Connect with us

Social, Education & Health

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် စက်ရုပ် အကူအညီဖြင့် အူသိမ် အစားထိုး ကုသမှု ပြုလုပ်နိုင်ခဲ့

စက်ရုပ် အကူအညီဖြင့် အူသိမ် အစားထိုး ကုသမှု ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ ရှီးအန်းမြို့ရှိ ရှီကျင့်ဆေးရုံ (ဓာတ်ပုံ- အင်တာနက်)

ရှီအန်း ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း စံရှီးဒေသရှိ ဆေးရုံတစ်ခု၌ ရှားပါးပြီး ခက်ခဲသော အူသိမ်အစားထိုး ကုသမှု တစ်ခုအား စက်ရုပ် အကူအညီဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။

သြဂုတ်လ ၃၀ ရက်နေ့၌ ခွဲစိတ်ကုသမှု ပြုလုပ်ပြီး နှစ်ပတ်အကြာတွင် ကုသမှု ခံယူခဲ့သော အသက် ၂၉ နှစ်အ ရွယ် ရန်လင်းသည် အခြေအနေ ကောင်းလာပြီ ဖြစ်ကြောင်း ရှီအန်းရှိ စစ်ဆေးတက္ကသိုလ် အမှတ် ၄ အဖွဲ့ဝင်၊ ရှီကျင့်ဆေးရုံ၏ အစာအိမ်ရောဂါ ရှာဖွေရေးဌာန ဒုတိယ ဌာနမှူး ကျောက်ချင့်ချွမ်းက ပြောပါသည်။

ယင်းခွဲစိတ်မှုသည် စက်ရုပ်ပါဝင်သော ကမ္ဘာ့ပထမဆုံး အူအစားထိုး ကုသမှု ဖြစ်ကြောင်း သိရသည်။ဆရာဝန်၏ ထိန်းချုပ်မှုအောက်တွင် ရှိသော စက်ရုပ်သည် ခွဲစိတ်မှု ပြုလုပ်နေစဉ်အတွင်း ရန်လင်း၏ ဖခင်ဖြစ်သူ အသက် ၅၃ နှစ်အရွယ် ရန်ရှောင်မင်၏ ဝမ်းဗိုက်ပေါ်ရှိ အပေါက်ငယ်များ အတွင်းသို့ စက်ရုပ်၏ လက်ဖြင့် ထိုးသွင်း၍ ၁.၈ မီတာရှည်သော အူသိမ်အား ခွဲထုတ်ယူပေးလိုက်ကြောင်း ယင်းခွဲစိတ်မှုတွင် ပါဝင်သော ဝူကောရှန်း ကပြောသည်။

စက်ရုပ်နှင့်ခွဲစိတ်မှုသည် လှူဒါန်းသူ၏ ဝမ်းဗိုက်ပေါ်တွင် ဧရိယာ အနည်းငယ်သာ ခွဲစိတ်ရန် လိုအပ်ပြီး ခွဲစိတ်ပြီးနောက်တွင် လျှင်မြန်စွာ ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း ဝူကပြောကြားသည်။

မကောင်းသော အူများကြောင့် အူအများစု ဖယ်ရှားလိုက်ရသည့် ရန်လင်းထံသို့ ၎င်း၏ ဖခင်ထံမှ ထုတ်ယူထား သော အူများအား အစားထိုး ပေးခဲ့ရသည်။

အူသိမ် အစားထိုး ခွဲစိတ်မှုသည် လွန်စွာ ခက်ခဲသောကိုယ်အင်္ဂါ အစိတ်အပိုင်းများ အစားထိုး ခွဲစိတ်မှုများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ထိုကဲ့သို့သော အစားထိုးမှုများသည် တစ်ကမ္ဘာလုံး၌ ခွဲစိတ်မှုပေါင်း ၃,၀၀၀ အောက်သာ ရှိကြောင်း ကျောက်က ပြောသည်။

ဘာကြောင့်လဲဆိုရင် အူသိမ်များတွင် သွေးဖြူဥ တစ်သျှူးများ လွန်ကဲစွာရှိနေသဖြင့် ခွဲစိတ်ပြီး နောက်တွင် အစားထိုးထားသည့် အင်္ဂါအစိတ်အပိုင်းတစ်သျှူးများကို ငြင်းဆန် တွန်းထုတ်ရန် တုံ့ပြန်မှု အားကောင်းနေတတ်သောကြောင့် ခွဲစိတ်မှုတွင် ပါဝင်ခဲ့သော ကျောက်ချင့်ချွမ်း ကပြောပါသည်။ (Xinhua)