Connect with us

ASEAN

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ် ထပ်တိုးလူနာဦးရေ စံချိန်တင် ထပ်မံ မြင့်တက်လာ

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ဆေးစစ်မှုများ ပြုလုပ်နေသည်ကို အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်လူနာသစ် ၆၉၁ ဦးရှိခဲ့ရာ ၎င်းမှာ ကပ်ရောဂါကာလ တစ်ရက်အတွင်း ထပ်တိုးလူနာအများဆုံးဖြစ်ခဲ့ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၆ ရက် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ယင်းနေ့တွင် အတည်ပြုလူနာ စုစုပေါင်း ၁၃,၅၀၄ ဦး၊ အသစ်ထပ်တိုးသေဆုံးသူ တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၄ ဦးနှင့် စုစုပေါင်းသေဆုံးသူ ၁၄၁ ဦး ၊ စုစုပေါင်း ရောဂါ သက်သာ ပျောက်ကင်းသူ ၁၀,၄၂၇ ဦး ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ဆေးစစ်မှုများ ပြုလုပ်နေသည်ကို အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူစက်မှုအသစ် ၆၉၁ ဦး အနက် ၆၈၈ ဦးမှာ ပြည်တွင်းကူးစက်မှုများ ဖြစ်ကြောင်း မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။ ၎င်းတို့အနက် အကျဉ်းထောင်တစ်ခုမှ ကူးစက်သူ ၃၉၄ ဦး၊ အနီရောင်ဒေသအဖြစ် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တင်းကြပ်စွာ ဆောင်ရွက်နေသည့် ဆာဘားပြည်နယ်တွင် ၂၁၉ ဦးရှိခဲ့ရာ ရောဂါတစ်ဆင့် ပြန့်ပွားနိုင်မှုအန္တရာယ်ကို ထိန်းချုပ်နိုင်သည့် အနေအထားတွင် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ကာလအတိုင်းအတာတစ်ခုအတွင်း ကူးစက်မှုနှုန်း ခုဂဏန်းအထိ ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုရက်ပိုင်းများတွင် တစ်ကျော့ပြန်ကူးစက်မှုများ ဖြစ်ပွားနေခြင်းက စိုးရိမ်ဖွယ်ကောင်းကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Muhyiddinက အောက်တိုဘာ ၆ ရက် ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။

ဆာဘားပြည်နယ်တွင် ယခုကာလများအတွင်း ကူးစက်မှုနှုန်းက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကြောင့်ဖြစ်ကြောင်း၊ ထိုသူများတွင် ကိုဗစ်ကူးစက်သူများက အခြား စခန်းအတွင်း ထိန်းသိမ်းထားသူများနှင့်ဝန်ထမ်းများကို ကူးစက်ရာမှ ရပ်ရွာအတွင်း ကူးစက်ခြင်း ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲကလည်း ရောဂါပျံ့နှံ့မှုကို တိုးပွားစေနိုင်ကြောင်း ဆိုသည်။

ကိုဗစ်ကူးစက်ထားသူဝန်ကြီးတစ်ဦးနှင့်အတူ အစည်းအဝေးပါဝင်တက်ရောက်ခဲ့ခြင်းကြောင့် Muhyiddinသည် ယခုအခါ အိမ်တွင် ၁၄ ရက်ကြာ သီးခြားခွဲနေလျက်ရှိကြောင်း သိရသည်။

စီးပွားရေးနှင့်လူမှုဘဝနေထိုင်မှုများ သက်ရောက်မှုမရှိစေရန် လက်ရှိအနေအထားတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ လော့ခ်ဒေါင်း လုပ်မည်မဟုတ်သော်လည် ကျန်းမာရေးဝန်ကြီးဌာန၏ အကြံပြုချက်ဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Muhyiddinက ဆိုသည်။

အစိုးရအနေဖြင့် ပြည့်စုံသည့်ပြင်ဆင်မှုများနှင့် အရင်းအမြစ်များရှိသောကြောင့် ကပ်ရောဂါကို နောက်ထပ်တစ်ကြိမ် ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဆာဘား ပြည်နယ်ရှိ Kalimantanကျွန်းရှိ နှင့် မလေးကျွန်းဆွယ်ရှိ မနီလာမြို့ကြားတွင် ကုန်းတွင်းဆက်သွယ်မှု မရှိသောကြောင့် ခရီးသွားများအနေနှင့် အဓိကအားဖြင့် လေယာဉ်ဖြင့်သာ သွားလာကြသည်။

မလေးရှားအစိုးရက ဆာဘားပြည်နယ်မှ အခြားဒေသများသို့သွားရေက်သူများအားလုံးကို ရောက်ရှိရာလေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် တောင်းဆိုထားကြောင်း သိရသည်။ အောက်တိုဘာ ၁၂ ရက်မှ ၂၅ ရက်တွင် အရေးပေါ်အခြေအနေနှင့် လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများမှအပ ဆာဘားပြည်နယ်ရှိ ပြည်သူများကို ပြည်တွင်းအခြားနေရာများသို့ သွားလာခြင်းမပြုရန် ကန့်သတ်ချက်အား အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ထပ်မံကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)  

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.