Connect with us

ASEAN

တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း သန်း ၈၀ ကျော်ရှိလာ ၊ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားပြည်ဝင်ခွင့် ယာယီရပ်နား

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စေတနာ့ဝန်ထမ်းများက ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဝေငှပေးနေသည်ကို ဖေဖော်ဝါရီ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း သန်း ၈၀ ကျော်ရှိလာပြီဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားပြည်ဝင်ခွင့်အား ယာယီရပ်နားထားကြောင်း ဒီဇင်ဘာ ၂၆ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၂၆ ရက် ၁၇ နာရီ ၀၃ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် (၄၀၁,၁၇၆)ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ (၇,၃၃၅)ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ (၇၈,၆၀၄,၅၃၂) ဦး နှင့် စုစုပေါင်း သေဆုံးသူ (၁,၇၄၄,၂၃၅)ဦး အသီးသီး ရှိလာကြောင်း သိရသည်။

ဂျပန်နိုင်ငံ Aichiစီရင်စုတွင် နှာခေါင်းစည်းတပ်ဆင် သွားလာနေသူများအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၂၇ ရက် ၇ နာရီ ၂၂ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၈၀,၂၇၃,၆၄၅)ဦး၊ စုစုပေါင်း သေဆုံးသူ (၁,၇၅၆,၄၃၅)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ (၁၈,၉၃၉,၄၅၁)ဦး နှင့် သေဆုံးသူ (၃၃၁,၇၃၂) ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

ယခုကာလများတွင် ဂျပန်၌အတည်ပြုလူနာဦးရေ တိုးပွားနှုန်း သိသာထင်ရှားစွာ မြင့်မားလာရာ ဒီဇင်ဘာ ၂၅ ရက် အထိ တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာဦးရေ (၃)ရက်ဆက်တိုက် စံချိန်တင်မြင့်တက်လာကြောင်း သိရသည်။ ဒီဇင်ဘာ ၂၅ ရက်၏ တစ်ရက်အတွင်း ထပ်တိုးသေဆုံးလူနာဦးရေသည်လည်း စံချိန်တင် မြင့်တက်ခဲ့သည်။

ဂျပန်နိုင်ငံ Aichiစီရင်စုတွင် နှာခေါင်းစည်းတပ်ဆင် သွားလာနေသူများအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

NHK၏ စရင်းများအရ ဂျပန်နိုင်ငံတွင် ဒီဇင်ဘာ ၂၅ ရက်က အသစ်ထပ်တိုးအတည်ပြုလူနာ (၃,၈၃၁)ဦနှင့် စုစုပေါင်းအတည်ပြုလူနာ (၂၁၄,၅၅၃)ဦး၊ အသစ်ထပ်တိုးသေဆုံးသူ (၆၃)ဦးနှင့် စုစုပေါင်း သေဆုံးလူနာ(၃,၁၈၆)ဦး ရှိကြောင်း သိရသည်။ လေဆိပ်ရောဂါစစ်ဆေးမှုတွင် ဗြိတိန်၌ထွက်ပေါ်ခဲ့သည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံးအကြိမ် တွေ့ရှိရကြောင်း ဂျပန်က ကြေညာခဲ့သည်။ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သည် ဂျပန်အပါအဝင် နိုင်ငံအများအပြားတွင် ထွက်ပေါ်လာခြင်းကြောင့် ဂျပန်အစိုးရအနေဖြင့် ဒီဇင်ဘာ ၂၈ ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်အထိ နိုင်ငံခြားသားပြည်ဝင်ခွင့်ကို ယာယီရပ်နားထားရန် ဆုံးဖြတ်လိုက်ကြောင်း NHK၏ ဒီဇင်ဘာ ၂၆ ရက် သတင်းတွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံသား၊ နိုင်ငံအတွင်းအမြဲတမ်းနေထိုင်သည့် နိုင်ငံခြားသား၊ အချို့နိုင်ငံနှင့်ဒေသများ၏ ကုန်သွယ်စီးပွားရေးကဏ္ဍ ပုဂ္ဂိုလ်၏ ပြည်ဝင်ခွင့်သည် ယင်းမူဝါဒ၏ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အမျိုးသားနေ့ဗိုလ်ရှုသဘင်လေ့ကျင့်မှု၌ ပါဝင်သော တပ်ဖွဲ့ဝင် (၁၅၀) ကျော်သည် ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်မှုတွင် positive ဖြစ်ခဲ့ကြောင်း အိန္ဒိယ သတင်းမီဒီယာများ၏ ဒီဇင်ဘာ ၂၆ ရက် သတင်းများအရ သိရသည်။ အိန္ဒိယ၏ ဆင်းရဲနွမ်းပါးသူများအများဆုံးစုဝေးနေထိုင်ရာ Dharaviတွင် ပထမဆုံးအကြိမ်အဖြစ် ထပ်တိုးလူနာမရှိကြောင်း ဒီဇင်ဘာ ၂၅ ရက်က အစီရင်ခံခဲ့သည်။

မလေးရှားနိုင်ငံတွင် ဒီဇင်ဘာ ၂၆ ရက် နေ့လည်ပိုင်းအထိ ၂၄ နာရီအတွင်း အသစ်ထပ်တိုးအတည်ပြုလူနာဦးရေသည် စံချိန်တင်အဖြစ် (၂,၃၃၅) ဦး ရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ (၁၀၃,၉၀၀)ဦး၊ စုစုပေါင်း သေဆုံးသူ (၄၅၁) ဦး ရှိကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ယင်နေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။(Xinhua)
#COVID_19, #briefing, , #Xinhua, #ကိုဗစ်-၁၉, #သတင်းအကျဉ်း, #ဆင်ဟွာ

—————————————–
(Chinese Version)

全球疫情简报 | 全球累计新冠确诊病例超8000万 日本将暂停外国人入境

全球数据
  世界卫生组织:截至欧洲中部时间26日17时03分(北京时间27日零时03分),全球确诊病例较前一日增加401176例,达到78604532例;死亡病例增加7335例,达到1744235例。
  美国约翰斯•霍普金斯大学:截至北京时间27日7时22分,全球新冠确诊病例达80273645例,死亡病例为1756435例。美国是全球疫情最严重的国家,确诊病例达18939451例,死亡病例为331732例。
新闻事件
  近来,日本确诊病例增速明显升高,截至25日单日新增确诊病例数连续3天创新高。25日单日新增死亡病例数也创下新高。据日本广播协会电视台统计,25日日本新增新冠确诊病例3831例,累计确诊达214553例;新增死亡病例63例,累计死亡3186例。日本宣布机场检疫中首次发现近日在英国出现的变异新冠病毒。
 日本广播协会电视台26日报道,鉴于变异新冠病毒在包括日本在内的多个国家出现,日本政府决定从12月28日起至2021年1月底暂停批准外国人入境。日本公民、常住外国人和部分国家与地区的商务人员入境不受这一政策影响。
  据印度媒体26日报道,正在首都新德里参加共和国日阅兵式排练的150多名印度士兵新冠病毒检测结果呈阳性。在印度最大的贫民聚居区塔拉维贫民窟,25日首次报告单日新增确诊病例为零。
  马来西亚卫生部26日发布的数据显示,截至当天中午的24小时新增新冠确诊病例2335例,创疫情暴发以来新高,累计确诊103900例,累计死亡451例。(编辑:刘阳、唐志强)
图说1:2月29日,在日本东京的池袋站前,在日华侨华人志愿者团体“口罩熊猫行动小组”向当地民众免费发放口罩,一名小志愿者(左)将儿童用口罩送给日本小朋友。 新华社记者 杜潇逸 摄
图说2-3: 12月10日,在日本爱知县名古屋市,人们戴口罩出行。新华社记者 杜潇逸 摄