Connect with us

Science & Technology

တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ကားများ စမ်းသပ် မောင်းနှင်ခြင်း ခရီးစဉ်ပြီးဆုံး

Chang’an ကားထုတ်လုပ်ရေးမှ မောင်းသူမဲ့ကားများ စမ်းသပ်မောင်းနှင်ခြင်း ခရီးစဉ် စတင် ထွက်ခွာလာစဉ် (ဆင်ဟွာ)

ချုံချင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ကား နှစ်စီးသည် တရုတ်နိုင်ငံ တွင် မောင်းသူမဲ့ ကားများ အတွက် ပထမဆုံး ခရီးရှည် စမ်းသပ်မောင်းနှင်ခြင်း ဖြစ်သည့် ၂,၀၀၀ ကီလိုမီတာ (၁,၂၄၀ မိုင်) ခရီးရှည် အား ဧပြီလ ၁၆ ရက်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မောင်းသူမဲ့ယာဉ်များ အား Chang’an ကား ထုတ်လုပ်ရေးမှ ထုတ်လုပ်ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံချင်းမြို့မှ ဧပြီလ ၁၂ ရက်တွင် စတင် ထွက်ခွာလာခဲ့ပြီး ပေကျင်းသို့ ဧပြီလ ၁၆ ရက် ညနေ ၅ နာရီတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

မောင်းသူမဲ့ ယာဉ်များသည် အခြားယာဉ်များနှင့် အကွာအဝေး တစ်ခုမှ မောင်းနှင်နိုင်ခြင်း၊ လမ်းကြောင်း ပြောင်းခြင်း၊ ကားကျော်တတ်ခြင်း နှင့် အခြား မောင်းနှင်ခြင်း ဆိုင်ရာ များကို ပြုလုပ်နိုင်ခဲ့သော်လည်း အချို့သော လမ်းပိုင်းများနှင့် ဓါတ်ငွေ့ဖြည့် ဆိုင်များတွင် ကားမောင်းသူ တစ်ဦး၏ အကူအညီကို လိုအပ်နေ သေးကြောင်း ကားပုံစံ ရေးဆွဲသူများက ပြောကြားခဲ့သည်။
ကား၏ အမြန်ဆုံး မောင်းနှင်နိုင်သည့် အရှိန်နှုန်းမှာ တစ်နာရီလျှင် ၁၂၀ ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။
Chang’an Automobile Engineering and Research Institute ၏ ဒုတိယ ဒါရိုက်တာ တန်ဘန်ဟုန်း က အခု စမ်းသပ်မောင်းနှင်ခြင်း၏ ရလဒ် များကို အခြေခံ၍ နည်းပညာများကို မြှင့်တင် သွားပြီးနောက် စီးပွားဖြစ် အများအပြား ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တန်က မောင်းသူမဲ့ကားများကို ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာအနှံ့တွင် BMW၊ Audi နှင့် Toyota ကားကုမ္ပဏီများ အပါအဝင် အနည်းဆုံး ကားကုမ္ပဏီ ၁၈ ခု သည် မောင်းသူမဲ့ကားများ ထုတ်လုပ်နေပြီး တရုတ်ကား ကုမ္ပဏီများ ဖြစ်ကြသည့် BAIC group၊ GAC group၊ SAIC Motor၊ Chang’an နှင့် BYD တို့ လည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.