ASEAN
ထိုင်းနိုင်ငံ၌ COVID-19 ထပ်မံကူးစက်ခံရသူ ၃,၀၉၅ ဦးရှိပြီး စုစုပေါင်း ကူးစက်ခံရသူဦးရေ ၁၀၀,၀၀၀ နီးပါးရှိလာ
ဘန်ကောက်၊ မေ ၁၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ၌ မေ ၁၅ ရက်တွင် COVID-19 ထပ်မံကူးစက်ခံရသူ ၃,၀၉၅ ဦးရှိပြီး စုစုပေါင်း ကူးစက်ခံရသူဦးရေ ၉၉,၁၄၅ ဦး ရှိလာပြီဖြစ်ကြောင်း၊ အကျဉ်းထောင်အတွင်း ကူးစက်မှုများလည်းမြင့်တက်လာကြောင်း တရားဝင်အချက်အလက်များအရသိရသည်။
COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) ၏ ထုတ်ပြန်ချက်အရ ထပ်မံကူးစက်ခံရသူများတွင် အကျဉ်းထောင်များ၌ ရောဂါပိုးကူးစက်ခံရသူ ၈၇၇ ဦး၊ အကျဉ်းထောင်ပြင်ပတွင် ပြည်တွင်းကူးစက်မှုကြောင့် ကူးစက်ခံရသူ ၂,၂၁၅ ဦး နှင့် ပြည်ပမှဝင်ရောက်လာသူ ၃ ဦး ဖြစ်ကြောင်း သိရသည်။
CCSA မှ ပြောရေးဆိုခွင့်ရှိသူ Taweesin Visanuyothin က ထပ်မံသေဆုံးသူ ၁၇ ဦးရှိပြီး စုစုပေါင်း သေဆုံးသူ ၅၆၅ ဦး အထိရှိလာကြောင်း နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ခန့်မှန်းခြေအားဖြင့် လူနာပေါင်း ၃၄,၉၁၃ ဦးမှာ ဆေးရုံတွင် ကုသမှုခံယူနေရပြီး ၎င်းတို့အနက် ၁,၂၃၄ ဦး မှာ စိုးရိမ်ရသောအခြေအနေတွင် ရှိနေကြောင်း Taweesin ကပြောသည်။
ထိုင်းနိုင်ငံ၌ မေ ၁၄ ရက်အထိ COVID-19 ကာကွယ်ဆေးအလုံးရေ ၂.၂ သန်းကျော် ထိုးနှံပေးပြီးဖြစ်ကြောင်း CCSA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ်ကုန်တွင် လူဦးရေ သန်း ၇၀ ဝန်းကျင်ရှိသည့် အနက် ၇၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Thailand reports 3,095 new COVID-19 cases, total tally near 100,000
BANGKOK, May 15 (Xinhua) — Thailand reported 3,095 new COVID-19 infections on Saturday, raising the total caseload to 99,145, as more cases were found in the country’s prison system, official data showed.
The Center for COVID-19 Situation Administration (CCSA) said the new cases included 877 infected at prisons, 2,215 domestic transmissions outside the prison system and three imported cases.
The country reported 17 new fatalities, bringing the death toll to 565, CCSA spokesman Taweesin Visanuyothin said at a daily news briefing.
Some 34,913 patients are under treatment in hospitals, with 1,234 in critical conditions, according to Taweesin.
As of Friday, Thailand has administered more than 2.2 million doses of vaccines against the coronavirus, according to the CCSA.
The country aims to inoculate 70 percent of its nearly 70 million population by the end of the year. Enditem
Photo-A nurse prepares a dose of COVID-19 vaccine from China’s Sinovac in Bangkok, Thailand, Feb. 28, 2021.(Xinhua/Rachen Sageamsak)