ခတ္တမန္ဒူ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) နီပေါနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်လူနာသစ် ၃,၄၃၉ ဦး ထပ်တိုးရာ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တစ်ရက်အတွင်း လူနာသစ်အရေအတွက် အများဆုံးစံချိန်တင် ဖြစ်ခဲ့ကြောင်း နီပေါနိုင်ငံ ကျန်းမာရေးနှင့်ပြည်သူ့အင်အား ဝန်ကြီဌာန၏ အောက်တိုဘာ ၇ ရက်ထုတ်ပြန်ချက်များအရ သိရသည်။
ကွာလာလမ်ပူ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်လူနာသစ် ၆၉၁ ဦးရှိခဲ့ရာ ၎င်းမှာ ကပ်ရောဂါကာလ တစ်ရက်အတွင်း ထပ်တိုးလူနာအများဆုံးဖြစ်ခဲ့ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၆ ရက် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ဂျကာတာ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါကူးစက်ခံရသူအသစ် ၄,၀၀၇ ဦးရှိခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၂၉၉,၅၀၆ ဦးထိရှိလာခဲ့ကြောင်း နှင့် သေဆုံးသူမှာလည်း ၈၃ ဦးထပ်မံရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ ၁၁,၀၅၅ ဦးထိရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိ သတင်းရုပ်သံလိုင်းများတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက COVID-19 ရောဂါကူးစက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း အတည်ပြုပြောဆိုထားသည့် ဗီဒီယိုအပိုင်းများကို အောက်တိုဘာ ၃ ရက်တွင် ထုတ်လွှင့်ပြသထားကြောင်း သိရသည်။
နယူးဒေလီ ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၉၂,၀၇၁ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁,၁၃၆ ဦး ရှိခဲ့ကြောင်း ယနေ့ စက်တင်ဘာ ၁၄ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သော...
ဗီယင်ကျန်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) လာအိုနိုင်ငံတွင် မတ် ၂၄ ရက်မှစ၍ ပထမဆုံး COVID-19 ရောဂါ အတည်ပြုလူနာ စတင်တွေ့ရှိခဲ့သည်။
ဒါကာ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက ဧပြီ လကုန်မှစ၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တစ်စတစ်စ ဖြေလျှော့ပေးခဲ့ပြီးနောက် စက်ရုံ၊ဆိုင်ခန်းများကို ကပ်ရောဂါထိန်းချုပ်ရေးအစီအမံများဖြင့် လုပ်ငန်းများ ပြန်လည် လည်ပတ်ခွင့် ပြုခဲ့ကြောင်း သိရသည်။
တိုကျို ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) ဂျပန် နိုင်ငံ NHK သတင်းဌာန ၏ ထုတ်ပြန်ကြေညာချက် အရ သြဂုတ် ၅ ရက် ၂၀ နာရီ ၃၀ မိနစ် အချိန်ထိ ဂျပန် နိုင်ငံ တွင် တစ်ရက်အတွင်း COVID-19...
ပေကျင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) အိမ်မွေးတိရစ္ဆာန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည်ကို ပထမဆုံးအကြိမ်တွေ့ရှိရကြောင်း ဂျပန်နိုင်ငံက ဩဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ပြီးခဲ့သော ရက်သတ္တပတ် အနည်းငယ် ကတည်းက COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တိုးလာခြင်းအပေါ် နိုင်ငံအတွင်းရှိ ပြည်သူများ စိုးရိမ်ပူပန်မှုမြင့်တက်နေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။