ဂျကာတာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ နိုင်ငံတော် ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ Biofarma သို့ ပို့ဆောင်ကာ ထိုမှတစ်ဆင့် ဒေသအများအပြားသို့ ဖြန့်ဝေပေးသွားမည့် Soekarno-Hatta လေဆိပ်၌ ရောက်ရှိနေပြီဖြစ်သော COVID-19 ကာကွယ်ဆေးများကို စောင့်ကြပ်ရန် ရဲတပ်ဖွဲ့နှင့်...
တိုကျို၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19ကပ်ရောဂါ ဆိုးဝါးလာမှုအခြေအနေကို ဟန့်တားရန် မြို့တော် တိုကျိုနှင့်အနီးတစ်ဝိုက်ဒေသများကို အရေးပေါ်အခြေအနေအဖြစ် ထပ်မံဆောင်ရွက်ရန် အစိုးရက စဉ်းစားနေကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အိန္ဒိယနိုင်ငံ၌ ဗြိတိန်တွင် ခြေရာခံတွေ့ရှိခဲ့သော ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၃၈ ဦးထိ ရှိလာခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်တွင်ပြောကြားခဲ့သည်။
ဟနွိုင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗီယက်နမ်နိုင်ငံတွင် ဗြိတိန်မှ သတင်းပို့ထားသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးအား တွေ့ရှိခဲ့ကြောင်း၊ ၎င်းမှာ ဗြိတိန်မှ ပြန်လာသည့် ဗီယက်နမ်နိုင်ငံသား ဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ဇန်နဝါရီ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ရောဂါ ကာကွယ်ဆေး ဖြန့်ချိမှု နှင့် ဇန်နဝါရီ ၂ ရက်က အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံဗဟိုအစိုးရကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တိုကျို၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဂျပန်နိုင်ငံက ကူးစက်မှုနှုန်းမြန်ဆန်သော ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ပျံ့နှံမှုကို တားဆီးကာကွယ်ရန် လုပ်ဆောင်မှုတစ်ခုအနေဖြင့် ကမ္ဘာ့နိုင်ငံအများစုမှ ရောက်ရှိလာသည့် ပုံမှန်နေထိုင်သူမဟုတ်သောနိုင်ငံခြားသား ဝင်ရောက်ခြင်းများကို ဒီဇင်ဘာ ၂၈ ရက် က ဆိုင်းငံ့လိုက်ကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး မလေးရှားနိုင်ငံအစိုးရက ကွာလာလမ်ပူမြို့တော် နှင့် အခြားဒေသများတွင် COVID-19 ရောဂါ ကူးစက်မှု အဆက်မပြတ် တွေ့ရှိနေရသဖြင့် ယင်းဒေသများတွင် ကိုဗစ်ထိန်းချုပ်မှုများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလလယ်ပိုင်း ထိ သက်တမ်းတိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း က ဒီဇင်ဘာ...
ဒါကာ၊ဒီဇင်ဘာ၂၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဆောင်းရာသီကာလအတွင်း COVID-19 ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ဟောင်းရှိ လက်ကားအရောင်းဈေးကြီးတစ်ခုတွင် နှာခေါင်းစည်းများ နှင့် တစ်ကိုယ်ရေအကာအကွယ်ပစ္စည်းများ(PPE)ကို ဝယ်ယူသူများဖြင့် စည်ကားနေကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျပန်နိုင်ငံ ဗဟိုအစိုးရ၏ ဌာနအသီးသီး၌ အလုပ်လုပ်ကိုင်နေကြသည့် အစိုးရဝန်ထမ်းများတွင် လူငယ်ဝန်ထမ်းများ၏ အချိန်ပိုအလုပ်ဆင်း လုပ်ကိုင်ရသော အနေအထားကြောင့် အသက်(၂၀)ကျော်အရွယ် ဝန်ထမ်းငယ်များအနက် (၃၀)ရာခိုင်နှုန်း၏ အချိန်ပိုဆင်းချိန်သည် အပင်ပန်းလွန်၍ သေဆုံးနိုင်သည့် သတ်မှတ်လိုင်းထက် ကျော်လွန်နေကြောင်း ဂျပန်အစိုးရ၏ ဒီဇင်ဘာ ၂၅ ရက်က...
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း သန်း ၈၀ ကျော်ရှိလာပြီဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားပြည်ဝင်ခွင့်အား ယာယီရပ်နားထားကြောင်း ဒီဇင်ဘာ ၂၆ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။