁ ရက်က ထပ်လောင်းပြောကြားခဲ့သည်။
“ခိုင်မာတောင့်တင်းသော တပ်မတော် တည်ဆောက်ရန်အတွက် ပါတီ၏ ခေါင်းဆောင်မှုအား တပ်မတော်အတွင်း မဆုတ်မနစ် လိုက်နာစောင့်ထိန်းသင့်ပြီး တပ်မတော်က ပါတီရဲ့ ဦးဆောင်မှုနောက်သို့ အသေအချာ လိုက်ရမှာ ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြုလုပ်သော PLA တည်ထောင်ခြင်း နှစ် ၉၀ ပြည့် အခမ်းအနား၌ သမ္မတ ရှီက မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)