Connect with us

Science & Technology

၈ စင်းမြောက် ချစ်ကြည်ရေး တံတား တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်အား တရုတ် ထောက်ပံ့

ဘင်္ဂလားဒေ့ရှ်- တရုတ် ချစ်ကြည်ရေး တံတားအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဒါကာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်- ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေး တံတား ၈ စင်းမြောက် တည်ဆောက်ရေး အတွက် ယွမ် ၃၀၀ သန်း (အမေရိကန်ဒေါ်လာ ၅၀ သန်း) အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရုတ်အစိုးရက ထောက်ပံ့ပေးကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် ဧပြီလ ၇ ရက်က နှစ်နိုင်ငံ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် စီးပွားရေး ဆက်ဆံရေးဋ္ဌာန (ERD) ဝန်ကြီး Mezbah Uddin နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ် မာ မင်းချိအန် တို့က နှစ်နိုင်ငံကိုယ်စား လက်မှတ်ရေးထိုးခဲ့ကြသည်။

ERD သတင်းထုတ်ပြန်ချက်အရ ထို ၈ ခုမြောက်တံတားအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ Kocha မြစ်ပေါ်၌ တည်ဆောက်မည် ဖြစ်ပြီး ၁၄၀၀ မီတာ ရှည်လျားမည် ဖြစ်သည်။ ယင်းတံတားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Barisal မြို့နှင့် Khulna မြို့များအကြား ပြည်သူများနှင့် ကုန်စည် အချင်းချင်း ကူးလူးသွားလာမှု မြှင့်တင်ရေး စသည့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ERD ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

လက်ရှိတွင် Kocha မြစ်အား ကူးတို့သဘောၤတစ်စီးနှင့် ဖြတ်ကူးနေရပြီး ထိုသို့ ဖြတ်ကူးရန် အချိန် တစ်နာရီ ကျော်ကြာမြင့်သည်။

ပထမဆုံး ဘင်္ဂလားဒေ့ရှ်- တရုတ် ချစ်ကြည်ရေး တံတားမှာ ၉၁၇ မီတာ ရှည်လျားကာ ၁၉၈၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.