ပေကျင်း ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ သန့်စင်သော စွမ်းအင်အသုံးပြုရေးကို အားပေးမြှင့်တင်ရန် ကျေးလက်ဒေသများတွင် မီသိန်းဓာတ်အားပေးစီမံကိန်းများ(methane projects) အတွက် ယွမ်ငွေ ဘီလီယံ ၅ဝ ( အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံကျော်)ကို အစိုးရက ရင်းနှီးမြှုပ်နံှမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားသားများ၏ လက်ဗွေပုံစံများ ရယူသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာနက ပြောကြားထားသည်။
ရှီးအန်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) လူသား အပါအဝင် အသက် အကြီးဆုံး သက်ရှိဗီဇအုပ်စုဝင် တစ်ခုဟု ယုံကြည်ရသည့် နှစ်သန်းပေါင်း ၅၃၅ ခန့်ရှိပြီး သေးငယ်လှသော သတ္တဝါ တစ်မျိုးကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ကူမင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) နှစ်ပေါင်း ၆ သန်းခန့်က ဖျံ ကျောက်ဖြစ်ရုပ်ကြွင်းမျိုးစိပ်သစ်များအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) Shenzhou-11 အာကာသယာဉ်၏ အာကာသ ပျံသန်းမှု၌ အထူးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး နိုင်ငံ၏ အာကာသ ဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများ လုပ်ဆောင်နိုင်ခဲ့သည့် အာကာသ ယာဉ်မှူး နှစ်ဦးအား ဂုဏ်ပြုသည့် အခမ်းအနားအား တရုတ်နိုင်ငံတွင် ဇန်နဝါရီလ ၂၀...
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၅၈ ခုနှင့်အတူ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းမှု ဆက်ဆံရေး တည်ထောင်ခဲ့ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဋ္ဌာနက ဇန်နဝါရီလ ၁၃ ရက်က ပြောကြားလိုက်သည်။
ကွေ့ကျိုး၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Luodian မြို့ရှိ ဆွေဟော်မြစ် အပန်းဖြေစခန်း တွင် တည်ဆောက်ထားသော ရေပေါ်လမ်းသည် ၅၁၂၇.၃၇ မီတာအရှည်ရှိကြောင်း သိရသည်။
ရှီချန်း၊ ဇန်နဝါရီ ၆ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမှတ် (၂) တယ်လီကွန်းနည်းပညာ စမ်းသပ် ဂြိုဟ်တုသစ်တစ်လုံးအား နိုင်ငံ၏ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှီချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ ဇန်နဝါရီ ၅ရက် ညပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၇ရက် (ဆင်ဟွာ) Shenzhou-11 အာကာသယာဉ်လွှတ်တင်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ကြသည့် အာကာသယာဉ်မှူး ၂ဦး အား တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာမှုတွင် ၎င်းတို့၏ ပါဝင်ကြိုးပမ်းမှုအား အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ကျူချွမ်၊ ဒီဇင်ဘာ ၂၂ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Gobi သဲကန္တာရ အတွင်းရှိ ကျူချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ ကာဗွန်ဒိုင်အောက်ဆိုဒ် လေ့လာစောင့်ကြည့်ရေးဂြိုဟ်တုအား Long March-2D ဒုံးပျံဖြင့် ဒီဇင်ဘာ ၂၂ရက် ဒေသစံတော်ချိန် နံနက် ၃း၂၂နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။