Connect with us

ASEAN

အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှုပြုလုပ်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှုနေရာတစ်ခု၌ အမျိုးသမီးတစ်ဦးအား ကျန်းမာရေးဝန်ထမ်းက ဇန်နဝါရီ ၂ ရက်တွင် ကာကွယ်ဆေးထိုးနှံပေးနေစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ဇန်နဝါရီ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

COVID-19 ရောဂါ ကာကွယ်ဆေး ဖြန့်ချိမှု နှင့် ဇန်နဝါရီ ၂ ရက်က အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံဗဟိုအစိုးရကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်တစ်ခုချင်းစီတွင် ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှုပြုလုပ်ရန် နေရာအနည်းဆုံး သုံးခုစီ ဖွင့်လှစ်ထားကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံမှု နေရာများထဲတွင် အချို့သော လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နေရာများလည်း ပါဝင်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့ရှိ ကာကွယ်ဆေးစင်တာတွင် (BBMP) မှ ကျန်းမာဝန်ထမ်းတစ်ဦးက ကာကွယ်ဆေးများကို အအေးခန်းထဲသိမ်းဆည်းနေစဉ်(ဆင်ဟွာ)

အနောက်တောင်ပိုင်း Maharashtra ပြည်နယ် နှင့် တောင်ပိုင်း Kerala ပြည်နယ်တို့တွင် ၎င်းတို့၏ ပြည်နယ် မြို့တော်များထက် အဓိကမြို့ကြီးများတွင် ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှုကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှု ရှေ့ဆက်ဆောင်ရွက်နေစဉ် အိန္ဒိယ ဗဟိုအစိုးရသည် ပြည်နယ်အားလုံးကို ကာကွယ်ဆေး အလုံးအရင်းဖြင့် ထိုးနှံပေးနိုင်ရန်အတွက် ထိရောက်သော ကြိုတင်ပြင်ဆင်မှုများ အသေချာဆောင်ရွက်ထားရန် ပြောကြားခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ရှိ ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်နေရာတစ်ခု၌ အမျိုးသားတစ်ဦးအား ကျန်းမာရေးဝန်ထမ်းက ဇန်နဝါရီ ၂ ရက်တွင် ကာကွယ်ဆေးထိုးနှံပေးနေစဉ်(ဆင်ဟွာ)

ပြည်နယ်အားလုံးအနေဖြင့် ကာကွယ်ဆေးထိုးနှံရန်အတွက် ကျယ်ဝန်းသည့် နေရာထိုင်ခင်းများ ၊ သယ်ယူပို့ဆောင်ရေးအစီအစဉ်များ ၊ အင်တာနက်ချိတ်ဆက်မှု ၊ လျှပ်စစ်မီး နှင့် တစ်ဦးနှင့်တစ်ဦး ဘေးကင်းလုံခြုံမှုရှိစေရေး စသည့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ အားလုံးပြည့်စုံသေချာမှုရှိအောင် ပြင်ဆင်ထားရန်လည်း ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှု၏ အဓိကရည်ရွယ်ချက်မှာ Co-Win ကာကွယ်ဆေးကို အသုံးပြုရာတွင် ထိရောက်အောင်မြင်စေရန်ဖြစ်ပြီး ဆေးထိုးနှံမှုအစီအစဉ်တစ်ခုလုံးကို အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ရန်ရည်ရွယ်ကြောင်း ၊ စိန်ခေါ်မှုများကို ခွဲခြမ်းစိတ်ဖြာခြင်း နှင့် ဆေးထိုးနှံမှုများအတွက် လမ်းညွှန်မှုပေးခြင်းတို့ဖြစ်ကြောင်း ထုတ်ပြန်ချက် အရသိရသည်။

ထို့ပြင် အဆင့်အမျိုးမျိုးတွင် စီမံကိန်းမန်နေဂျာများအား ယုံကြည်မှုတိုးမြှင့်စေရန်အတွက်လည်း မျှော်လင့်ပြီး ယခုရည်မှန်းချက်အတွက် ကာကွယ်ဆေးထိုးနှံပေးမည့်သူပေါင်း ၉၆,၀၀၀ ခန့်ကို လေ့ကျင့်ပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။ ဆေးထိုးနှံခြင်း စမ်းသပ်မှု၏ အရေးအကြီးဆုံး အဓိကဦးတည်ချက်မှာ ခန္ဓာကိုယ် ခုခံအားစနစ် ပေါ်ထွက်လာပြီးနောက် ဖြစ်လာနိုင်ချေရှိသော မည်သည့်အခြေအနေမျိုးကိုမဆို ကိုင်တွယ်ထိန်းသိမ်းရန်အတွက်ဖြစ်ကြောင်း သိရသည်။

ဆေးထိုးနှံခြင်း စမ်းသပ်မှုတွင် အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်ခြင်း နှင့် မတူခြားနားသောအဆင့်များအား ပြန်လည် သုံးသပ်ခြင်း နှင့် ကုစားမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းများ ပါဝင်ကြောင်း သိရသည်။ပထမအကြိမ် ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှုကို အန်တရာပါရာဒက်ရှ် ၊ အာသံ ၊ ဂူဂျာရတ် နှင့် ပန်ဂျပ်ပြည်နယ် လေးခုတွင် ဒီဇင်ဘာ ၂၈ ရက် မှ ၂၉ ရက်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)
——————————————-
(English Version)

Dry run for COVID-19 vaccine administration held across India

NEW DELHI, Jan. 3 (Xinhua) — A dry run for the distribution of COVID-19 vaccine and overall administration has been held across India on Saturday, said the federal health ministry.
Each state should designate at least three sites for the dry run, said an official statement. The sites in some states will include places with poor logistical support.
The southwestern state of Maharashtra and the southern state of Kerala are likely to carry out the dry-run in major cities other than their capitals.
Ahead of the dry run, the federal government has asked all states to ensure effective preparedness for the vaccine to roll out, added the official statement.
All the states have also been asked to ensure physical verification of all proposed sites for adequacy of space, logistical arrangements, internet connectivity, electricity and safety among others.
According to the statement, the objective of the dry run is to assess the operational feasibility of the use of Co-WIN application intended to facilitate the entire process of vaccination, identify the challenges and produce guides for actions.
It is also expected to enhance the confidence by program managers at various levels.
Around 96,000 vaccinators have been trained for this purpose. An important focus of the dry run will be laid on the management of any possible adverse events following immunization.
The dry run will include concurrent monitoring and review at different levels and the preparation of feedback.
A first round of the dry run was conducted in four states, namely Andhra Pradesh, Assam, Gujarat, Punjab from Dec. 28-29.
Photo caption – (1)A health worker pretends to inject the COVID-19 vaccine to a woman during a mock drill for COVID-19 vaccination at a vaccination centre in New Delhi, India, Jan. 2, 2021. (Xinhua/Partha Sarkar)
(2) A health professional from Bruhat Bengaluru Mahanagara Palike (BBMP) checks a cold storage for vaccine during a mock drill for COVID-19 vaccination at a health centre in Bangalore, India, Jan. 2, 2021. (Str/Xinhua)
(3) A health worker pretends to inject the COVID-19 vaccine to a man during a mock drill for COVID-19 vaccination at a vaccination centre in Hyderabad, India, Jan. 2, 2021. (Str/Xinhua)■