Connect with us

ASEAN

ထိုင်းနိုင်ငံ အကျဉ်းထောင်အတွင်း အပြုံလိုက်ကူးစက်မှုကြောင့် တစ်ရက်ထဲ COVID-19 ကူးစက်မှုသစ် ၁,၀၀၀၀ နီးပါးအထိ စံချိန်တင်ခဲ့

ဘန်ကောက်၊မေ ၁၇ ရက်(ဆင်ဟွာ)

အကျဉ်းထောင်အတွင်း အစုလိုက်အပြုံလိုက်ကူးစက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံတွင် ယနေ့ မေ ၁၇ ရက်၌ တည်ရက်ထဲကူးစက်မှုသစ် ၁၀,၀၀၀ နီးပါးဖြင့် အမြင့်ဆုံးစံချိန်တင်ခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းအရ သိရသည်။အကျဉ်းထောင်အတွင်း ကူးစက်ခံရသူ ၆,၈၅၃ ဦး အပါအဝင် ထိုင်းနိုင်ငံ၌ တည်ရက်ထဲ အတည်ပြုလူနာသစ် ၉,၆၃၅ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲမှုစင်တာ(CCSA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထောင်တွင်း အစုလိုက်အပြုံလိုက်ကူးစက်မှုများမပါဝင်ပါက ထိုင်းနိုင်ငံ၌ တနင်္လာနေ့တွင် ကူးစက်မှုသစ် ၂,၇၈၂ ဦးရှိခဲ့သည်။ထိုင်းနိုင်ငံတွင် ယခုအချိန်ထိ ကိုဗစ်ကူးစက်ခံရသူစုစုပေါင်း ၁၁၁,၀၈၂ ဦးရှိနေပြီး ယင်းတို့အနက် ၇၀ ရာခိုင်နှုန်းကျော်မှာ နိုင်ငံတစ်ဝှမ်း COVID-19 တတိယလှိုင်း ရိုက်ခတ်ခံရပြီး လျင်မြန်စွာ ပျံ့နှံ့ခဲ့သည့် ဧပြီလကတည်းက စတင်ခဲ့သော ကူးစက်မှုများ ဖြစ်ကြောင်း သိရသည်။

ယနေ့ မေ ၁၇ ရက်တွင် ထုတ်ပြန်သော သေဆုံးသူလူနာသစ် ၂၅ ဦးအပါအဝင် ထိုင်းနိုင်ငံ၌ သေဆုံးသူစုစုပေါင်း ၆၁၄ ဦးထိ ရှိလာကြောင်း CCSA ၏ ထုတ်ပြန်ချက်အရ သိရသည်။

တနင်္လာနေ့မှစတင်ကာ နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များ၌ ဆိုင်ထိုင်စားသုံးခွင့် ကန့်သတ်ချက်ကို ဖြေလျှော့ပေးရန် ဆုံးဖြတ်နေချိန်မှာပင် ကူးစက်မှုသစ် ပမာဏကြီးမားစွာ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် နှင့် အခြား ခရိုင် ၃ ခုအတွင်းရှိ စားသောက်ဆိုင်များ၌ လူဦးရေအကန့်အသတ် ၊ စားသောက်ချိန် အကန့်အသတ်ဖြင့် ပြန်လည် ဖွင့်လှစ်ခွင့် ပြုခဲ့သည်။ ယခင်က ပါဆယ်စနစ်ဖြင့်သာ ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။(Xinhua)
———————————————–
(English Version)

Thailand reports new daily record of nearly 10,000 COVID-19 infections due to prison clusters
BANGKOK, May 17 (Xinhua) — Thailand on Monday hit a new daily record with the discovery of nearly 10,000 new COVID-19 cases after massive infections were found in the prison system, official data showed.
The country reported 9,635 new cases, including 6,853 infected in the prison system, according to the Center for COVID-19 Situation Administration.

Excluding the prison clusters, the tally of Monday’s new infections reached 2,782.
The new infections brought the country’s total number of infections to 111,082, with more than 70 percent of the infections having been confirmed since the beginning of April, when the third wave began and quickly spread across the country.
The death toll climbed to 614, with 25 new fatalities reported on Monday, according to the CCSA.
The huge number of new infections came when the country decided to relax some restrictions on dine-in services at restaurants from Monday.
Restaurants in the capital Bangkok and three other provinces can provide dine-in services with limited serving capacity and operating hours. Previously, they could only open for food delivery. Enditem

Photo – A Monk with a face mask walks in Chinatown in Bangkok, Thailand, Jan. 27, 2021.