Connect with us

Social, Education & Health

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေး၊ ဘဏ္ဍာရေး၊ ကုန်ထုတ်လုပ်မှုများတွင် ပူးပေါင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးဆို

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်မှ ဆင်ဟွာ သတင်းဌာန မြန်မာဘာသာ အွန်လိုင်းမီဒီယာ (Xinhua Myanmar) သို့ လာရောက် လေ့လာအပြီး အင်တာဗျူး ဖြေကြား နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနေဖြင့် စီးပွားရေး၊ ဘဏ္ဍာရေး၊ ကုန်ထုတ်လုပ်မှု တွေမှာ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး၊ နှစ်နိုင်ငံ စီးပွားရေး စြင်္က ံတည်ဆောက်ရန်လည်း စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် က ယနေ့ ဆင်ဟွာ သတင်းဌာန မြန်မာဘာသာ အွန်လိုင်းမီဒီယာ (Xinhua Myanmar) သို့ လာရောက် လေ့လာစဉ်တွင် အင်တာဗျူး ဖြေကြားရာ၌ ပြောကြားခဲ့သည်။

မစ္စတာဟုန်လျန်က “စိုက်ပျိုးရေး နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ဦးစားပေးပြီး ဆောင်ရွက်သွားမှာပါ။ မြန်မာနိုင်ငံက လယ်ယာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တောင်သူတွေရဲ့ ဘဝ ဖွံ့ဖြိုး တိုးတက်ရင် တိုင်းပြည်အတွက် အများကြီး အကျိုးရှိပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုက ပြည်သူလူထု ဖွံံ့ဖြိုး တိုးတက်ရေး ကို ပိုမို ဦးစားပေး ဆောင်ရွက်ကြမှာပါ’’ ဟု ပြောသည်။

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ စီးပွားရေး စြင်္က ံတလျောက်လုံးတွင် လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုး တိုးတက်ရေး ၊ ဆက်သွယ်ရေး နှင့် စက်မှု လုပ်ငန်းများတွင် လည်း ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆောင်ရွက် သွားချင်သည့် ဆန္ဒရှိကြောင်း ဆိုသည်။

“ အခုလည်း တရုတ်အစိုးရ အနေနဲ့ တရုတ်လုပ်ငန်း ကုမ္ပဏီ တွေကို မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ တိုက်တွန်း နေတာတွေ ရှိပါတယ်။ အဲ့ဒီလို တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံက လူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း တွေကို ပေးနိုင်မယ်။ စက်မှု လုပ်ငန်းတွေကိုလည်း တိုးတက် စေနိုင်မှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ဆက်ပြောသည်။

သမ္မတ ဦးသိန်းစိန် သည် တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေး နှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနား ကို တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် နဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်တို့ နှင့်လည်း တွေ့ဆုံခဲ့ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံမှုမှ ရလဒ်ကောင်းတွေ အများကြီး ထွက်ပေါ်ခဲ့ကြောင်း လည်း သံအမတ်ကြီးက ပြောကြားသည်။

တရုတ်အစိုးရ အနေနဲ့ မြန်မာအစိုးရ ကို ရေဘေးအတွက် ပြန်လည် ထူထောင်ရေးတွေမှာ ကူညီသွားမည် ဖြစ်ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက်လည်း တရုတ်ယွမ် ကုဋေ ၉၀ ကူညီ ထောက်ပံ့ ပေးသွားရန် ရှိကြောင်း ဆိုသည်။

ထို့ပြင် ရွှေလီ မှ ကျောက်ဖြူ စီးပွားရေး စြင်္က ံအား လုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း၊ အဆိုပါ စီမံကိန်းမှ တစ်ဆင့် မြန်မာ့စီးပွားရေး အဆင့် တဆင့် တိုးတက်ရန် မျှော်လင့်ကြောင်း၊ စီးပွားရေးစြင်္က ံအား နှစ်နိုင်ငံ စီးပွားရေး ပါရဂူများ ပူးပေါင်းပြီး အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။

မစ္စတာဟုန်လျန်က “ကျွန်တော် သံအမတ်အနေနဲ့ ဆောင်ရွက်နေတဲ့ အချိန်မှာ နှစ်နိုင်ငံ ချစ်ကြည်ရေး ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းပါ့မယ်။ မြန်မာနိုင်ငံရဲ့ အသွင် ကူးပြောင်းတဲ့ ကာလ ချောမွေ့ပါစေ၊ တိုးတက်ပါစေလို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံကို တရုတ်ပြည်နဲ့ အတူတကွ တိုးတက်ကြွယ်ဝ စေချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဆင်ဟွာ မြန်မာ သတင်းဌာန ကိုလည်း ကျေးဇူးတင်ပါတယ်’’ ဟုပြောသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်သည် ယနေ့ ဆင်ဟွာ သတင်းဌာန မြန်မာဘာသာ အွန်လိုင်း မီဒီယာ (Xinhua Myanmar) သို့ လာရောက် လေ့လာကြည့်ရှု၍ ဝန်ထမ်းများအား ချီးကျူး အားပေးစကားများ ပြောကြားခဲ့သည်။ (Xinhua)