Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းမှ ပုံစံ ရေးဆွဲ ထုတ်လုပ်သည့် သံလိုက် ရထား စတင် စမ်းသပ် မောင်းနှင်

ဟူနန် ပြည်နယ်၊ ချန်ရှမြို့တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က စမ်းသပ် မောင်းနှင်နေသော သံလိုက် ရထားကို တွေ့ရစဉ် (ဆင်ဟွာ)

ချန်ရှ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပြည်တွင်းမှ ပထမဆုံး ဒီဇိုင်း ရေးဆွဲ ထုတ်လုပ်လိုက်သည့် ဟူနန် ပြည်နယ်၊ ချန်ရှမြို့ ရှိ သံလိုက် ရထားလမ်း ပေါ်၌ ဒီဇင်ဘာလ ၂၆ ရက်နေ့က စမ်းသပ် မောင်းနှင်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သံလိုက် ရထားလမ်း သည် ချန်ရှမြို့တောင်ပိုင်း ဘူတာရုံနှင့် လေဆိပ်တို့ ကြား၌ မှတ်တိုင် တစ်ခုသာ ထား၍ ပြေးဆွဲထားပြီး ၁၈.၅၅ ကီလိုမီတာ အကွာအဝေး ရှိသည့် ခရီးအား ၁၀ မိနစ်ခန့်ဖြင့် ရောက်ရှိ နိုင်ကြောင်း Hunan Maglev Transport company ၏ ပြောကြားချက် အရ သိရသည်။

ဟူနန် ပြည်နယ် ကျူးကျိုးရှိ ရထား ထုတ်လုပ်ရေး CRRC မှ ပုံစံ ရေးဆွဲ ထုတ်လုပ်ထားသည့် “Zhuifengzhe” ရထားများကို သံလိုက် ရထားလမ်းပေါ်၌ ပြေးဆွဲသွားမည် ဖြစ်ပြီး အဆိုပါ ရထားများသည် ၄၈ မီတာ ရှည်လျား ကာ အတွဲ သုံးတွဲဖြင့် လူပေါင်း ၃၆၃ ဦးကို တင်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းရထားများသည် တစ်နာရီလျှင် အမြင့်ဆုံး မောင်းနှင်နိုင်သည့် အမြန်နှုန်း မှာ ၁၀၀ ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ ထုတ်လုပ်သော အလယ်အလတ် အမြန်နှုန်း ရှိသည့် သံလိုက် ရထားလမ်းသည် တစ်ကီလိုမီတာ လျှင် ဖောက်လုပ်ခ တရုတ်ယွမ် ၁၉၅ သန်း (အမေရိကန် ဒေါ်လာ သန်း ၃၀ ခန့်) ကုန်ကျပြီး ရထားလမ်း ဖောက်လုပ်မှုကြောင့် ရွှေ့ပြောင်း လိုက်ရသည့် မြေနေရာများ အတွက် ပေးလျော်ရမည့် အဖိုးအခများ မပါဝင် သေးကြောင်း သိရသည်။

ထုတ်ပြန်ချက် အရ သံလိုက် ရထားလမ်း ဖောက်လုပ်မှုသည် တည်ဆောက်ရေးနှင့် ပြုပြင် ထိန်းသိမ်းရေး စရိတ် များစွာ သက်သာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.