Connect with us

Science & Technology

ဘိုလီးဗီးယား ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ရေးအတွက် တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးဘဏ်မှ ရယူထားသော ချေးငွေများကို ပြန်ဆပ်တော့မည်ဟု ABE ပြော

ဘိုလီးဗီးယားနိုင်ငံ ဆက်သွယ်ရေးဂြိုလ်တုကို တရုတ်နိုင်ငံ ( XSLC ) ဆက်သွယ်ရေးစခန်းမှ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က လွှတ်တင်ခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ )

လာပတ်ဇ် ၊ ဧပြီ ၄ ရက် ( ဆင်ဟွာ )

ဘိုလီးဗီးယားနိုင်ငံသည် လွန်ခဲ့သော နှစ်နှစ်ကျော်က ဝန်ဆောင်မှုလုပ်ငန်းများ စတင်ခဲ့သည့် Tupac Katari ဆက်သွယ်ရေးဂြိုလ်တု အတွက် ချေးယူထားသော ကုန်ကျစရိတ်ငွေများမှ အမေရိကန်ဒေါ်လာ ၃၃သန်း ကို တရုတ်နိုင်ငံဖွံ့ဖြိုးရေးဘဏ်သို့ကနဦးအဖြစ် စတင်ပေးအပ်တော့မည်ဟု ဘိုလီးဗီးယားအာကာသအေဂျင်စီ ( ABE ) က ဧပြီ ၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ ဆက်သွယ်ရေးဂြိုလ်တုကြီးကို တရုတ်နိုင်ငံမှ လွှတ်တင်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ဂြိုလ်တု၏ ဝန်ဆောင်မှု ၆ဝ ရာခိုင်နှုန်းကို ဘိုလီးဗီးယားအခြေစိုက် ကုမ္ပဏီ ၂၅ ခုက အကျိုးအမြတ်များ ခံစားခွင့်ရထားကြောင်း ABE ၏ ထုတ်ပြန်ချက်အရ သိရသည်။

ABE ညွှန်ကြားရေးမှူး Ivan Zambrana က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် ဂြိုလ်တုလွှတ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံထားရသည့် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ဝ၂ သန်းကို လာမည့် ၁၅ နှစ်အတွင်း ဂြိုလ်တုဝန်ဆောင်မှု မှတဆင့် ပြန်လည် ရှာဖွေပေးနိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“ဂြိုလ်တုကြီးရဲ့ အသီးအပွင့်တွေကို ခံစားနေရပါပြီ။ နောက်ထပ် ဂြိုလ်တုအသုံးပြုခွင့်အတွက် ကမ်းလှမ်းထားတဲ့ စာချုပ်တွေလည်း အများကြီးလက်ခံရရှိထားပါတယ် ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ABE ညွှန်ကြားရေးမှူးက ဂြိုလ်တုတည်ဆောက်ရေး နှင့် ကမ ္ဘာပတ်လမ်းကြောင်းသို့လွှတ်တင်မှုအတွက် အထွေထွေကုန်ကျစရိတ်များကို တရုတ်နိုင်ငံသို့စတင်ပေးချေတော့မည်ဟု ဖြည့်စွက်ပြောကြားသည်။ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလက ဘိုလီးဗီးယားနိုင်ငံ အစိုးရ နှင့် တရုတ်နိုင်ငံဖွံ့ဖြိုးရေးဘဏ် တို့သည် ဂြိုလ်တုလွှတ်တင်ရေး စီမံချက်အတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၂၉၅ သန်းအတွက် သဘောတူညီထားခဲ့ကြောင်းသိရသည်။
Tupac Katari သည် ၁၈ ရာစုအတွင်း စပိန်ကျူးကျော်သူများကို နှိမ်နင်းအောင်မြင်ခဲ့သည့် ဘိုလီးဗီးယားရှိ Aymara လူမျိုးစုစစ်သူကြီးကို ဂုဏ်ပြုထားသော အမည်တစ်ခုဖြစ်ကြောင်း နှင့် လွန်ခဲ့သော သုံးနှစ်ကတည်းက အဆိုပါ ဂြိုလ်တုကြီးကို လွှတ်တင်ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ် ဧပြီလမှ ဂြိုလ်တုဝန်ဆောင်မှု လုပ်ငန်းများ စတင်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.