Connect with us

Science & Technology

တရုတ်နိုင်ငံ၏ C919 လေယာဉ်အား ရှင်းကျန်းပြည်နယ်အတွင်း မြင့်မားသောအပူချိန်တွင် စမ်းသပ်ပျံသန်းမှုများ ပြုလုပ်

တရုတ်နိုင်ငံထုတ် C919 ခရီးသည်တင်လေယာဉ် ရှင်းကျန်းပြည်နယ် ထူလူဖန်းလေဆိပ်သို့ ဇွန် ၂၈ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဝူးလူမုချီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော C919 ခရီးသည်တင်လေယာဉ်ကြီးအား နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂေါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူလူဖန်းမြို့အတွင်း မြင့်မားသောအပူချိန်တွင် စမ်းသပ်ပျံသန်းမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

ယင်းစမ်းသပ်ပျံသန်းမှုပြုလုပ်မည့် လေယာဉ်သည် ထူလူဖန်းမြို့သို့ ဇွန် ၂၈ ရက်က ရောက်ရှိလာခဲ့ပြီး စမ်းသပ်မှုများကို တစ်လကြာပြုလုပ်သွားမည်ဖြစ်သည်။တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်းမှ လေယာဉ်စမ်းသပ်ပျံသန်းရေးအဖွဲ့က နိုင်ငံတစ်ဝန်းရှိ လေဆိပ်များ၏ မိုးလေဝသဆိုင်ရာသတင်းများကို လေ့လာဆန်းစစ်ပြီးနောက် ထူလူဖန်းလေဆိပ်တွင် စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ရန်နှင့် ပျံသန်းမှုအချက်အလက်များ စုဆောင်းရန် ဆုံးဖြတ်ခဲ့ကြောင်း လေဆိပ်လုံခြုံရေးနှင့် အရည်အသွေး ကြီးကြပ်ရေးဗျူရို အကြီးအကဲ ဝမ်လီဖေးက ပြောခဲ့သည်။ 

တရုတ်နိုင်ငံထုတ် C919 ခရီးသည်တင်လေယာဉ် ရှင်းကျန်းပြည်နယ် ထူလူဖန်းလေဆိပ်သို့ ဇွန် ၂၈ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ထူလူဖန်မြို့သည် အထူးသဖြင့် ရာသီဥတုဆိုးဝါးသည့် နွေရာသီတွင် ကြမ်းတမ်းသော သဲကန္တာရရာသီဥတု အခြေအနေကြောင့် နာမည်ကျော်ကြားလှသည်။ ယင်းဒေသသည် ဇွန်လမှ  ဩဂုတ်လအတွင်း ပျမ်းမျှအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ကျော်ထိ ရှိကြောင်း သိရသည်။ 

တရုတ်နိုင်ငံထုတ် C919 ခရီးသည်တင်လေယာဉ် ရှင်းကျန်းပြည်နယ် ထူလူဖန်းလေဆိပ်သို့ ဇွန် ၂၈ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် C919 ခရီးသည်တင်လေယာဉ် ရှင်းကျန်းပြည်နယ် ထူလူဖန်းလေဆိပ်သို့ ဇွန် ၂၈ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် C919 ခရီးသည်တင်လေယာဉ် ရှင်းကျန်းပြည်နယ် ထူလူဖန်းလေဆိပ်သို့ ဇွန် ၂၈ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

C919 လေယာဉ်သည် ၂၀၁၇ ခုနှစ်တွင် ပွဲဦးထွက်ပျံသန်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ယခုအခါ ယင်းလေယာဉ်သည် လေကြောင်းစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်ချက်များကို သေချာစေရန် လေဆိပ်အမျိုးမျိုး၌ စမ်းသပ်ပျံသန်းမှုများကို အစွမ်းကုန်စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.