Connect with us

Politics, Law & Military

SCO က နိုင်ငံတကာ တုံ့ပြန်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်ရှိကြောင်း သမ္မတ ရှီပြောကြား

၁၈ ကြိမ်မြောက် SCO ထိပ်သီးအစည်းအဝေး မီဒီယာစင်တာအား တွေ့ရစဉ် (ဆင်ဟွာ)

ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization) က နိုင်ငံတကာ တုံ့ပြန်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် ကမ်းရိုးတန်းမြို့ဖြစ်သော ချင်းသောင်တွင် ပြုလုပ်သည့် ၁၈ ကြိမ်မြောက် SCO ထိပ်သီးအစည်းအဝေး ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ရှီက မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

တန်းတူညီမျှမှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိမှုကို အခြေခံ၍ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ အပါအဝင် ဒေသဆိုင်ရာ နိုင်ငံများနှင့်အတူ နိုင်ငံများအားလုံး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ အပြန်အလှန် ဆွေးနွေးမှုနှင့် ဖလှယ်မှုများ လုပ်ဆောင်ကာ ကမ္ဘာကြီး၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဘုံ ကြွယ်ဝချမ်းသာရေးကို ပူးတွဲမြှင့်တင်ကြမည် ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.