Connect with us

ASEAN

ဂျပန်နိုင်ငံတွင် အသက်(၂၀)ကျော် ဗဟိုအစိုးရဝန်ထမ်း (၃၀) ရာခိုင်နှုန်း၏ အချိန်ပိုအလုပ် လုပ်ကိုင်မှုသည် ပင်ပန်းလွန်း၍ သေဆုံးနိုင်သည့် သတ်မှတ်လိုင်းထက် ကျော်လွန်နေ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြေအောက်ရထားဘူတာမှ နှာခေါင်းစည်းတပ်ဆင်ထွက်လာကြသူများအား မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဂျပန်နိုင်ငံ ဗဟိုအစိုးရ၏ ဌာနအသီးသီး၌ အလုပ်လုပ်ကိုင်နေကြသည့် အစိုးရဝန်ထမ်းများတွင် လူငယ်ဝန်ထမ်းများ၏ အချိန်ပိုအလုပ်ဆင်း လုပ်ကိုင်ရသော အနေအထားကြောင့် အသက်(၂၀)ကျော်အရွယ် ဝန်ထမ်းငယ်များအနက် (၃၀)ရာခိုင်နှုန်း၏ အချိန်ပိုဆင်းချိန်သည် အပင်ပန်းလွန်၍ သေဆုံးနိုင်သည့် သတ်မှတ်လိုင်းထက် ကျော်လွန်နေကြောင်း ဂျပန်အစိုးရ၏ ဒီဇင်ဘာ ၂၅ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြို့တော် တိုကျိုရှိ ဗဟိုအစိုးရ ဌာနအသီးသီး၌ အလုပ်လုပ်ကိုင်နေသည့် အစိုးရဝန်ထမ်းပေါင်း (၅)သောင်းကျော်တွင် အောက်တိုဘာလ၏ နေ့စဉ်ပျမ်းမျှ အချိန်ပိုဆင်းချိန်သည် ၁ နာရီ မိနစ် ၅၀ ရှိပြီး နိုဝင်ဘာလတွင် ၂ နာရီ ၁ မိနစ် ခန့်ရှိကြောင်း အစိုးရအဖွဲ့ဝန်ထမ်းရေးရာဌာန၏ လေ့လာချက်များအရ သိရသည်။ အသက်(၂၀)မှ (၃၀)အတွင်း လုပ်ငန်းဆောင်တာအထွေထွေကို တာဝန်ယူရသည့် ဝန်ထမ်းများ၏ အချိန်ပိုဆင်းချိန်သည် အထူးကြာမြင့်ရာ အောက်တိုဘာလတွင် နေ့စဉ် ပျမ်းမျှ ၂ နာရီ ၅၅ မိနစ် ရှိပြီး နိုဝင်ဘာလ ၃ နာရီ ၂၁ မိနစ်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပညာရေး၊ယဉ်ကျေးမှု၊အားကစားသိပ္ပံဝန်ကြီးဌာန(MEXT)၏ ဝန်ထမ်းအလုပ်ဝင်အခမ်းအနားအား ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လုပ်ငန်းဆောင်တာအထွေထွေကို တာဝန်ယူရသည့် ဝန်ထမ်းများသည် ဌာန၏ လျာထားရွေးချယ်ခြင်းခံရသူများဖြစ်သည်။ ၎င်းတို့ထဲမှ အသက်(၂၀)ကျော်နှင့် (၃၀)ကျော် ဝန်ထမ်းတို့တွင် (၃၀)ရာခိုင်နှုန်းနှင့် (၁၅)ရာခိုင်နှုန်းခန့်သည် လစဉ် အချိန်ပိုအလုပ်ချိန် နာရီ(၈၀)ကျော် ရှိကြောင်း သိရသည်။အချိန်ပို နာရီ(၈၀)သည် အပင်ပန်းလွန်၍ သေဆုံးနိုင်သည့် သတ်မှတ်လိုင်းဖြစ်ကြောင်း ဂျပန် မီဒီယာများ က ဆိုသည်။
လွှတ်တော်အမတ်များ၏ မေးမြန်းမှုကို အကြောင်းပြန်ပေးရန်၊ မူဝါဒရေးဆွဲရန်၊ဘတ်ဂျက်ရေးဆွဲရေးလုပ်ငန်းများအတွက် အချိန်ပိုဆင်းရခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ဝန်ထမ်းရေးရာဌာနက ဆိုသည်။

လူငယ်အစိုးရဝန်ထမ်းများ၏ အချိန်ကျော်လွန်အလုပ်လုပ်ကိုင်မှုအခြေအနေ အတော်ဆိုးဝါးခြင်းသည် ၎င်းတို့ အချိန်မတန်မီအလုပ်နုတ်ထွက်ရသည့် အကြောင်းအရင်း ဖြစ်နိုင်ကြောင်း ဂျပန် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဝန်ကြီး Tarō Kōnoက ဒီဇင်ဘာ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)
 #Japan, #overtime, #overworked, #Xinhua, #ဂျပန်, #အချိန်ပို, #အလုပ်လုပ်, #ဆင်ဟွာ
—————————————–
(Chinese Version)

日本中央政府三成20多岁公务员加班超“过劳死”线

 新华社北京12月26日电(记者惠晓霜)日本政府25日发布调查报告,显示在日本中央政府各部门工作的公务员中,年轻公务员出现加班时间变长趋势,其中大约三成20多岁公务员加班时间超过“过劳死”线。
依据内阁人事局调查,位于首都东京的中央政府各部门的5万多公务员中,10月份每日平均加班时间为1小时50分,11月为2小时2分。20至30岁的“综合职务”公务员加班时间尤其长,10月每日平均为2小时55分,11月为3小时21分。
 “综合职务”公务员是干部候补人选。20多岁和30多岁的“综合职务”公务员中,分别有大约30%和15%每月加班时间超过80小时。日本媒体报道,加班80小时是“过劳死”线。
 内阁人事局说,加班原因主要是回复国会议员质询、制订政策方案和编制预算案。
行政改革担当大臣河野太郎25日在记者会上说,年轻公务员超时工作情况“相当严重”,可能是造成他们过早离职的原因。

图说1:5月27日,在日本东京,戴着口罩的人们从一个地铁站内走过。(新华社/路透)
图说2:4月1日,在日本东京,文部科学省的新职员坐在保持社交距离的椅子上参加入职仪式。(新华社/路透)